ဗလတောင့်လာဖို့အတွက် ညဥ့်နက်သန်းခေါင်မှာ ဖောင်းဒိုင်းထမလုပ်ဖို့ တားမြစ်ခံခဲ့ရတဲ့ မက်ဆီ

PSG တိုက်စစ်ကစားသမား မက်ဆီဟာ အသင်းဟောင်း ဘာစီလိုနာမှာ နည်းပြဟောင်း ဂွါဒီယိုလာနဲ့ လက်တွဲခဲ့ချိန်တုန်းက ထူးထူးဆန်းဆန်းတားမြစ်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကဘာလဲဆိုရင်တော့ မက်ဆီအနေနဲ့ သူ့ရဲ့ကြွက်သားတွေ တောင့်တင်းကျစ်လျစ်လာဖို့အတွက် ဇနီးသည် အန်တိုနယ်လာနဲ့ ညဥ့်နက်သန်းခေါင်မှာ လိင်မဆက်ဆံဖို့ပဲဖြစ်ပါတယ်။ ဒီတားမြစ်ချက်ကို ဂွါဒီယိုလာကိုယ်တိုင်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာ ဘာစီလိုနာနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့တစ်လျှောက်လုံး မက်ဆီကို ဒီကိစ္စနဲ့ပတ်သက်လို့ တားမြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ မန်စီးတီးမှာ …

Read More

မက်ဆီနဲ့နေမာကိုတောင် တစ်ပြန်ကြီး သတိပေးစကားဆိုလိုက်သေးတဲ့ အမ်ဘာပေ

PSG တိုက်စစ်ကစားသမား အမ်ဘာပေက တိုက်စစ်တွဲဖော် နှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့နေမာတို့ကို သတိပေးစကား ပြောကြားလိုက်တယ်လို့ သိရှိရပါတယ်။ အမ်ဘာပေဟာ ဒီရာသီမှာ ကွင်းပြင်ပဆိုင်ရာပြဿနာတွေနဲ့ လုံးပမ်းနေရတယ်လို့ဆိုနိုင်ပြီး ပြင်သစ်ဘောလုံးလောကအတွက် မီဒီယာတွေရဲ့ အထူးအာရုံစိုက်နေခဲ့ရသူတစ်ယောက်ပါ။ အမ်ဘာပေနဲ့ ရီးရဲယ်မက်ဒရစ်၊ PSG တို့အကြား သုံးပွင့်ဆိုင်ဇာတ်လမ်းက အပြောင်းအရွှေ့ချိန်မဟုတ်သည့်တိုင် တော်တော်လေးဆူညံပွက်လောရိုက်နေပြီး ဒီအပေါ်မှာလည်း PSG အားကစားဒါရိုက်တာ လီယိုနာဒိုကိုယ်တိုင်က ပေါက်ကွဲခဲ့ပြီးပါပြီ။ ဒါပေမယ့် အမ်ဘာပေရဲ့ …

Read More

မင်းတို့ရီးရဲယ်က အမ်ဘာပေအကြောင်းပြောလို့မပြီးနိုင်သေးဘူးလားလို့ ပေါက်ကွဲလိုက်တဲ့ PSG

PSG ရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုက အမ်ဘာပေရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ရီးရဲယ်မက်ဒရစ်ဘက်တော်သားတွေရဲ့ပြောဆိုမှုတွေအပေါ် ဒေါသပေါက်ကွဲခဲ့တယ်လို့ သိရှိရပါတယ်။ အမ်ဘာပေဟာ နောက်ဆုံးပြုလုပ်ထားတဲ့ အင်တာဗျူးတစ်ခုမှာ ရီးရဲယ်မက်ဒရစ်ကို ပြောင်းဖို့ PSG ထံ ခွင့်တောင်းခဲ့တဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့ပြီးနောက် ရီးရဲယ်မက်ဒရစ်က လာမယ့်ဆောင်းရာသီမှာတင် အမ်ဘာပေကို အရခေါ်ယူမယ်လို့ လေသံပစ်ခဲ့တာပါ။ PSG နဲ့ အမ်ဘာပေတို့အကြား စာချုပ်သက်တမ်းက နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး …

Read More

ဘတ်ပီ နဲ့ ပီအက်စ်ဂျီတို့ရဲ့အခြေအနေကြောင့် ပွဲလန့်တုန်း ဖျာလာခင်းနေပြီဖြစ်တဲ့ ပီရတ်စ်

ရီးရယ်လ် အသင်း ဥက္ကဌ ပီရတ်စ် ကတော့ ပီအက်စ်ဂျီ အသင်းတိုက်စစ်ကစားသမား ဘတ်ပီ ရဲ့ရီးရယ်လ် အပြောင်းအရွှေ့ကို ဇန်နဝါရီမှာပဲ အပြီးသတ်ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။ဘတ်ပီ ကိုယ်တိုင်ကလည်း ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ချင်တယ်လို့ ဝန်ခံထားတာဖြစ်ပါတယ်။ ဘတ်ပီ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲက ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ရီးရယ်လ် အသင်းကလည်း ဘတ်ပီ ကို ခေါ်ယူဖို့ …

Read More

PSG ပြီးတော့ ကိုယ့်လက်ရွေးစင်အသင်းကိုပါ အပြစ်ပြန်ပြောလာတဲ့ အမ်ဘာပေ

PSG ရဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိအချိန်မှာ သူ့ရဲ့အနေအထားနဲ့ပတ်သက်လို့ မပျော်မရွှင်ဖြစ်နေတဲ့အကြောင်းတွေကို ဆက်တိုက်ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အမ်ဘာပေက ပြီးခဲ့တဲ့နွေရာသီ ယူရို- ၂၀၂၀ ပြိုင်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ပြင်သစ်လက်ရွေးစင်အသင်းကို ပြန်လည်ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အမ်ဘာပေဟာ ပြိုင်ပွဲတစ်လျှောက် ပုံစံကောင်းပျောက်ဆုံးခဲ့ပြီး ဆွစ်ဇာလန်ကို ရှုံးထွက် (၁၆) သင်းအဆင့်မှာ ရှုံးနိမ့်ခဲ့ချိန်ကလည်း နောက်ဆုံးအဆုံးအဖြတ် ပင်နယ်တီကို လွဲချော်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း …

Read More

နွေရာသီက PSG ကထွက်ခဲ့ရင် သူသွားချင်တဲ့အသင်းက တသင်းပဲရှိတယ်လို့ ပြောခဲ့တဲ့ ဘတ်ပီ

ဘတ်ပီ ကတော့ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုခဲ့တယ်လို့ တရားဝင်ထုတ်ပြောခဲ့ပြီဖြစ်ပါတယ်။ဘတ်ပီ နဲ့ ပီအက်စ်ဂျီ တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်တာ‌ကြောင့် ကစားသမားဟာ ရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာဖို့ ရှိနေပြီလည်းဖြစ်ပါတယ်။ ဘတ်ပီ ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ရီးရယ်လ် အသင်းက ကြိုးစားခဲ့တာဖြစ်ပြီး ယူရိုသန်း(၂၂၀) နဲ့ နောက်ဆုံးအကြိမ်ကမ်းလှမ်းခဲ့တာကို ပီအက်စ်ဂျီ …

Read More

ပီအက်စ်ဂျီအတွက် ကန်ပေးချင်လို့ ကန်ပေးနေတာမဟုတ်ဘူးလို့ ဒဲ့ ပြောလိုက်တဲ့ ဘတ်ပီ

ရီးရယ်လ် အသင်းရဲ့စိတ်ဝင်စားမှုကို ရရှိနေတဲ့ ဘတ်ပီ က ပီအက်စ်ဂျီ ကနေ ထွက်ခွာချင်တယ်ဆိုတာကို ဇူလိုင်လထဲက အသင်းကို ပြောဆိုခဲ့တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ရီးရယ်လ် အသင်းရဲ့အဓိက ပစ်မှတ်ဖြစ်တဲ့ ဘတ်ပီ နဲ့ ပီအက်စ်ဂျီ အသင်းတို့ရဲ့အနာဂတ်ဟာ ပြီးခဲ့တဲ့နွေရာသီထဲက ထင်ကြေးတွေအမျိုးမျိုးထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ရီးရယ်လ် အသင်းဟာ နွေရာသီက ဘတ်ပီ ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုအများအပြားပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရီးရယ်လ် အသင်းဟာ ဘတ်ပီ အတွက် …

Read More

နည်းပြလုပ်ရမှာလား၊ မက်ဆီနဲ့နေမာကို လူစားလဲမိရင် လိုက်ရှင်းရမလား မသဲကွဲတဲ့ ပိုချက်တီနိုရဲ့ဘဝ

PSG နည်းပြ ပိုချက်တီနိုဟာ မနေ့ညက ရန်းနက်စ်ကို အဝေးကွင်းမှာ ၂-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲမှာ နေမာကို လူစားလဲခဲ့တဲ့အတွက် ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြန်လည်ဖြေရှင်းခဲ့ရပါသေးတယ်။ ဒီပွဲမှာ PSG က မက်ဆီ၊ နေမာ၊ အမ်ဘာပေ၊ သုံးယောက်လုံး စုံစုံလင်လင် ပါဝင်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးပေါက်ကို တစ်ကြိမ်တောင် တည့်အောင် မကန်နိုင်ခဲ့ဘဲ ဒီရာသီ လိဂ်ပွဲ ပထမဆုံးအရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ …

Read More

ရော်နယ်ဒို စိတ်ညစ်နေသလို ပီအက်စ်ဂျီမှာလည်း စိတ်ဆင်းရဲစရာတွေပဲကြုံနေတဲ့ မက်ဆီ

တနင်္ဂနွေနေ့ည လီဂူးဝမ်းပွဲစဥ်ဖြစ်တဲ့ ရန်းနက်စ်နဲ့ ပီအက်စ်ဂျီပွဲမှာတော့ အိမ်ရှင် ရန်းနက်စ်က နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပိုချက်တီနိုဟာ မန်စီးတီးကို နိုင်ခဲ့တဲ့ လူစာရင်းကို တဦးသာ အပြောင်းအလဲလုပ်ခဲ့ပြီး ဟာရဲရားနေရာမှာ ဒီမာရီယာကို ထည့်သွင်းကာ ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မက်ဆီ၊ နေမာ၊ အမ်ဘက်ပီနဲ့ ဒီမာရီယာတို့ ဦးဆောင်တဲ့ ပီအက်စ်ဂျီအသင်းဟာ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့သလို …

Read More

ပီအက်စ်ဂျီ အတွက် ရာမို့စ် ဘယ်တော့မှ ကစားပေးနိုင်မှာလဲ?

ပီအက်စ်ဂျီ အသင်းဟာ အသင်းရဲ့ခံစစ်ပိုင်းကို ပိုမိုအားကောင်းစေဖို့ အတွက် ရီးရယ်လ် အသင်းကနေ အလွတ်နဲ့ ထွက်ခွာလာခဲ့တဲ့ ရာမို့စ် ကို ဇူလိုင်လက (၂)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ရာမို့စ် ဟာ အခုအချိန်ထိ ပီအက်စ်ဂျီ အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိတာလည်းဖြစ်ပါတယ်။ ရာမို့စ် ဟာ ပီအက်စ်ဂျီ အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်ရင်း ခြေဖမိုးကြွက်သား ဒဏ်ရာရရှိခဲ့တာကြောင့် လက်ရှိအချိန်မှာ ဒဏ်ရာပြန်လည်ကောင်းမွန်လာဖို့ …

Read More