ချန်ပီယံဖြစ်ဖို့အတွက် အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိသွားပြီဖြစ်တဲ့ အေတီကို

စပိန်လာလီဂါဆုဖလားအတွက် အကြိတ်အနယ်ဖြစ်နေချိန်မှာတော့ အက်သလက်တီကိုမက်ဒရစ်ဟာ ခြေစွမ်းမာကျောတဲ့ ရီးရဲလ်ဆိုဆီဒက်ကို အနိုင်ယူပြီး ဆုဖလားအတွက် ခြေတလှမ်းတိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကာရက်စ်ကို နဲ့ ကော်ရီယာတို့ရဲ့ သွင်းဂိုးတွေကြောင့် ပွဲချိန်အစောပိုင်းကတည်းက ဦးဆောင်ခဲ့တဲ့ အေတီကိုဟာ ချေပဂိုးတစ်ဂိုးသာ ပြန်ပေးခဲ့ရပြီး ၂-၁ နဲ့ အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အက်သလက်တီကိုဟာ ၂ပွဲကျန်အနေအထားမှာ ဘာစီလိုနာကို ၄ မှတ်ဖြတ်လိုက်ပြီဖြစ်ပြီး ၃ပွဲကစားဖို့ရှိနေသေးတဲ့ ရီးရဲလ်မက်ဒရစ်ကို …

Read More

မက်ဒရစ်မြို့ဆီ အမှတ်ပေးဖလားကို ကိုယ်တိုင်ပို့ဆောင်ပေးလိုက်တဲ့ ဘာစီလိုနာ

လာလီဂါဆုဖလားအတွက် ခြေကုန်ထုတ်ပြီးနိုင်ပွဲရဖို့ ကြိုးစားရတော့မယ့် အချိန်မှာမှ ဘာစီလိုနာတို့ကတော့ နောက်တစ်ကြိမ်ခြေချော်သွားခဲ့ပြန်ပါပြီ။ ဒီပွဲမတိုင်ခင်မှာ အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ၂မှတ်၊ ရီးရဲလ်နဲ့ ရမှတ်တူနေတဲ့ အနေအထားမှာရှိနေတဲ့ ဘာစီလိုနာဟာ လီဗန်တေးကို အဝေးကွင်းမှာ သရေသာကစားနိုင်ခဲ့လို့ အမှတ်ပေးဇယားကိုဦးဆောင်ပြီး ကျန်အသင်းတွေကို ဖိအားပေးနိုင်မယ့် အခွင့်ကောင်းလက်လွှတ်ခဲ့ရပါတယ်။ ပိုပြီးရင်နာစရာကောင်းခဲ့တာကတော့ ၂ ဂိုးပြတ်နဲ့ တစ်ကြိမ်ဦးဆောင်နိုင်ခဲ့သလို နောက်ထပ်တစ်ကြိမ်လည်း ထပ်မံဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရတာပဲဖြစ်ပါတယ်။ မက်ဆီနဲ့ …

Read More

သရေရလဒ်ကြောင့် အခွင့်အရေးကောင်းကို ဆုံးရှုံးခဲ့ရပြန်တဲ့ ရီးရဲလ်

ဘာစီလိုနာ နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ သရေကျခဲ့လို့ ဆုဖလားအတွက် အခွင့်အရေးရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဆီဗီလာကို နှစ်ဂိုးစီသရေသာကစားနိုင်ခဲ့လို့ အမှတ်ပေးဇယာထိပ်ကိုရောက်ရှိမယ့် အခွင့်အရေးကောင်း ဆုံးရှုံးသွားခဲ့ပါတယ်။ အဆင့် ၄ နေရာက ခြေစွမ်းမာကျောတဲ့ ဆီဗီလာနဲ့ ကစားခဲ့ရလို့လည်း အခက်အခဲတွေအများကြီးရှိခဲ့ပြီး နောက်ကျချေပဂိုးကြောင့် ရီးရဲလ်တို့ သရေတစ်မှတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆီဗီလာက ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ်သွင်းယူခဲ့တာဖြစ်ပြီး ရီးရဲလ်တို့ လိုက်လံချေပခဲ့ရတာလည်းဖြစ်ပါတယ်။ ပွဲအစောပိုင်းမှာ ဘန်ဇီမာ တစ်ဂိုးသွင်းယူခဲ့ပေမယ့် …

Read More

အသင်းဟောင်းနဲ့တွေ့လည်း သူ့အကျင့်စရိုက်ကို မပြင်နိုင်ခဲ့တဲ့ လူးဝစ္စဆွာရက်ဇ်

မနေ့က ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အသင်းဟောင်းကို ပြန်ရင်ဆိုင်ခဲ့ရတဲ့ အေတီကိုတိုက်စစ်မှူးဟာ သူ့ရဲ့အကျင့်စရိုက်ကို မပြင်နိုင်ခဲ့ဘဲ ရှိနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့တဲ့ ဆွာရက်ဇ်က အသင်းဟောင်းဘာစီလိုနာကိုဘက်ကို ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ ဂိုးမရှိသရေပွဲနဲ့သာ ပြီးဆုံးပြီး တစ်မှတ်စီခွဲယူခဲ့ကြရပါတယ်။ ခြေစွမ်းကောင်းမွန်မှုအပြည့်အဝရှိပေမယ့်လည်း ကွင်းအတွင်းမှာ မကြာခဏဆိုသလို အငြင်းပွားဖွယ်ရာလုပ်ရပ်တွေကို ဖန်တီးလေ့ရှိတဲ့ ဆွာရက်ဇ်ဟာ အဆိုပါပွဲမှာလည်း အသင်းဖော်ဟောင်းဂိုးသမားတာစတီဂန်ရဲ့ အမျက်ဒေါသနဲ့ …

Read More

နူးကမ့်မှာသရေကျခဲ့ပြီး ရီးရဲလ်ကို အခွင့်အရေးပေးလိုက်တဲ့ ဘာကာနဲ့ အေတီကို

လာလီဂါဆုဖလားအတွက် အရေးပါတဲ့ ပွဲစဉ်မှာတော့ ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ဟာ ဂိုးမရှိသရေပွဲနဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်။ ရမှတ်ကွာဟမှုနည်းပါးပြီး လက်ကျန်ပွဲစဉ်ကလည်း အနည်းငယ်သာကျန်တော့တာကြောင့် နှစ်သင်းစလုံးအနိုင်ရဖို့ကို အားကုန်ထည့်ကစားခဲ့လို့ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပေမယ့်လည်း ဂိုးမရခဲ့ကြလို့ တစ်ယောက်တစ်မှတ်စီနဲ့သာ ကျေနပ်သွားခဲ့ပါတယ်။ ဘာစီလိုနာကတော့ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး ဂိုးရနိုင်တဲ့ အခွင့်အရေးတွေလည်း ပိုရခဲ့ပါတယ်။ ဒါပေမယ့် အေတီကိုဂိုးသမားအော့ဘလက်ခ်ရဲ့ လက်စွမ်းပြနေမှုတွေက မက်ဆီကိုပါ စိတ်ပျက်စေခဲ့ပြီး သူ …

Read More

အေတီကိုနဲ့ပွဲမတိုင်ခင် ဆွာရက်ဇ်ကို စိတ်လှုပ်ရှားအောင် လုပ်လိုက်တဲ့ ဘာစီလိုနာ

ဒီနေ့မှာတော့ ဘာစီလိုနာ နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ လာလီဂါဆုဖလားအတွက် အရေးပါတဲ့ပွဲကို ကစားရတော့မှာဖြစ်ပါတယ်။ ပွဲစဉ် ၃၄ ကစားအပြီးမှာတော့ အက်သလက်တီကိုမက်ဒရစ်က ဘာစီလိုနာထက် ၂ မှတ်အသာစီးရရှိကာ ဦးဆောင်နေပြီး ဒီနေ့မှာ ပွဲစဉ် ၃၅ အဖြစ် ကစားရမှာလည်းဖြစ်ပါတယ်။ ရာသီကုန်ဆုံးခါနီးချိန်မှာ ရမှတ်ကွာဟမှုကလည်း နည်းပါးလွန်းတာကြောင့် ဒီပွဲက အဆုံးအဖြတ်ဖြစ်သွားစေနိုင်တဲ့ ပွဲလည်းဖြစ်ပါတယ်။ ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့နည်းတူ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ဟာ အသင်းဟောင်းဘာစီလိုနာကို …

Read More

ဗီလာရီးရဲလ်ကို ဘာမှမှုစရာမရှိဘူးလို့ပြောလိုက်တဲ့ ယူနိုက်တက်ကြယ်ပွင့်ဟောင်းများ

ဘောလုံးပွဲခန့်မှန်းသုံးသပ်သူတွေအဖြစ် ဆောင်ရွက်နေတဲ့ ရီယိုဖာဒီနန်၊ ပေါလ်စခိုးနဲ့ အိုဝင်ဟားဂရေ့ဗ်တို့လို ယူနိုက်တက်ကစားသမားဟောင်းတွေက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ယူနိုက်တက်က ဗီလာရီးရဲလ်ကို အနိုင်ရရှိပြီး ဗိုလ်စွဲလိမ့်မယ်လို့ ခန့်မှန်းလိုက်ကြပါတယ်။ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ရိုးမားကို နှစ်ကျော့ပေါင်းရလဒ် ၈-၅ နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲတက်ခဲ့ပြီး မေလ ၂၆ ရက်နေ့မှာ ဗီလာရီးရဲလ်နဲ့ ကစားသွားရတော့မှာဖြစ်ပါတယ်။ ဗီလာရီးရဲလ်ကလည်း အင်္ဂလန်ကလပ်ဖြစ်တဲ့ အာဆင်နယ်ကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ …

Read More

အပြုံးလေးတစ်ချက်ကြောင့် တန်ဖိုးထက်ဝက်ကျော်ကျပြီး ပြန်ရောင်းခံရတော့မယ့် ဟာဇက်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးကနေ စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေကာ ခေါ်ယူခဲ့တဲ့ ဟာဇက်ကို နည်းပါးလွန်းတဲ့စျေးနှုန်းနဲ့ ပြန်လည်ရောင်းထုတ်သွားဖို့ စီစဉ်နေပြီလို့ စပိန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ ဘယ်လ်ဂျီယံကစားသမားကို ပေါင် ၁၀၃.၅ သန်းနဲ့ ၂၀၁၉ ခုနှစ်က ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းမှာခြေစွမ်းမပြနိုင်ဘဲ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေခဲ့ရပေမယ့် အသင်းဘက်ကတော့ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းပေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့တစ်ပတ်အတွင်းက ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အပြီးမှာတော့ ဟာဇက်ဟာ …

Read More

ဘာစီလိုနာကိုအပြီးတိုင်မေ့ပစ်ပြီး PSG နဲ့ စာချုပ်သစ်ချုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ နေမာ

ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူးနေမာကို လေးနှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဖို့အတွက် သဘောတူညီမှုရရှိသွားခဲ့ပြီလို့ သိရပါတယ်။ L’Equipe သတင်းဌာနရဲ့ ဖော်ပြချက် လာမယ့်စနေနေ့မှာ (ယနေ့) တရားဝင်သတင်းထုတ်ပြန်သွားမယ်လို့ သိရပြီး နေမာဟာ ၂၀၂၆ ခုနှစ်အထိ ပဲရစ်မှာဆက်ရှိနေတော့မှာဖြစ်ပြီး သူ့အသက် ၃၄ နှစ်အရွယ်ထိ ကစားပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပေါင် ၁၉၈ သန်းနဲ့ …

Read More

မက်ဆီနဲ့ အရင်းနှီးဆုံးတိုက်စစ်မှူးကို ခေါ်ယူဖို့ ဘာစီလိုနာ ကြိုးပမ်းနေ

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းကနေ ရာသီကုန်မှာထွက်ခွာတော့မယ့် ၀ါရင့်တိုက်စစ်မှူးအဂူရိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၃၈၇ ပွဲကစားပေးပြီး ၂၅၈ ဂိုးအထိသွင်းယူကာ ကလပ်သမိုင်းမှာ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် စံချိန်တင်ထားတဲ့ အဂူရိုဟာ အီတီဟတ်မှာ ၁၀ နှစ်ကြာကစားပြီးနောက် အလွတ်ထွက်ခွာမှာဖြစ်လို့ ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေသူဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ အက်သလက်တီကိုမက်ဒရစ်အတွက် ငါးနှစ်ကြာကစားပေးခဲ့ပြီး လာလီဂါအတွေ့အကြုံရှိသူဖြစ်ပါတယ်။ …

Read More