ဟာဇက်ထွက်ခွာမှာကို သူ သိနေခဲ့တယ်လို့ ၀န်ခံလိုက်တဲ့ ဆာရီ

ချယ်လ်ဆီးကနေ ဟာဇက်ထွက်ခွာမယ်ဆိုတာကို သူသိနေခဲ့တယ်လို့ အသင်းနည်းပြ ဆာရီက ယူရိုပါလိဂ်ဖလားဆွတ်ခူးအပြီးမှာ ပြောဆိုလိုက်ပါတယ်။ ဟာဇက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အသင်းအတွက် (၂)ဂိုးသွင်းယူပေးခဲ့ပြီး ယူရိုပါလိဂ်ဖလားရရှိအောင် ကူညီနိုင်ခဲ့ကာ ဆာရီအတွက်လည်း ချယ်လ်ဆီးနည်းပြဘ၀ ပထမဆုံးရာသီမှာပဲ အဓိကဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဟာဇက်ကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာတော့မယ်လို့ ပွဲအပြီးမှာ အတည်ပြုသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို လာမယ့်ရက်အနည်းငယ်အတွင်းမှာ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ဆာရီက ဟာဇက်ကို အသင်းမှာ …

Read More

မက်ဒရစ်ကို ထွက်ခွာခဲ့တဲ့ စပါးလူစာရင်းမှာ တိုက်စစ်မှူးဟယ်ရီကိန်း ပါဝင်ခဲ့

ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် မက်ဒရစ်ကို ထွက်ခွာသွားခဲ့တဲ့ စပါးအသင်းရဲ့ လူစာရင်းမှာ တိုက်စစ်မှူးဟယ်ရီကိန်း နဲ့ ကွင်းလယ်လူ ဟယ်ရီဝင့်ခ်တို့ ပါဝင်သွားခဲ့ကြတယ်လို့ သိရပါတယ်။ လီဗာပူးလ်နဲ့ ကစားရမယ့်ပွဲအတွက် စပိန်ကို ထွက်ခွာခဲ့တာဖြစ်ပြီးတော့ အားထားရတဲ့ တိုက်စစ်မှူးကိုပါ ခေါ်ယူသွားနိုင်ခဲ့လို့ စပါးအတွက်တော့ အားတက်စရာဖြစ်ခဲ့ရပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဧပြီလအတွင်းက စပြီး စပါးအတွက် မကစားပေးနိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအမီ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တာလည်း ဖြစ်ပါတယ်။ အသင်းသမိုင်းတစ်လျှောက်မှာ …

Read More

(၁၁) နှစ်အတွင်း ဥရောပပြိုင်ပွဲတစ်ခုမှာ ရှုံးပွဲမရှိဗိုလ်စွဲခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာတဲ့ ချယ်လ်ဆီး

ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာ ချယ်လ်ဆီးဟာ ဒီရာသီ ယူရိုပါလိဂ်ဖလားပြိုင်ပွဲမှာ ရှုံးပွဲလုံးဝမရှိပဲ ဗိုလ်စွဲခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တွေကစပြီး ဗိုလ်လုပွဲအထိ ချယ်လ်ဆီးက လုံးဝရှုံးပွဲမရှိခဲ့တာ ဖြစ်ပြီး ၂၀၀၇-၀၈ ဘောလုံး ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရှုံးပွဲမရှိစံချိန်နဲ့ ဗိုလ်စွဲခဲ့တဲ့ ယူနိုက်တက်ရဲ့ စံချိန်ကို လိုက်မီသွားခဲ့တာ ဖြစ်ပါတယ်။ (၁၁)နှစ်တာကာလအတွင်း ဥရောပအဆင့်ပြိုင်ပွဲတစ်ခုမှာ ရှုံးပွဲမရှိပဲ ဗိုလ်စွဲခဲ့တဲ့ ပထမဆုံးအသင်းအဖြစ်လည်း ချယ်လ်ဆီးက မှတ်တမ်းဝင်ခဲ့တာ …

Read More

ချယ်လ်ဆီးအတွက် ယူရိုပါလိဂ်ဖလားဆွတ်ခူးပေးပြီး နှုတ်ဆက်စကားဆိုခဲ့တဲ့ ဟာဇက်

ချယ်လ်ဆီးက အာဆင်နယ်ကို (၄-၁) နဲ့ အနိုင်ရဗိုလ်စွဲခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးခဲ့တဲ့ ဟာဇက်က အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးအတွက် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ခြေစွမ်း ပြကစားပေးခဲ့ပြီးနောက်မှာ ဟာဇက်က အတည်ပြုပြောဆိုခဲ့တာဖြစ်ပြီး ရက်အနည်းငယ်အကြာမှာ အပြောင်းအရွှေ့ကို ထုတ်ဖော်ကြေညာသွားမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့တော့မယ်လို့ သတင်းကြီးနေခဲ့ပြီးနောက်မှာ ဟာဇက်က ပထမဆုံးအကြိမ်အဖြစ် အသင်းကနေ ထွက်ခွာတော့မယ်လို့ …

Read More

ကြီးမားတဲ့ဂိုးပြတ်ရလဒ်နဲ့အတူ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးခဲ့တဲ့ ချယ်လ်ဆီး

ယူရိုပါလိဂ်ဗိုလ်လုပွဲကို ဒီနေ့နက်အစောပိုင်းက ကစားခဲ့ရာမှာ ချယ်လ်ဆီးက ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကြောင့် (၄-၁) နဲ့ ဂိုးပြတ်အနိုင်ရကာ ဗိုလ်စွဲသွားခဲ့ပါတယ်။ လန်ဒန်အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာတော့ ချယ်လ်ဆီးက အသာစီးရရှိခဲ့ပြီး ယူရိုပါလိဂ်ဖလားကို (၂)ကြိမ်မြောက်ဆွတ်ခူးခဲ့ကာ အာဆင်နယ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ဆုံးရှုံးခဲ့ရလို့ တော်တော်လေးနစ်နာခဲ့ရတဲ့ ရှုံးပွဲဖြစ်ခဲ့ပါတယ်။ ဒနှစ်သင်းစလုံးမှာ ဒဏ်ရာရကစားသမားတွေကလွဲကာ အဓိကကစားအားလုံး အစုံအလင်ပါဝင်ခဲ့ပြီး ချယ်လ်ဆီးမှာလည်း ကန်တေ ပြန်လည်ပါဝင်လာခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ပွဲအစပိုင်းမှာ …

Read More

ဇွန်လ (၃)ရက်နေ့မှာ ဟာဇက်ကို မိတ်ဆက်ပွဲပြုလုပ်ပေးဖို့ စီစဉ်ထားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန်သတင်းစာ AS ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးကစားသမား အီဒင်ဟာဇက်ကို ဇွန်လ (၃)ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်က မိတ်ဆက်ပွဲပြုလုပ်ပေးထားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဒီနေ့မှာ ချယ်လ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကြား ဟာဇက်အတွက် ပြောင်းရွှေ့ကြေးသဘောတူညီမှု ရရှိခဲ့တဲ့ သတင်းများစွာ ထွက်ပေါ်နေခဲ့ပြီးနောက်မှာ အခုသတင်းက ထပ်မံထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်ကို ပြောင်းရွှေ့ကြေးပေါင် (၁၁၅)သန်း၊ တစ်ပတ်လုပ်ခ ပေါင် (၄)သိန်းနဲ့ ဟာဇက်က …

Read More

လေ့ကျင့်ကွင်းက အိုဇေးလ်ရဲ့ လွဲချော်မှုကြောင့် စိတ်ပူနေကြတဲ့ အာဆင်နယ်ပရိသတ်များ

အာဆင်နယ်အသင်းဟာ ဒီနေ့ညမှာ ကစားရမယ့် ယူရိုပါလိဂ်ပွဲအတွက် အဇာဘိုင်ဂျန်ကို ရောက်ရှိနေပြီး ကြိုတင်လေ့ကျင့်မှုတွေကို ပြုလုပ်နေခဲ့ပါတယ်။ အဆိုပါလေ့ကျင့်ခန်းအစီအစဉ်မှာ ပွဲကစားချိန်အတွင်း ရင်ဆိုင်ရနိုင်တဲ့ ပယ်နယ်တီအဆုံးအဖြတ်ခံယူရမယ့် အခြေအနေအတွက် အာဆင်နယ်အသင်းသားတွေက ပယ်နယ်တီကန်သွင်းမှုပါ လေ့ကျင့်ခဲ့ကြပါတယ်။ အဆိုပါလေ့ကျင့်မှုဟာ အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ပယ်နယ်တီကန်သွင်းခဲ့ရာမှာ မိုးပေါ်ထောင်ကန်ခဲ့ပြီး ဂိုးပေါက်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဂိုးသမားက ကာကွယ်ဖို့ ခန့်မှန်းခဲ့ရာမှာ မှားယွင်းခဲ့ပေမယ့်လည်း အိုဇေးလ်ရဲ့ ကန်သွင်းချက်က တော်တော်လေးကို …

Read More

ဒီဘာလာကို ပေါင်သန်း (၈၀)နဲ့ ကမ်းလှမ်းလိုက်တဲ့ ဥရောပထိပ်သီးကလပ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ပေါ်လိုဒီဘာလာကို ပေါင်သန်း (၈၀)နဲ့ ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ Corriere dello Sport ရဲ့ ဖော်ပြချက်အရ ဒီဘာလာအတွက် ဘိုင်ယန်က ပထမဆုံးအကြိမ်စတင်ပြီး ချဉ်းကပ်ခဲ့တာဖြစ်ပြီး ဂျူဗီမှာ အထိုင်မကျဖြစ်နေတဲ့ ဒီဘာလာကို ခေါ်ယူနိုင်ဖို့ ကြိုးစားလာပြီလည်း ဖြစ်ပါတယ်။ ဒီဘာလာဟာ ဂျူဗီမှာ အကန့်အသတ်နဲ့သာ ပွဲထွက်ခွင့်ရရှိနေသူဖြစ်ပြီး ရော်နယ်ဒိုရောက်ရှိလာပြီးနောက်မှာ ဦးစားပေးတိုက်စစ်မှူးအဖြစ်ကနေ ဖယ်ရှားခံခဲ့ရသူလည်း …

Read More

ပတ်ဂျီဆန်ကို လေးစားအားကျပြီး စိတ်ပိုင်းဆိုင်ရာခွန်အား ရယူထားတယ်ဆိုတဲ့ ဆွန်ဟောင်မင်

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ စူပါစတားကစားသမား ဆွန်ဟောင်မင်က ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် လီဗာပူးလ်နဲ့ ကစားရမယ့် ပွဲမှာ ယူနိုက်တက်ကစားသမားဟောင်း ပတ်ဂျီဆန်ဆီကနေ စိတ်ဓာတ်ခွန်အားတွေ ရယူထားတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်က ပတ်ဂျီဆန်ရဲ့ အရည်အသွေးအပေါ်ကိုလည်း ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဒီရာသီမှာ စပါးအတွက် အကောင်းဆုံးကစားပေးခဲ့ပြီးနောက် ဆွန်ဟောင်မင်ဟာ တော့တင်ဟမ်ဟော့စပါးရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိအောင်လည်း ပို့ဆောင်ပေးထားကာ ဆုဖလားမျှော်လင့်နေနိုင်ပြီလည်း …

Read More

နေမာကို ပြန်လည်ခေါ်ယူဖို့ ကော်တင်ဟိုကို အလိုက်ပေးကမ်းလှမ်းသွားမယ့် ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးဟောင်းနေမာကို ပြန်လည်ခေါ်ယူဖို့အတွက် ကော်တင်ဟိုနဲ့ အလိုက်ပေးကာ ပီအက်စ်ဂျီအသင်းကို ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးလ်ကနေ ကော်တင်ဟိုကို ပေါင် (၁၄၂)သန်းနဲ့ ၀ယ်ယူထားခဲ့တဲ့ ကော်တင်ဟိုဟာ နူးကမ့်မှာ ခြေစွမ်းမပြနိုင်ခဲ့ပြီးနောက်မှာ ဘာစီလိုနာက ပြန်လည်ရောင်းထုတ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ကော်တင်ဟိုကို ယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့ကလည်း စိတ်ဝင်စားနေခဲ့ပေမယ့် Daily Record ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက နေမာကို …

Read More