အက်သလက်တီကိုက ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့တဲ့ ဂရစ်မန်းဇ်

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး အန်တိုနီယိုဂရစ်မန်းဇ်က လာမယ့်ရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုပြောဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာကို ဂရစ်မန်းဇ်က ပေါင် (၁၀၄)သန်းနဲ့ ပြောင်းရွှေ့တော့မယ်လို့လည်း သိရပြီး နောက်ဆုံးမှာတော့ ဘာစီလိုနာဟာ သူတို့အလိုချင်ဆုံးကစားသမားတစ်ဦးကို ခေါ်ယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။ အင်္ဂါနေ့မှာ အက်သလက်တီကိုနည်းပြ ဆီမြွန်နီနဲ့ ဂရစ်မန်းဇ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်မှာ ဂရစ်မန်းဇ်က အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီး ခွင့်ပြုချက်ရအပြီးမှာ လူသိရှင်ကြားကြေညာပြောဆိုသွားခဲ့တာလည်း …

Read More

အသင်းဥက္ကဌရဲ့ ထောက်ခံမှုနဲ့ ယူနိုက်တက်မှာ ဆက်ရှိနေမယ့် မာရှယ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပူးတွဲဥက္ကဌတစ်ဦးဖြစ်တဲ့ ဂျိုယယ်ဂလေဟာဇာဟာ အသင်းရဲ့ တိုက်စစ်မှူးအန်သိုနီမာရှယ်ကို ယူနိုက်တက်ရဲ့ ပီလီဖြစ်လာစေဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဂျိုယယ်က မာရှယ်ကို နှစ်ခြိုက်အားပေးသူဖြစ်ပြီး သူ့ရဲ့ ရည်ရွယ်ချက်ကြောင့် မာရှယ်ဟာ အသင်းမှာ ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ Mirror ရဲ့ ဖော်ပြချက်အရ ဂျိုယယ်က မာရှယ်ကို အသင်းမှာ ဆက်လက်ထားရှိဖို့ကို ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ကစားသမားရဲ့ကြိုးစားအားထုတ်မှု နဲ့ စိတ်ဓာတ်ပိုင်းအပြုအမူတွေကို …

Read More

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကိုင်တွယ်ဖို့ ယူနိုက်တက်ကို ကွာတားပို့ပေးခဲ့တဲ့ ဒိုင် ရွေးချယ်ခံရ

လီဗာပူးလ်နဲ့ စပါးတို့ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို စလိုဗေးနီးယားလူမျိုး ဒိုင်လူကြီး ဒါမာစကိုမီနာက တာဝန်ယူကိုင်တွယ်သွားမယ်လို့ UEFA က အတည်ပြုသွားခဲ့ပါတယ်။ ဇွန်လ (၁)ရက်နေ့၊ မက်ဒရစ်မှာ ကျင်းပမယ့် ဗိုလ်လုပွဲကို စကိုမီနာက ဒိုင်လူကြီးဘ၀ ပထမဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ကိုင်တွယ်ခွင့်ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။ စကိုမီနာဟာ ၂၀၁၆ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် အေဂျက်ဇ် နဲ့ မန်ချက်စတာယူနိုက်တက်တို့ ကစားခဲ့တဲ့ ပွဲစဉ် …

Read More

လာမယ့်ရာသီအတွက် ပထမဦးစားပေး ဂိုးသမားကို ရွေးချယ်ခဲ့တဲ့ ဇီဒန်း

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ လာမယ့်ရာသီမှာ အသင်းအတွက် ပထမဂိုးသမားက ဘယ်သူလဲဆိုတာကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ ကေလာနာဗက်စ် နဲ့ ကော်တွိုက်စ်တို့ နှစ်ဦးမှာ ဇီဒန်းက ကော်တွိုက်စ်ကို ပထမဦးစားပေးကစားသမားအဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပြီး နာဗက်စ်ဟာ အသင်းကနေ လာမယ့်နွေရာသီမှာ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ ဇီဒန်းက ရီးရဲလ်နည်းပြအဖြစ် တစ်ကျော့ပြန်ပြန်လည်ကိုင်တွယ်ခဲ့ရာမှာ ကော်တွိုက်စ်ကို ဦးစားပေးမရွေးချယ်ခဲ့ပေမယ့်လည်း ရာသီသစ်အတွက်တော့ ပထမဂိုးသမားအဖြစ် သတ်မှတ်လိုက်တာလည်း …

Read More

ရီးရဲလ်ကစားသမား (၃)ဦးကို ယူရိုသန်း (၂၁၀)အထိ ပေးချေခေါ်ယူမယ့် ပီအက်စ်ဂျီ

ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပထမကစားသမား (၃)ဦးကို ယူရိုသန်း (၂၁၀)အထိ ပေးချေပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။ ဥရောပအောင်မြင်မှုကို ရရှိဖို့အတွက် မျှော်လင့်နေတဲ့ ပီအက်စ်ဂျီဟာ လာမယ့်ရာသီမှာလည်း အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး ရီးရဲလ်ကစားသမားတွေကို မျက်စိကျနေတာဖြစ်ပါတယ်။ ဂါရတ်ဘေးလ်၊ အစ္စကို နဲ့ တိုနီခရူးစ်တို့ (၃)ဦးကို ပီအက်စ်ဂျီက …

Read More

ဂျူဗီကြယ်ပွင့် နဲ့ ဆန်းချက်ဇ်ကို အလဲအထပ်ပြုလုပ်ချင်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ကစားသမား အလက်ဆစ်ဆန်းချက်ဇ်နဲ့ ဂျူဗီတိုက်စစ်မှူး ဒီဘာလာတို့ကို အလဲအထပ်ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ဆန်းချက်ဇ်ကို ယူနိုက်တက်က ပြန်လည်ရောင်းချဖို့ စီစဉ်နေပေမယ့် ကစားသမားရဲ့ လစာငွေကြီးမြင့်မှုက သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေအတွက် အခက်အခဲဖြစ်နေခဲ့ပါတယ်။ ဒီအတွက် ယူနိုက်တက်က ဒီဘာလာကို ခေါ်ယူဖို့ ကြိုးစားရာမှာ ဆန်းချက်ဇ်ကို အသုံးချသွားဖို့ မျှော်လင့်နေပြီး ဂျူဗီကလည်း …

Read More

(၁၉) နှစ်ကြာ ကစားခဲ့တဲ့ ရိုးမားကို စွန့်ခွာတော့မယ့် ဒီရော့ဆီ

ရိုးမားအသင်းအတွက် ပွဲအများဆုံးကစားပေးထားမှုမှာ ဒုတိယနေရာရပ်တည်နေခဲ့တဲ့ ၀ါရင့်ကွင်းလယ်လူ ဒီရော့ဆီဟာ ရာသီကုန်မှာ ရိုးမားအသင်းကနေ ထွက်ခွာသွားတော့မယ်လို့ သိရပါတယ်။ မေလ (၂၆)ရက်နေ့မှာ ကစားရမယ့် စီးရီးအေနောက်ဆုံးပွဲစဉ်မှာ ရိုးမားက ပါးမားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာ ဒီရော့ဆီက အသင်းက ထွက်ခွာမှာလည်း ဖြစ်ပါတယ်။ အသက် (၃၅)နှစ်အရွယ် အီတလီနာမည်ကျော်ကွင်းလယ်ကစားသမားဟောင်းကြီးဟာ အသင်းနဲ့ စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့တာကြောင့် (၁၉)နှစ်ကြာ ကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ပါတယ်။ …

Read More

ဝက်ဘရွန်း – ဗီလာ ချန်ပီယံရှစ်ပလေးအော့ ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

ဝက်ဘရွန်းစ်နဲ့ ဗီလာတို့ရဲ့ ချန်ပီယံရှစ်ပလေးအော့ ဒုတိယအကျော့ပွဲကို ဒီနေ့မှာ ကစားတော့မှာ ဖြစ်ပါတယ်။ ပထမအကျော့မှာ ဗီလာက အိမ်ကွင်းမှာ (၂-၁) နဲ့သာ အနိုင်ရထားလို့ ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ဒွိုက်ဂေးလ်က ၀က်ဘရွန်းစ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ဟူရီဟာနီ နဲ့ အေဘရာဟမ်တို့က ဗီလာအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ပွဲကြိုသုံးသပ်ရမယ်ဆိုရင်တော့..။ …

Read More

ပြင်သစ်လိဂ်က ကစားသမား (၂)ဦးကို မျက်စိကျနေပြန်တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြင်သစ်ကလပ် လိုင်လီအသင်းရဲ့ တောင်ပံကစားသမား နီကိုလပ်စ်ပီပီ နဲ့ ပီအက်စ်ဂျီကွင်းလယ်လူ ရာဘီယော့တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ပီပီရဲ့ တောင်ပံတိုက်စစ်ကစားဟန်ကို ဆိုးလ်ရှားက သဘောကျနေပြီးတော့ ခေါ်ယူချင်နေပြီး ရာဘီယော့ကိုတော့ အသင်းကွင်းလယ်ပိုင်းအတွက် အင်အားဖြည့်တင်းဖို့ အလိုရှိနေပါတယ်။ အသက် (၂၃)နှစ်အရွယ် ပီပီဟာ လိုင်လီအတွက် ဒီရာသီ ပွဲပေါင်း (၃၆)ပွဲမှာ သွင်းဂိုး (၂၀) နဲ့ …

Read More

ပေါင်သန်း (၂၀၀)သုံးစွဲပြီး အသင်းကို အင်အားဖြည့်ဦးမယ့် ဂွာဒီယိုလာ

ဂွာဒီယိုလာဟာ လာမယ့်နွေရာသီမှာ အသင်းကို ထပ်မံအင်အားဖြည့်တင်းဖို့အတွက် ပေါင်သန်း (၂၀၀)အထိ သုံးစွဲသွားဖို့ ရည်ရွယ်နေပြီး ကစားသမား (၄)ဦးအထိ ခေါ်ယူသွားဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ မန်စိးတီးကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားနှစ်နှစ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက်မှာ ဂွာဒီယိုလာက အင်အားထပ်မံဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။ ဂွာဒီယိုလာက နောက်ခံလူတစ်ဦး၊ ကွင်းလယ်လူနှစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။ အက်သလက်တီကိုကွင်းလယ်လူ …

Read More