ချယ်လ်ဆီးကစားသမား (၂)ဦးကို ပြန်လည်ခေါ်ယူဖို့ ဆာရီ ကြိုးပမ်းနေ

ချယ်လ်ဆီးကနေ ထွက်ခွာပြီး ဂျူဗင်တပ်စ်နည်းပြသစ်ဖြစ်လာခဲ့တဲ့ ဆာရီဟာ ချယ်လ်ဆီးအသင်းက သူ့ရဲ့စိတ်ကြိုက်ကစားသမားနှစ်ဦးကို ဂျူဗင်တပ်စ်ဆီ ပြန်လည်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ မနေ့ကပဲ ဆာရီက ချယ်လ်ဆီးနည်းပြရာထူးက နုတ်ထွက်ခဲ့ပြီး ချက်ချင်း ဆိုသလိုပဲ ဂျူဗင်တပ်စ်နည်းပြသစ်အဖြစ် တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။ Times ရဲ့ ဖော်ပြချက်အရ ဆာရီဟာ ကွင်းလယ်လူ ဂျော်ဂျင်ဟို နဲ့ ဘယ်နောက်ခံလူ အီမာဆင်တို့ကို ဂျူဗီဆီပြန်လည်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဂျော်ဂျင်ဟိုဟာ …

Read More

လူကာကူအတွက် ယူနိုက်တက်တောင်းဆိုတဲ့ ကစားသမားကို မပေးဖို့ ငြင်းခဲ့တဲ့ အင်တာ

အင်တာမီလန်အသင်းဟာ လူကာကူကို ခေါ်ယူဖို့ ကြိုးစားမှုအတွက် နောက်ခံလူ စကီရီနီယာကို အလိုက်ပေးဖို့ ယူနိုက်တက်ဘက်က တောင်းဆိုမှုကို ငြင်းဆန်သွားခဲ့တယ်လို့ သိရပါတယ်။ နည်းပြသစ်ကွန်တီက လူကာကူကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ခေါ်ယူဖို့ ကြိုးစားနေကာ ယူနိုက်တက်ကလည်း ရောင်းချမယ်လို့ မျှော်လင့်နေပါတယ်။ အီတလီသတင်းဌာနတချို့ရဲ့ ဖော်ပြချက်အရ လူကာကူဟာ အင်တာနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီး ကလပ်အသင်းကြား ဆွေးနွေးမှုတွေ ပြုလုပ်ဖို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ …

Read More

သူ့ရဲ့အောင်မြင်မှုတွေကို ဖော်ပြပြီး ပရိသတ်ကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ အင်စတာဂရမ်ကနေ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောဆိုခဲ့ပြီး သူ့ရဲ့အောင်မြင်မှုတွေကို မျှဝေသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်နဲ့အတူ စီးရီးအေစူပါဖလား၊ စီးရီးအေအမှတ်ပေးဖလား ရယူနိုင်ခဲ့ပြီး ပေါ်တူဂီ အသင်းနဲ့ နေးရှင်းလိဂ်ဖလားကို ရော်နယ်ဒိုက ဆွတ်ခူးနိုင်ခဲ့ပါတယ်။ တစ်ဥိးချင်းဆုတွေနဲ့ စံချိန်မှတ်တမ်းသစ်တွေကိုလည်း ပိုင်ဆိုင်ခဲ့တဲ့ ရော်နယ်ဒိုက သူ့ကို အားပေးခဲ့တဲ့ ပရိသတ်တွေကို အသိအမှတ်ပြုပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။ ကျေးဇူးတင်စကားဆိုအပြီးမှာ ရော်နယ်ဒိုက သူရရှိခဲ့တဲ့ …

Read More

လီဗာပူးလ်နောက်ခံလူကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အေစီမီလန်

စီးရီးအေကလပ် အေစီမီလန်အသင်းဟာ လီဗာပူးလ်အသင်းနောက်ခံလူ ဒီဂျန်လိုဗရန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ခရိုအေးရှားနောက်ခံလူဟာ ၂၀၁၄ ခုနှစ်မှာ ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုဗရန်ဟာ အသင်းခံစစ်ပိုင်းမှာ ဗန်ဒိုက်၊ မာတစ် နဲ့ ဂိုမက်ဇ်တို့ရဲ့နောက်မှာသာ ဦးစားပေးအဖြစ် သတ်မှတ်ခံထားရပြီး ပွဲထွက်ခွင့်ရဖို့ခက်ခဲနေခဲ့ပါတယ်။ အသက် (၂၉)နှစ်အရွယ် …

Read More

အီကာဒီကို အသင်းကနေ ထွက်ခွာစေချင်နေတဲ့ ကွန်တီ

အင်တာမီလန်အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ကွန်တီဟာ အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီကို သူ့ရဲ့အသင်းအတွက် အလိုမရှိဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ အီတလီသတင်းထောက်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမန်နိုရဲ့ ဖော်ပြချက်အရ သိရှိရတာဖြစ်ပြီး အီကာဒီကို ပြန်လည်ရောင်းချသွားဖို့ ကွန်တီက ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ ဖာဘရီဇီယိုရိုမန်နိုဟာ Sky Sports ရဲ့ သတင်းထောက်တစ်ဦးဖြစ်ပြီး ကွန်တီက အီကာဒီကို အသင်းကနေ ထွက်ခွာစေချင်တယ်လို့ သိရပါတယ်။ အီကာဒီကတော့ ဆန်စီရိုမှာ ဆက်လက်ကစားသွားချင်နေပေမယ့်လည်း …

Read More

ရီးရဲလ်ကစားသမား (၃)ဦးကို ခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ အင်တာမီလန်

စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမား (၃)ဦးကို ခေါ်ယူဖို့အတွက် ကလပ်အသင်းဆီကို တိုက်ရိုက်ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အန်တိုနီယိုကွန်တီလက်ထက်မှာ စီးရီးအေဆုဖလားကို စိန်ခေါ်နိုင်ဖို့အတွက် ပြင်ဆင်သွားမယ့် အင်တာမီလန်က ရီးရဲလ်ကြယ်ပွင့်တွေကို ခေါ်ယူဖို့ ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အင်တာမီလန်အသင်းရဲ့ တာဝန်ရှိသူ နှစ်ဦးဖြစ်တဲ့ မာရော့တာနဲ့ အူဆီလီယိုတို့ဟာ မက်ဒရစ်ကို ရောက်ရှိနေတယ်လို့ သိရပြီး ရီးရဲလ်အသင်းနဲ့ ဆွေးနွေးမှုတွေ …

Read More

ကြယ်ပွင့်ကစားသမားအတွက် တရားဝင်ဆွေးနွေးနေတဲ့ ဂျူဗီ နဲ့ မန်စီးတီး

မန်စီးတီး နဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ နောက်ခံလူကန်ဆယ်လိုရဲ့အပြောင်းအရွှေ့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ Goal.com က ဖော်ပြသွားခဲ့ပါတယ်။ ယူရိုသန်း (၅၀) တန်ကြေးရှိတဲ့ ပေါ်တူဂီနောက်ခံလူအတွက်နှစ်ဖက်အသင်းကြားမှာ တရားဝင်ဆွေးနွေး နေကြတာဖြစ်ပြီး ကန်ဆယ်လိုကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ရဖွယ် ရှီနေပါတယ်။ နှစ်သင်းစလုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကလည်း ဒီသတင်းကို အတည်ပြုသွားခဲ့ပြီး ဒန်နီလိုကို ရောင်းချဖို့ ပြင်ဆင်ထားတဲ့ မန်စီးတီးက ကန်ဆယ်လိုကို ခေါ်ယူအားဖြည့်ဖို့ …

Read More

လူကာကူအတွက် ကစားသမား အလဲအထပ်လုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့ အင်တာ

အင်တာမီလန်အသင်းဟာ ယူနိုက်တက်တိုက်စစ်မှူး လူကာကူနဲ့ တိုက်စစ်မှူးအီကာဒီတို့ကို အလဲအထပ်ပြုလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ လူကာကူကို ရောင်းချဖို့ဆုံးဖြတ်ထားတဲ့ ယူနိုက်တက်က ကစားသမားအတွက် ပေါင်သန်း (၈၀)အလိုရှိနေခဲ့ပြီး အင်တာမီလန် က အဆိုပါပြောင်းရွှေ့ကြေးကို ပေးချေဖို့အတွက် ၀န်လေးနေတာဖြစ်ပါတယ်။ ဒီအတွက် တောင်ပံကစားသမား ပါရီဆစ်ကို အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်ဘက်က ငြင်းဆန်ခဲ့တယ်လို့ သိရပြီး နောက်ဆုံးအကြိမ်အနေနဲ့ အီကာဒီနဲ့ ကစားသမားချင်းလဲလှယ်သွားဖို့ အင်တာမီလန်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ …

Read More

ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ဖြစ်နေဆဲ အကြောင်းရင်းကို ပြောပြခဲ့တဲ့ နာနီ

မန်ချက်စတာယူနိုက်တက် နဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းတို့မှာ အသင်းဖော်အဖြစ် တွဲဖက်ကစားခဲ့ဖူးတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားအဆင့်မှာ ရှိနေသေးတယ်လို့ နာနီက ပြောဆိုလိုက်ပါတယ်။ အသက် (၃၄)နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ဘလွန်းဒီအောဆု (၅)ကြိမ်ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒိုဟာ ၂၀၀၈-၀၉ ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၂၆)ဂိုးသွင်းယူပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီက သွင်းယူခဲ့တဲ့ ပြိုင်ပွဲစုံသွင်းဂိုး (၂၈)ဂိုးက (၁၀)နှစ်တာကာလအတွင်းမှာ …

Read More

ဂျူဗီကို ဆာရီရောက်လာမယ့်အပေါ်မှာ ရော်နယ်ဒို ဘယ်လိုတုံ့ပြန်ခဲ့လဲ??

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းကို နည်းပြသစ်အဖြစ် ဆာရီ ရောက်ရှိလာမယ့်အပေါ်မှာ စိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဂျူဗီနည်းပြသစ်အဖြစ် ဆာရီကို ခန့်အပ်မယ်လို့ မျှော်လင့်ရပြီး ဂျူဗီ နဲ့ ဆာရီတို့ဟာ သောကြာနေ့က တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ Tuttosport ရဲ့ ဖော်ပြချက်မှာတော့ ရော်နယ်ဒိုက “Sarri-ball” လို့ နာမည်ရထားတဲ့ ဆာရီရဲ့ နည်းစနစ်ပိုင်းအပေါ်မှာ …

Read More