တူချယ်လ် ရဲ့စွမ်း‌ဆောင်မှုကို စာချုပ်သစ်နဲ့ အသိမှတ်ပြုဖို့ ရှိနေတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီး အသင်းဟာ ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးနေတဲ့ နည်းပြ တူချယ်လ် ကို အခုရာသီအကုန်မှာ (၃)နှစ်စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ နည်းပြ လမ်းပတ်နေရာမှာ အစားထိုးဝင်ရောက်ခဲ့တဲ့ တူချယ်လ် ဟာ ချယ်လ်ဆီး အသင်းကို ပရိသတ်‌တွေကျေနပ်စေမယ့် ရလဒ်ကောင်းတွေ ရရှိအောင် ကိုင်တွယ်ထားတာဖြစ်ပါတယ်။ တူချယ်လ် ဟာ ချယ်လ်ဆီး အသင်းကို …

Read More

လီဗာပူးလ် အတွက်ဝမ်းသာစရာ နယ်သာလန်အတွက် ဝမ်းနည်းစရာစကားဆိုခဲ့တဲ့ ဗန်ဒိုက်

လီဗာပူးလ် အသင်းနောက်ခံလူ ဗန်ဒိုက်ကတော့ သူ့ရဲ့ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ပြန်လည်သက်သာအောင် ပြုလုပ်နေရတာကြောင့် နယ်သာလန်လက်ရွေးစင် အသင်းနဲ့ အတူ ယူရို(၂၀၂၀) ပြိုင်ပွဲကို ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ အတည်ပြုပြောဆိုလိုက်ပါတယ်။ဗန်ဒိုက် ဟာ အဲဗာတန် အသင်းဂိုးသမား ပစ်ဖိုဒ့်ရဲ့ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲက အနားယူခဲ့ရတာဖြစ်ပါတယ်။အခုအချိန်မှာတော့ ဗန်ဒိုက် ဟာ ဒဏ်ရာကပြန်လည်သက်သာလာပြီး အပေါ့စားလေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ အဲဒါကြောင့် နယ်သာလန် အသင်းနဲ့အတူ …

Read More

အသက်(၂၀)အရွယ်မှာပဲ ရော်နယ်ဒို၊လမ်းပတ်တို့နဲ့ EPLဖလားရတဲ့အရေအတွက်တူခဲ့တဲ့ ဖိုဒန်

မန်စီးတီး အသင်းကတော့ ဒီမနက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းက လက်စတာ အသင်းကို အရေးနိမ့်သွားခဲ့တာကြောင့် အခုနှစ်ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရရှ်ိသွားခဲ့ပြီဖြစ်ပါတယ်။မန်စီးတီး အသင်းကတော့ အခုတစ်ကြိမ်အပါအဝင် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို (၇)ကြိမ်မြောက် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီရာသီ မန်စီးတီး အသင်း ပရီးမီးယားလိဂ် ဖလားရယူရာမှာ အဓိက ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ …

Read More

ယူရိုပြိုင်ပွဲမတိုင်ခင် ဆန်ချိုရဲ့အပြောင်းအရွှေ့ကို အပြီးသတ်ချင်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒေါ့မွန် အသင်း တောင်ပံကစားသမား ဆန်ချို ကို လာမယ့်နွေရာသီမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲမတိုင်ခင်မှာ အပြီးသတ်ခေါ်ယူချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီထဲက ဆန်ချိုကို ခေါ်ယူဖို့ အပြင်းအထန်ချိတ်ဆက်ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်ဖို့ နီးစပ်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေးကြောင့် အဆင်မပြေခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီတုန်းက ဒေါ့မွန် အသင်းဟာ ဆန်ချို ကို ပေါင်(၁၀၈)သန်း ဈေးသတ်မှတ်ခဲ့တာဖြစ်ပါတယ်။Bild သတင်းရဲ့ဖော်ပြချက်မှာတော့ …

Read More

ဘရူနို မရှိမှ ပေါ်တူဂီ ချန်ပီယံဘွဲ့ကို ရှုံးပွဲမရှိစံချိန်နဲ့ ယူလိုက်တဲ့ စပို့တင်း

စပို့တင်းလစ္စဘွန်း အသင်းကတော့ ဒီမနက်ပိုင်းကစားခဲ့တဲ့ ပေါ်တူဂီလိဂ်ပွဲစဉ်မှာ ဘိုအာဗစ်စတာ အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး အမှတ် ပေးချန်ပီယံ‌ဆုကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။စပို့တင်း အသင်းအတွက် တစ်လုံးထဲသောဂိုးကို ဒီယက်စ်ဖာနန်ဒက်စ် က သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။စပို့တင်း အသင်းအတွက်တော့ ပေါ်တူဂီ အမှတ်ပေးချန်ပီယံ‌ဆုကို (၂၀၀၂) နောက်ပိုင်း (၁၉)နှစ်အကြာမှ ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ စပို့တင်း အသင်းဟာ ပေါ်တူဂီလိဂ်မှာ ပေါ်တို နဲ့ ဘင်ဖီကာ အသင်းတို့ရဲ့ကြီးမားနေတာကို …

Read More

၁၅ နှစ်အတွင်း ဘယ်သူမှမလုပ်နိုင်ခဲ့တာကို လုပ်ပြခဲ့တဲ့ ယူနိုက်တက်ဆယ်ကျော်သက်နှစ်ဦး

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆက်ကျော်သက်ကစားသမားနှစ်ဦးတဲ့ မေဆင်ဂရင်းဝုဒ်နဲ့ အာမက်ဒီယာလိုတို့ဟာ လက်စတာနဲ့ပွဲမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ပူးပေါင်းပြီး သွင်းယူနိုင်ခဲ့ပါတယ်။ အာမက်ဒီယာလိုရဲ့ ဖန်တီးပေးမှုကနေ ဂရင်းဝုဒ်က လက်စတာနောက်ခံလူတွေကို လှလှပပကျော်ဖြတ်ကာ သွင်းယူခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးကြောင့်လည်း မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ အာမက်ဒီယာလိုဟာ လက်စတာနဲ့ပွဲမှာ ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့ပြီး ပုံစံကောင်းတချို့ကို ပြသနိုင်ခဲ့ပါတယ်။ တစ်ဦးချင်းစွမ်းရည်ကောင်းတွေကို ပြသနိုင်ခဲ့ပြီး ဂရင်းဝုဒ်နဲ့ ချိတ်ဆက်ကစားခဲ့ကာ …

Read More

သူ့အသင်းမှာလာကစားဖို့ ရော်နယ်ဒိုကို ပေါ်တင်ပြောလိုက်တဲ့ နေမာ

ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးနေမာက ပေါ်တူဂီတိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုနဲ့ တွဲဖက်ကစားချင်တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ဒါဟာ ဂျူဗင်တပ်စ်မှာ အနာဂတ်မသေမချာဖြစ်နေပြီး ပီအက်စ်ဂျီရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ရော်နယ်ဒိုကို ပဲရစ်ဆီလာရောက်ဖို့အတွက် နေမာက သွယ်ဝိုက်ဖိတ်ခေါ်လိုက်တာဖြစ်တယ်လို့ ယူဆနေကြပါတယ်။ နေမာကတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တဲ့ မက်ဆီနဲ့ ဘာစီလိုနာမှာ ၄ နှစ်ကြာ တွဲဖက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပီအက်စ်ဂျီမှာ ရော်နယ်ဒိုနဲ့ အသင်းဖော်တွေဖြစ်လာမယ်ဆိုရင်တော့ ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးစလုံးနဲ့ အသင်းဖော်ဖြစ်ခဲ့သူအဖြစ် …

Read More

နောက်ရာသီမှာ မန်စီးတီးနဲ့ အပြိုင်ဖိုက်ဖို့ သူ ဘာလုပ်မလဲ ဖွင့်ပြောလိုက်တဲ့ ဆိုးလ်ရှား

လက်စတာကိုအရေးနိမ့်ပြီးနောက် မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ဖလားရရှိခဲ့တဲ့အပေါ်မှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဂုဏ်ပြုစကားပြောဆိုလိုက်ပြီး သူတို့အနေနဲ့ ဂွာဒိယိုလာရဲ့အသင်းကို ယှဉ်ပြိုင်နိုင်ဖို့အတွက်ဆိုရင် ကစားသမားသစ်ခေါ်ယူမှုတွေကို နွေရာသီမှာပြုလုပ်ရမယ်လို့ပြောဆိုခဲ့ကာ အသင်းအတွက် ကစားသမားသစ်တွေကို သေချာပေါက်ဝယ်ယူမယ်လို့ ဖွင့်ဟပြောဆိုလိုက်ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အိမ်ကွင်းနောက်ဆုံး ၁၅ ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပွဲတွေဆက်တိုက်ကစားနေရလို့ ဆိုးလ်ရှားက ပွဲထွက်လူစာရင်း ၁၀ နေရာအထိ အပြောင်းအလဲတွေပြုလုပ်ခဲ့ကာ လူငယ်ကစားသမားတွေဖြစ်တဲ့ အာမက်၊ အီလန်ဂါ၊ …

Read More

မက်ဒရစ်မြို့ဆီ အမှတ်ပေးဖလားကို ကိုယ်တိုင်ပို့ဆောင်ပေးလိုက်တဲ့ ဘာစီလိုနာ

လာလီဂါဆုဖလားအတွက် ခြေကုန်ထုတ်ပြီးနိုင်ပွဲရဖို့ ကြိုးစားရတော့မယ့် အချိန်မှာမှ ဘာစီလိုနာတို့ကတော့ နောက်တစ်ကြိမ်ခြေချော်သွားခဲ့ပြန်ပါပြီ။ ဒီပွဲမတိုင်ခင်မှာ အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ၂မှတ်၊ ရီးရဲလ်နဲ့ ရမှတ်တူနေတဲ့ အနေအထားမှာရှိနေတဲ့ ဘာစီလိုနာဟာ လီဗန်တေးကို အဝေးကွင်းမှာ သရေသာကစားနိုင်ခဲ့လို့ အမှတ်ပေးဇယားကိုဦးဆောင်ပြီး ကျန်အသင်းတွေကို ဖိအားပေးနိုင်မယ့် အခွင့်ကောင်းလက်လွှတ်ခဲ့ရပါတယ်။ ပိုပြီးရင်နာစရာကောင်းခဲ့တာကတော့ ၂ ဂိုးပြတ်နဲ့ တစ်ကြိမ်ဦးဆောင်နိုင်ခဲ့သလို နောက်ထပ်တစ်ကြိမ်လည်း ထပ်မံဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရတာပဲဖြစ်ပါတယ်။ မက်ဆီနဲ့ …

Read More

လက်စတာကိုအရှုံးခံပြီး မန်စီးတီးကိုဖလားပေး၊ လီဗာပူးလ်ကို ရင်မအေးစေခဲ့တဲ့ ဆိုးလ်ရှား

လက်စတာနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ အရန်ကစားသမားအများအပြားကို ထည့်သွင်းအသုံးပြုခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ ၁-၂ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒီလိုအရေးနိမ့်မှုကြောင့် တဖက်မှာ မန်စီးတီးက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့ပြီဖြစ်ပြီး လက်စတာကလည်း အဆင့် ၃ နေရာအထိရောက်လာခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ဆက်လက်မျှော်လင့်နိုင်ပြီဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို ပွဲတွေကန်နေရတာကြောင့် ဆိုးလ်ရှားက သူ့ရဲ့အဓိကကစားသမားအားလုံးနီးပါးကို အနားပေးခဲ့ပြီး ဘရန်ဒန်ဝီလီယံ၊ ဘိုင်ယီ၊ တွန်ဇီဘီ၊ အဲလက်စ်တဲလက်စ်၊ ဗန်ဒီဘိခ်၊ …

Read More