ဂျီနိုအာနဲ့ပွဲအပြီး ဂျာစီလွှင့်ပစ်၊ နံရံကိုထိုးတဲ့အထိ ပေါက်ကွဲခဲ့တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်စ်အသင်းဟာ ဂျီနိုအာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့် အဆိုပါပွဲအပြီးမှာတော့ အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ အဝတ်လဲခန်းအတွင်း ပွဲကြမ်းခဲ့တယ်လို့ သိရပါတယ်။ စီးရီးအေမှာ ဦးဆောင်နေတဲ့ အင်တာမီလန်ကို လိုက်မီဖို့မလွယ်ကူတော့တဲ့ ဂျူဗီဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်ကို အဓိကထားနေရပြီး နိုင်ပွဲရခဲ့ပေမယ့်လည်း ရော်နယ်ဒိုကတော့ ဒေါသူပုန်ထခဲ့တာဖြစ်ပါတယ်။ အဓိကအကြောင်းကတော့ ရော်နယ်ဒိုဟာ သူ ဂိုးမသွင်းယူနိုင်ခဲ့တဲ့အပေါ် ဒေါသထွက်နေခဲ့တာဖြစ်ပြီး အသင်းဖော်တွေအနေနဲ့ သူ့ဆီကိုဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်ပေးဖို့ အားနည်းခဲ့တာကိုလည်း စိတ်ကွက်နေတယ်လို့ …

Read More

သူလည်း လူသားတဦးပဲဆိုတာကို အံ့အားသင့်ဖွယ်လွဲချော်မှုနဲ့ ပြသလိုက်တဲ့ ရော်နယ်ဒို

နာပိုလီကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂျူဗီတိုက်စစ်မှူးရော်နယ်ဒိုက အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂျူဗီက ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် မျှော်လင့်နိုင်ဆဲဖြစ်ကာ ရော်နယ်ဒိုကတော့ သီးရီးအေသွင်းဂိုး ၂၅ ဂိုးအထိ ပြည့်မြောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါပွဲမှာ ရော်နယ်ဒိုဟာ သုံးကိုက်အကွာကနေ အပိာင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် အံ့အားသင့်ဖွယ်ရာ လွဲချော်ခဲ့ရပါတယ်။ ဒန်နီလိုရဲ့ ညာခြမ်းက ဖြတ်တင်ပေးပို့မှုဟာ ရော်နယ်ဒိုရဲ့ ခေါင်းပေါ်ကွက်တိရောက်ခဲ့ပါတယ်။ ပြိုင်ဘက်တွေထက်ခေါင်းနှစ်လုံးမြင့်အောင် ခုနိနိုင်စွမ်းရှိတဲ့ ရော်နာ်ဒိုအတွက် ထမင်းစားရေသောက်တာထက်တောင် ပိုလွယ်တဲ့အနေအထားနဲ့ ခေါင်းတိုက်သွင်းယူခွင့်ရခဲ့ပေမယ့် ထိချက်မမှန်ခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။ ရော်နယ်ဒိုကိုယ်တိုင်လည်း ဒီအတွက် တော်တော်လေးစိတ်ပျက်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ကြည့်ရှုခဲ့ရတဲ့ ပရိသတ်တွေဟာလည်း ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတယ်လို့ besoccer က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ချီယေဆာရဲ့ ဖြတ်တင်ဘောကိုတော့ ရော်နယ်ဒိုက ဧရိယာအတွင်း ညာခြေနဲ့အပြင်းကန်သွင်းယူကာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အံ့အားသင့်ဖွယ်လွဲချော်မှုကို ပြန်လည်အဖတ်ဆယ်နိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီသားအတွက် ဖာထေးနိုင်ခဲ့ပါတယ်။ ဒီလိုလွဲချော်ခဲ့မှုကြောင့် ရော်နယ်ဒိုဟာလည်း လူသားတဦးသာဖြစ်ပြီး လူသားဆန်တဲ့အမှားတွေ ကျူးလွန်မှုတွေရှိနေတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ ကမ္ဘာကျော်ကစားသမားအဖြစ် ဆယ်စုနှစ်တခုကျော်ကြာ ရပ်တည်နေခဲ့တဲ့ ရော်နယ်ဒိုကို အခြားသောကမ္ဘာတစ်ခုက ရောက်လာသူလို့ တင်စားမှုတွေ ရှိနေခဲ့ပါတယ်။ သူ့ရဲ့ပရိသတ်တွေကလည်း အလွန်အမင်းချီးမြှောက်မှုတွေ၊ပြောဆိုမှုတွေပြုလုပ်ခဲ့ကြကာ ရော်နယ်ဒိုရဲ့ ခြေစွမ်းကို အမွှမ်းတင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူဟာ လူသားတစ်ဦးသာဖြစ်တယ်ဆိုတာကို အံ့အားသင့်ဖွယ်လွဲချော်မှုနဲ့အတူ ရော်နယ်ဒိုက ပြသသွားခဲ့ပါတယ်။

Read More

နောက်ဆုံး ၁၂ ရာသီမှာ ၁၁ ရာသီထိ လိဂ်ဂိုး၂၅ဂိုးနဲ့အထက်သွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်စ်က နာပိုလီကို အိန်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂျူဗီအတွက် ရော်နယ်ဒို နဲ့ ဒီဘာလာတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။ နာပိုလီအတွက် အင်ဆစ်ဂ်နီက ချေပဂိုးသွင်းပေးခဲ့ပေမယ့် ပွဲချိန်နှောင်းခဲ့ပြီဖြစ်လို့ ဂျူဗီတို့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို မျှေ်မှန်ူနိုင်ဆဲဖြစ်ပါတယ်။ ဒီပွဲမှာ တစ်ဂိုးသွင်းယူအပြီး ရော်နယ်ဒိုရဲ့ ဒီရာသီစီးရီးအေသွင်းဂိုးကလည်း ၂၅ ဂိုးအထိ ရှိလာခဲ့ကာ ရွှေဖိနပ်ဆုအတွက် လူကာကူကို ဖိအားပေးနေဆဲဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ အခုလိုမျိုး ၂၅ ဂိုးအထိ ရရှိခဲ့တာဟာ သူ့ရဲ့ ထိပ်တန်းလိဂ်ကျင်လည်ခဲ့တဲ့ ကစားသမားဘဝနောက်ဆုံး ၁၂ နှစ်မှာ ၁၁ နှစ်အထိ အနည်းဆုံးလိဂ်ဂိုး ၂၅ ဂိုး ရရှိမှု ဖြစ်လာခဲ့ပါတယ်။ ရီးရဲလ်ကစားသမားဘဝမှာလည်း ရော်နယ်ဒိုဟာ တရာသီကို သွင်းဂိုး ၂၅ ဂိုးနဲ့အထက် ၉နှစ်ဆက်တိုက်သွင်းယူနိုင်ခဲ့သလို ဂျူဗီကစားသမားဘဝ ၃ ရာသီမှာလည်း ၂ ရာသီက ၂၅ ဂိုးနဲ့အထက် ရရှိခဲ့ပြီး ကျန်တစ်ရာသီမှာတော့ ၂၁ ဂိုးအထိ ရရှိထားခဲ့ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ ၁၈ နှစ်ဆက်တိုက် ဆုဖလားကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်ထိ ထိပ်တန်းအဆင့်မှာ ကစားပြနေဆဲဖြစ်ပါတယ်။ ကြံ့ခိုင်မှုပိုင်းကိုလည်း အကောင်းဆုံးဖြစ်နေအောင် ထိန်းသိမ်းထားနိုင်သလိုခြေစွမ်းကလည်း အနာ်းငယ်သာ ကျဆင်းခဲ့တာဖြစ်လို့ လက်ရှိအချိန် ပြိုင်ဘက်ခံစစ်မှူးတွေအတွက် အန္တရာယ်ကြီးမားနေဆဲ ကစားသမားလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ ဂျူဗီမှာလည်း ၃ ရာသီဆက်တိုက် အသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပြီလည်းဖြစ်ပါတယ်။ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိထားတဲ့ ရော်နယ်ဒိုဟာ ရာသီကုန်မှာ ဂျူဗီက ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် အခုချိန်ထိတော့ တိကျတဲ့သတင်းမျိုးမရှိသေးပါဘူး။ အသက်အရွယ်ရလာပြီဖြစ်ပေမယ့် သူ့ကို ပီအက်စ်ဂျီလို ထိပ်တန်းအသင်းက ခေါ်ယူချင်နေဆဲဖြစ်ကာ လစာမြင့်မားစွာပေးချေဖို့လည်း အသင့်ရှိနေဆဲဖြစ်ပါတယ်။ ဂျူဗီကတော့ ကစားသမားရဲ့ လုပ်ခလစာကြီးမြင့်မှုကြောင့် ဘဏ္ဍာရေးအခက်အခဲကြုံနေချိန်မှာ ပြန်ရောင်းထုတ်ဖွယ်ရှိနေပြီး ပေါင်သန်း ၃၀ နဲ့အထက်ရရှိမယ်ဆိုရင် လက်လွှတ်ခံဖွယ်ရာရှိတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြနေကြပါတယ်။

Read More

၁၈ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ဖွယ်ရှိလာတဲ့ ရော်နယ်ဒို

မနေ့ညက ကစားခဲ့တဲ့ တူရင်ဒါဘီမှာတော့ ဂျူဗင်တပ်စ်ဟာ တိုရီနိုကို သရေကျအောင် မနည်းလိုက်ကစားခဲ့ရပြီး ရော်နယ်ဒိုရဲ့ သွင်းဂိုးကြောင့် အဝေးကွင်းမှာ သရေတစ်မှတ်ရရှိခဲ့ပါတယ်။ ရလဒ်တွေဆက်တိုက်ကျဆင်းနေတဲ့ ဂျူဗီဟာ ဒီပွဲရလဒ်ကြောင့် အမှတ်ပေးဇယားမှာ အဆင့်ကျဆင်းသွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တောင်မှ မသေချာတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။ ဂျူဗီအတွက် ချီယေဆာက အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် တိုရီနိုက အိမ်ကွင်းမှာ ဒါဘီပြိုင်ဘက်ကို ချေပဂိုးနဲ့ အနိုင်ဂိုးတွေ …

Read More

ပေါင်ငါးသောင်းခွဲအထိရရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုရဲ့ အသင်းခေါင်းဆောင်လက်ပတ်

ဆာဘီးယားကလေးငယ်တစ်ဦးကို ဆေးကုသဖို့အတွက် လေလံတင်ထားတဲ့ ရော်နယ်ဒိုရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို အမည်မဖော်လိုသူတစ်ဦးက ပေါင်ငါးသောင်းခွဲနဲ့ ကမ်းလှမ်းထားကြောင်း ဆာဘီးယားနိုင်ငံပိုင်ရုပ်မြင်သံကြားက မနေ့က ထုတ်လွှင့်သွားခဲ့ပါတယ်။ ဆာဘီးယားနဲ့ ပေါ်တူဂီတို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ရော်နယ်ဒိုက သူ့ရဲ့သွင်းဂိုးကို ခွင့်ပြုမခံခဲ့တဲ့နောက် ဒေါသထွက်ကာ လွှင့်ပစ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီအသင်းခေါင်းဆောင်လက်ပတ်ကိုတော့ မီးသတ်ဝန်ထမ်းတစ်ဦးက ရရှိခဲ့ပြီး လူမှုရေးအဖွဲ့အစည်းတစ်ခုကို ပြန်လည်လွှဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီနောက်မှာ ခြောက်နှစ်အရွယ်ကလေးငယ်ရဲ့ ကြွက်သားရောဂါကို ခွဲစိတ်ကုသဖို့ လိုအပ်နေတဲ့ …

Read More

၃၆ နှစ်သားကြီး ရော်နယ်ဒိုကို အလိုမရှိဘူးဆိုတဲ့ ကလပ်အသင်းဟောင်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့နာမည်ကျော်ကစားသမားဟောင်းရော်နယ်ဒိုကို ပြန်လည်ခေါ်ယူလိုခြင်းမရှိဘူးလို့ Cuatro က ဖော်ပြသွားခဲ့ပါတယ်။ ရာသီကုန်မှာ ဂျူဗင်တပ်စ်ကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်နေခဲ့တဲ့ ရော်နယ်ဒိုကို ရီးရဲလ်က စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ခဲ့သလို အခုအခါမှာ ခေါ်ယူသွားမှာမဟုတ်ဘူးဆိုတဲ့ သတင်းတွေပါ ထပ်မံထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ၂၀၂၁ ခုနှစ်အတွင်း ခြေစွမ်းပိုင်းအနည်းငယ်ကျဆင်းလာခဲ့သူဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ …

Read More

ဟုတ်ဟုတ်၊မဟုတ်ဟုတ် ဒီဘာလာကို ခေါ်ချင်တယ်အသံလွှင့်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းနည်းပြအာတီတာဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ရဲ့ အဓိကပစ်မှတ်အဖြစ် ဂျူဗင်တပ်စ်တိုက်စစ်မှူးဒီဘာလာကို ခေါ်ယူချင်နေတယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ မာတင်အိုဒီဂတ်ကို အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှုမရရှိခဲ့ပါက ဒီဘာလာကို အာရုံစိုက်ကြိုးပမ်းသွားဖို့ အာတီတာက အလိုရှိနေပြီး အမှန်တကယ်ကြိုးပမ်းနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာပါ။ အိုဒီဂတ်ဟာ အာဆင်နယ်မှာ လက်တလောခြေစွမ်းပြသနေပြီး အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်ပါတယ်။ နော်ဝေလက်ရွေးစင်ဟာ အသင်းကွင်းလယ်ကို ဦးဆောင်ကစားနိုင်စွမ်းရှိသူဖြစ်ပြီး တိုက်စစ်ပိုင်းကို ချိတ်ဆက်ပံ့ပိုးပေးမှုအားကောင်းတာကြောင့် တိုက်စစ်မှူးတွေကစားရလွယ်ကူနေပြီး သွင်းဂိုးတွေပါ ရရှိနေတာကြောင့် …

Read More

ဘာစီလိုနာ ရဲ့ပစ်မှတ်ကစားသမားတွေထဲမှာ ပါဝင်လာတဲ့ လူကာကူ

အင်တာမီလန် အသင်း တိုက်စစ်မှုး လူကာကူ ဟာ ဘာစီလိုနာ အသင်းနည်းပြ ရော်နယ်လ်ကိုးမန်း ခေါ်ယူချင်တဲ့ ပစ်မှတ်ကစားသမားတွေထဲမှာ ပါဝင်လာတယ်လို့ ကယ်လ်စီယို မာကာဒို သတင်းမှာ ဖော်ပြထားပါတယ်။ဘာစီလိုနာ အသင်းဟာ တိုက်စစ်ပိုင်းကို ပိုမိုအင်အားကောင်းမွန်လာဖို့ အတွက် လူကာကူ ကို အားဖြည့်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ တိုက်စစ်ပိုင်းကို ဖြည့်တင်းဖို့ တိုက်စစ်မှုးအချို့ကို ရှာဖွေနေတာလည်းဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် …

Read More

သူ့အတွက် ကစားသမားသစ်နှစ်ဦးခေါ်ပေးဖို့ တောင်းဆိုလိုက်တဲ့ ရော်နယ်ဒို

ရာသီကုန်မှာ ဂျူဗင်တပ်စ်ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ရော်နယ်ဒိုဟာ အသင်းမှာဆက်လက်ရှိနေမှာဖြစ်ပြီး ကစားသမားသစ်နှစ်ဦးအထိ ခေါ်ယူပေးနေစေချင်တယ်လို့ သိရပါတယ်။ အသင်းအနေနဲ့ ကစားသမားသစ်နှစ်ဦးခန့်ကို ခေါ်ယူပေးဖို့လည်း ရော်နယ်ဒိုက မျှော်လင့်နေကာ အသင်းမှာ သူ ဆက်လက်ကစားပြီး အောင်မြင်မှုတွေရယူပေးသွားဖို့အတွက် ပစ်မှတ်ထားနေကြောင်းလည်း သိရပါတယ်။ ရော်နယ်ဒိုအသင်းက ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်နေပေမယ့် အသင်းရဲ့ အားကစားဒါရိုက်တာပေဗယ်နက်ဗက်ကတော့ ကစားသမားနဲ့အတူ နည်းပြပီယာလိုတို့ဟာ နောက်ရာသီမှာ အသင်းမှာဆက်ရှိနေလိမ့်မယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ …

Read More

ရော်နယ်ဒိုကို ပြန်ရောင်းဖို့အားထုတ်နေတဲ့ ဂျူဗင်တပ်စ်ရဲ့ ရည်ရွယ်ချက်အစစ်အမှန်

လက်ရှိမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်မှူးရော်နယ်ဒိုကို မဖြစ်မနေရောင်းချဖို့အတွက် ကြိုးပမ်းနေပြီဆိုတာကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ယူရိုသန်း ၁၀၀ အထိ ပေးချေပြီး ရီးရဲလ်ကနေ ခေါ်ယူခဲ့တဲ့ ကစားသမားကို ၃ နှစ်အကြာမှာ ဂျူဗီက အဆိုပါပြောင်းရွှေ့ကြေးရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ ယူရို ၂၅ သန်းရတာနဲ့ ရောင်းချသွားဖို့ ပြင်ဆင်နေတာက စဉ်းစားစရာတွေအများကြီးရှိလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ကစားသမားဘဝသက်တမ်းက သိပ်မကျန်တော့ဘူးလို့ …

Read More