ယူရိုပါလိဂ်ဗိုလ်လုပွဲအကြောင်း သိကောင်းစရာများ

ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း အင်္ဂလန်ကလပ်အသင်းနှစ်သင်းဖြစ်တဲ့ ချယ်လ်ဆီး နဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားသွားကြရမှာပါ။ ဒီပွဲနဲ့ ပတ်သက်တဲ့ သိထားသင့်တဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။  ဘယ်အချိန်ကစားမှာလဲ ဒီပွဲကိုတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် ကျင်းပသွားမှာပါ။ ယူရိုပါလိဂ်ဗိုလ်လုပွဲရဲ့ (၁၀) ကြိမ်မြောက်ဖြစ်ပြီး ဥရောပရဲ့ ဒုတိယမြောက်အဆင့်အမြင့်ဆုံး ဗိုလ်လုပွဲအနေနဲ့တော့ (၄၈)ကြိမ်မြောက်လို့ သိရပါတယ်။ မေလ (၂၉)ရက်နေ့မှာကစားသွားမှာဖြစ်ပြီး မြန်မာစံတော်ချိန် မနက် (၁း၃၀)နာရီမှာပဲ ကစားသွားကြမှာ ဖြစ်ပါတယ်။ …

Read More

လက်ကျန်ဘောလုံးရာသီကို နှုတ်ဆက်သွားခဲ့တဲ့ လူးဝစ္စဆွာရက်ဇ်

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဒူးဒဏ်ရာခွဲစိတ်ကုသရမယ့် အနေအထားနဲ့ ကြုံတွေ့နေရတာကြောင့် လက်ကျန်လာလီဂါပွဲတွေနဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဆွာရက်ဇ်အနေနဲ့ ဒူးဒဏ်ရာရရှိထားပြီး ခွဲစိတ်ကုသရမယ်လို့ ကလပ်အသင်းဘက်ကလည်း အတည်ပြုကြေညာခဲ့လို့ ဆွာရက်ဇ်အတွက် ဒီနှစ်ဘောလုံးရာသီက ပြီးဆုံးသွားတော့မှာလည်း ဖြစ်ပါတယ်။ ဒဏ်ရာခွဲစိတ်ကုသပြီးပါက ဆွာရက်ဇ်အနေနဲ့ ကာလအတန်ကြာအနားယူရမှာဖြစ်ပြီး စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို ပါဝင်ကစားနိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ဒီရာသီမှ ဘာစီလိုနာအတွက် သွင်းဂိုး (၂၅)ဂိုး ရယူပေးထားတဲ့ ဆွာရက်ဇ်ဟာ …

Read More

စပါးကို အနိုင်ကန်ပြီး သူတို့ကို ကယ်တင်ပေးဖို့ ချိန်ဘာလိန်ကို တောင်းဆိုခဲ့တဲ့ အာဆင်နယ်ပရိသတ်များ

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို စပါးအသင်း တက်ရောက်သွားခဲ့ပြီးနောက်မှာ အာဆင်နယ်ပရိသတ်တွေဟာ စပါးကိုအနိုင်ကစားပေးဖို့ လီဗာပူးလ်ကစားသမား ချိန်ဘာလိန်ကို တောင်းဆိုသွားခဲ့ကြပါတယ်။ ချိန်ဘာလိန်ဟာ အာဆင်နယ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၂)နှစ်ဆက်တိုက် တက်ရောက်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ အာဆင်နယ် နဲ့ စပါးတို့ကတော့ လန်ဒန်မြောက်ပိုင်းမှာ ပြိုင်ဆိုင်မှုကြီးမားတဲ့ မြို့ခံပြိုင်ဘက်တွေဖြစ်ပြီး စပါးအသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုက အာဆင်နယ်ပရိသတ်တွေအတွက်တော့ နာလိုခံခက်ဖြစ်ခဲ့ရပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တစ်ကြိမ်တက်ေ၇ာက်ထားရောက် ဖူးတဲ့အသင်းဖြစ်ပြီး အခုအခါမှာ …

Read More

ယူရိုပါလိဂ်ဖိုင်နယ်က သူ့အတွက် နောက်ဆုံးပွဲလို့ သုံးနှုန်းသွားခဲ့တဲ့ ဟာဇက်

ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့အပြီးမှာ ချယ်လ်ဆီးအသင်းရဲ့ အားထားရတဲ့ ကစားသမား အီဒင်ဟာဇက်က ယူရိုပါလိဂ်ဖလားကို ချယ်လ်ဆီးအသင်း ရရှိအောင် စွမ်းဆောင်ပေးမယ်လို့ ပြောဆိုခဲ့ပြီး သူ့ရဲ့အနာဂတ်ကိုပါ အရိပ်အမြွက်ပြောဆိုသွားခဲ့ပါတယ်။ ဖရန့်ဖတ်နဲ့ နှစ်ကျော့ပေါင်း (၂)ဂိုးစီ သရေကျခဲ့အပြီးမှာ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ချယ်လ်ဆီးက အနိုင်ရရှိခဲ့ပါတယ်။ ဒီရာသီမှာ ချယ်လ်ဆီးအတွက် ဟာဇက်က အထူးခြေစွမ်းပြကစားပေးနေခဲ့ပြီး အမှတ်ပေးဇယားအဆင့် (၃)နေရာကို ရရှိအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ ဟာဇက်က အသင်းကို …

Read More

ယူနိုက်တက်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လုခ်ရှော ဆွတ်ခူး

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ လုခ်ရှောဟာ အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ အသက် (၂၃)နှစ်အရွယ် နောက်ခံလူဟာ ဒီရာသီမှာ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေနဲ့ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက်မှာ ပရိသတ်တွေရဲ့ ရွေးချယ်မှု၊ အသင်းဖော်အချင်းချင်းရွေးချယ်မှုနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပါရဲရားရဲ့ သွင်းဂိုးကတော့ အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အရန်အသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် တာဟစ်ချောင်က ရွေးချယ်ခံခဲ့ရတယ်လို့ သိရပြီး …

Read More

သောကြာနေ့ နံနက်ပိုင်းအတွက် အားကစားသတင်းတိုများ စုစည်းမှု

သောကြာနေ့ နံနက်ပိုင်းအတွက် အားကစားသတင်းတိုများကို စုစည်းပေးထားပါတယ်။ ချန်ပီယံလိဂ်ကနေ အံ့အားသင့်ဖွယ် ထွက်ခွာခဲ့ရပြီးနောက် ဘာစီလိုနာအသင်းဟာ ကစားသမား (၁၀)ဦးအထိ အသင်းကနေ ထွက်ခွာသွားဖို့အတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘိုတန်၊ မူရီလိုတို့ကို အငှားခေါ်ယူထားခဲ့ပြီးနောက် မူလကလပ်အသင်းတွေဆီကို ပြန်လည် ပို့ဆောင်သွားမယ်လို့ သိရပြီး ဗာမယ်လန်ကိုလည်း စာချုပ်သစ်ထပ်ချုပ်မှာမဟုတ်တော့ပါဘူး။ ဆီလက်ဆန်အတွက် ယူရိုသန်း(၃၀)ရရင် ရောင်းချသွားမှာဖြစ်ပြီး မယ်လ်ကွန်အတွက်လည်း ယူရို (၃၅)သန်းအလိုရှိနေပါတယ်။ ကော်တင်ဟို၊ …

Read More

ရှုံးပွဲအတွက် ပြစ်တင်ခံရမှုတွေကို မက်ဆီလည်း ရသင့်ပါတယ်လို့ ပြောခဲ့တဲ့ ရိုနယ်ဒို

ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရိုနယ်ဒိုက မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကျဆုံးခဲ့မှုမှာ အခြားသော ကစားသမားတွေနည်းတူး ပြစ်တင်ဝေဖန်မှုတွေကို မျှဝေခံယူရမယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပထမအကျော့မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပေမယ့်လည်း ဒုတိယအကျော့မှာတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ လီဗာပူးလ်က (၄-၀)နဲ့ ပြန်လည်အနိုင်ယူကာ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီး ဘာစီလိုနာကို ဆီမီးဖိုင်နယ်အဆင့်ကနေ လှည့်ပြန်စေခဲ့ပါတယ်။ အဆိုပါပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကော်တင်ဟိုဟာ ဝေဖန်ပြစ်တင်မှုတွေ အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ ဘရာဇီးလ်ကြယ်ပွင့် …

Read More

ယူရိုပါလိဂ်မှာလည်း All English Final ပွဲကို ကြည့်ရတော့မယ်

ဒီမနက်က ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ချယ်လ်ဆီးက ဖရန့်ဖတ်ကို ပယ်နယ်တီအဆုံးအဖြတ် နဲ့ အနိုင်ရကပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ အာဆင်နယ်ကလည်း အဝေးကွင်းမှာ ဗလန်စီယာကိုထပ်မံအနိုင်ယူပြီးတော့ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့လို့ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းနှစ်သင်း ဆုံတွေ့နေကြပြီလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ အိမ်ကွင်းမှာ လော့တပ်ချိခ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့ပေမယ့် ဖရန့်ဖတ်ရဲ့ လူငယ်တိုက်စစ်မှူး လူကာဂျိုဗစ်က ပြန်လည်ချေပသွားခဲ့လို့ တစ်ဖက်တစ်ဂိုးစီဖြစ်ခဲ့ပါတယ်။ …

Read More