ဆာနေးအတွက် ငွေကြေးအများအပြား ရဖွယ်ရှိနေတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ လီရွိုင်ဆာနေးအတွက် ကြီးမားတဲ့ အကျိုးအမြတ်ကို ရရှိဖွယ်ရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ ဆာနေးအတွက် မန်စီးတီးက ပေါင်သန်း (၉၀)အထိ အလိုရှိနေပြီး ဘိုင်ယန်မြူးနစ်ဘက်ကလည်း အဆိုပါငွေကြေးနဲ့ ကမ်းလှမ်းသွားဖွယ် ရှိတယ်လို့ Goal.com က ဖော်ပြသွားခဲ့ပါတယ်။ ဆာနေးကို ခေါ်ယူဖို့ ဘိုင်ယန်က စိတ်ဝင်စားတယ်လို့ ဘိုင်ယန်ဥက္ကဌ အူလီဟိုးနက်စ်ကလည်း အတည်ပြုပြောဆိုခဲ့ပြီး ရီဘာရီ နဲ့ ရော်ဘင်တို့ ထွက်ခွာသွားခဲ့တဲ့နောက် …

Read More

ယူနိုက်တက်ကစားသမား (၄)ဦးအထိ မကြာခင်မှာ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကစားသမား (၄)ဦးခန့်အထိကို မကြာခင်မှာ ရောင်းထုတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ အများအပြားပြုလုပ်ဖို့ ရည်မှန်းထားတဲ့အတွက် လာမယ့်ရာသီသစ်မှာ ဆိုးလ်ရှားက ကစားသမားရောင်းချမှုတွေ၊ ခေါ်ယူမှုတွေကို စတင်လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။ Mirror ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ လူကာကူကို ရောင်းထုတ်သွားဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ ယူနိုက်တက်အတွက် ပြီးခဲ့တဲ့ရာသီက သွင်းဂိုးပေါင်း (၁၅)ဂိုးအထိ …

Read More

ကန်ဆယ်လိုကို ပေါင်(၅၂)သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ ဂျူဗင်တပ်စ်ညာနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူနိုင်ဖို့အတွက် နီးစပ်နေပြီလို့ သိရပါတယ်။ အသက်(၂၄)နှစ်အရွယ် ညာနောက်ခံလူအတွက် မန်စီးတီးက ပေါင် (၅၂)သန်းအထိ ပေးချေသွားရဖွယ်ရှိတယ်လို့လည်း သိရပြီး ကန်ဆယ်လိုကို ယူနိုက်တက်က စိတ်ဝင်စားနေချိန်မှာ မန်စီးတီးက လက်ဦးမှုရယူနိုင်တော့မှာ ဖြစ်ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ နွေရာသီကမှ ဂျူဗီကိုရောက်ရှိလာခဲ့တဲ့ ကန်ဆယ်လိုဟာ တစ်ရာသီအတွင်းမှာပဲ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကြောင့် …

Read More

ဒီဂီယာထွက်သွားခဲ့ရင် ပထမဂိုးသမား ဘယ်သူလဲဆိုတာ ဆုံးဖြတ်ခဲ့တဲ့ ဆိုးလ်ရှား

အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ ဒီဂီယာသာ အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် ပထမဂိုးသမားအဖြစ် ဘယ်သူ့ကို ပေးအပ်သွားမလဲဆိုတာကို ဆိုးလ်ရှားက ရွေးချယ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ယူနိုက်တက်နဲ့ ဒီဂီယာတို့ကြားမှာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုမှာ ပါဝင်တဲ့ လုပ်ခလစာအပေါ် ဒီဂီယာက မကျေမနပ်ဖြစ်ခဲ့ပြီး ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဒီဂီယာကတစ်ပတ်ပေါင် (၅)သိန်းအထိ အလိုရှိနေပေမယ့် ကလပ်အသင်းက ပေါင်(၃၅၀၀၀၀)နဲ့သာ ကမ်းလှမ်းခဲ့တာလည်း …

Read More

ဘလွန်းဒီအောဆုကို မက်ဆီထက် ရော်နယ်ဒိုပဲ ပိုရသင့်တယ်လို့ ပြောခဲ့တဲ့ ကာဟေးလ်

သြစတြေးလျဂန္ထ၀င်ကားသမား တင်မ်ကာဟေးလ်က ၂၀၁၉ အတွက် ဘလွန်းဒီအောဆုကို မက်ဆီထက် ရော်နယ်ဒိုက ပိုမိုထိုက်တန်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မက်ဆီက ခြေစွမ်းပြကစားပြီး ဂိုးအများအပြားသွင်းယူနိုင်ခဲ့ပေမယ့် ကာဟေးလ်ကတော့ ရော်နယ်ဒိုကိုသာ အားပေးထောက်ခံသွားခဲ့တာလည်း ဖြစ်ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ဟာ ဘလွန်းဒီအောဆုကို (၅)ကြိမ်စီ ဆွတ်ခူးထားသူတွေဖြစ်ပြီး ဒီနှစ်အတွက် သူတို့နှစ်ဦးထဲက တစ်ဦးသာ ရရှိခဲ့မယ်ဆိုရင် (၆)ကြိမ်မြောက်ရရှိမှုအဖြစ် စံချိန်တင်နိုင်မှာလည်း ဖြစ်ပါတယ်။ …

Read More

ကာဒစ်ကို မပြောင်းရွှေ့ချင်ဘူးလို့ သူငယ်ချင်းကို ရင်ဖွင့်ခဲ့တဲ့ ဆာလာ

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဆာလာဟာ သူ့အနေနဲ့ ကာဒစ်အသင်းကို မပြောင်းရွှေ့ချင်ဘူးလို့ သူ့ရဲ့ သူငယ်ချင်းတွေကို WhatApp ကတဆင့် ပြောဆိုခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်သစ်ကလပ်နန့်တက်စ်ကနေ ကာဒစ်ကိုပြောင်းရွှေ့ဖို့အလာ အင်္ဂလိပ်ရေလက်ကြားမှာ လေယာဉ်ပျက်ကျကာ သေဆုံးခဲ့သူ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျမှုမဖြစ်ခင် (၂)ပတ်အလိုမှာ သူ့သူငယ်ချင်းကို ဆာလာက မက်ဆေ့ဂ်ျပေးပို့ပြောဆိုခဲ့တာဖြစ်ပြီးတော့ နေးဝါးနော့ရဲ့ အသင်းကို ပြောင်းရွှေ့ချင်စိတ်မရှိဘူးလို့ ဆာလာက ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။ …

Read More

အင်တာနည်းပြဖြစ်လာပါက ယူနိုက်တက်တိုက်စစ်မှူးကို ၀ယ်ယူမယ့် ကွန်တီ

အန်တိုနီယိုကွန်တီက အင်တာမီလန်နည်းပြသစ်အဖြစ် တာဝန်ယူခဲ့မယ်ဆိုရင် သူ့ရဲ့ ပထမဆုံးခေါ်ယူမှုအဖြစ် ယူနိုက်တက်တိုက်စစ်မှူးလူကာကူကို ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ ချယ်လ်ဆီးကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ ကွန်တီဟာ လာမယ့်ရာသီမှာ အင်တာနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေပြီး စပယ်လက်တီရဲ့နေရာကို အစားထိုးဝင်ရောက်ရမှာဖြစ်ပါတယ်။ လူကာကူကို ခေါ်ယူဖို့ ချယ်လ်ဆီးနည်းပြဘ၀မှာကတည်းက ကွန်တီက ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်က လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။ ကွန်တီအနေနဲ့ အင်တာနည်းပြအဖြစ် စီးရီးအေနောက်ဆုံးပွဲတွေအပြီးမှာ ခန့်အပ်ခံရဖွယ်ရှိပြီး အင်တာမီလန်က အမ်ပိုလီနဲ့ …

Read More

ကြာသပတေးနေ့နံနက်ပိုင်းအတွက် အားကစားသတင်းများ စုစည်းမှု

ကြာသပတေးနေ့နံနက်ပိုင်းအတွက် အားကစားသတင်းများကို စုစည်းပေးထားပါတယ်။ တော့တင်ဟမ်အသင်းဟာ လိဒ်ယူနိုက်တက်တောင်ပံကစားသမား ဂျက်ကလက်ခ်အတွက် ပေါင် (၁၀)သန်းနဲ့ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အသက် (၁၈)နှစ်အရွယ် လူငယ်ကစားသမားဟာ ချန်ပီယံရှစ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပရီးမီးယးလိဂ် အသင်းအများအပြားက ခေါ်ယူဖို့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ မာဆေးလ်အသင်းကွင်းလယ်လူ ကီဗင်စထရုမန်းကို ယူနိုက်တက်၊ အဲဗာတန်နဲ့ ၀က်စ်ဟမ်းတို့က ခေါ်ယူဖို့အတွက် ကမ်းလှမ်းထားတယ်လို့ …

Read More

ဆန်ချိုကို ခေါ်ယူမယ့် စီမံကိန်းကို လက်လျှော့လိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီလို့ သိရပါတယ်။ ဆန်ချိုကို ယူနိုက်တက်က ကာလရှည်စိတ်ဝင်စားနေခဲ့ပြီး စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဒေါ့မွန်နဲ့ ယူနိုက်တက်တို့ကြားမှာ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းလို့မရခဲ့တာကြောင့် ယူနိုက်တက်ဘက်က လက်လျှော့လိုက်ပြီလို့ ESPN က ဖော်ပြခဲ့ပါတယ်။ အသင်းကို လူငယ်ကစားသမားတွေနဲ့ တည်ဆောက်သွားဖို့ ဆိုးလ်ရှားရဲ့ လက်ထောက်နည်းပြမိုက်ဖီလန်က တိုက်တွန်းခဲ့ပြီးနောက် ဆိုးလ်ရှားက ဈေးကွက်အတွင်းမှာ လူငယ်ကစားသမားတွေကိုပဲ …

Read More

စပါးကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်စေချင်နေတဲ့ အီဝိုဘီ

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ အီဝိုဘီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်အသင်းကို အရေးနိမ့်စေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ စပါးနဲ့ အာဆင်နယ်တို့ကြားမှာ ရှိတဲ့ အငြိုးအတွေးတွေ၊ အမုန်းတရားတွေက ပြင်းထန်နေခဲ့တာဖြစ်ပြီး နှစ်ဖက်ပရိသတ်တွေကြားမှာလည်း အသင်းရဲ့အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီးတော့ အမြဲတစေ အပြန်အလှန် လှောင်ပြောင်တိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။ တစ်သင်းနဲ့တစ်သင်း တွေ့ဆုံချိန်တိုင်းမှာ အာဆင်နယ်ပရိသတ်တွေက စပါးအသင်းရဲ့ ဆုဖလားငတ်မွတ်မှုတွေအပေါ်မှာ လှောင်ပြောင်မှုတွေ ရှိခဲ့ကြပါတယ်။ ဒီဘက်နောက်ပိုင်းမှာ စပါးက အာဆင်နယ်ရဲ့အထက်မှာ …

Read More