ရော်နယ်ဒိုချန်ရစ်ခဲ့တဲ့ကျိန်စာဆိုးအောက်ကရုန်းထွက်ပြရတော့မယ့်မ က်ဆီ

ဒီတပတ်မှာတော့ တကမ္ဘာလုံးစိတ်ဝင်စားနေတဲ့ ဘောလုံးပွဲအဖြစ် ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာတို့ရဲ့ အယ်လ်ကလပ်စီကို ပွဲစဉ်ကို ကစားတော့မှာပါ။ ဒီပွဲစဉ်ဟာ အက်သလက်တီကိုမက်ဒရစ်အောက် အမှတ်ကွာဟချက်နည်းပါးစွာနဲ့ ရပ်တည်နေတဲ့ ဒီအသင်းနှစ်သင်းအတွက် ချန်ပီယံဆုကို ဆက်လက်စိန်ခေါ်နိုင်ဖို့ အရေးပါနေပါတယ်။ ဒီနည်းတူ စိတ်ဝင်စားစရာကတော့ အယ်လ်ကလက်စီကိုမှာ ဂိုးကျိန်စာသင့်နေတဲ့ မက်ဆီရဲ့ မှတ်တမ်းဖြစ်ပြီး ကျိန်စာဆိုးကို ရပ်တန့်နိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။ ထူးခြားစွာပဲ ဒီကျိန်စာဟာ ရော်တယ်ဒိုတယောက် ရီးရဲလ်ကနေ ထွက်ခွာကတည်းက မက်ဆီအပေါ်သက်ရောက်ခဲ့တာပါပဲ။ ဒီရာသီ လာလီဂါမှာ ၂၃ ဂိုးသွင်းထားပြီး ဂိုးအများဆုံးသွင်းသူဖြစ်နေတဲ့ မက်ဆီဟာ ရီးရဲလ်နဲ့တွေံဆုံခဲ့တဲ့နောက်ဆုံးသုံးနှစ်အတွင်း ခြောက်ပွဲတိတိ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ၂၀၁၈ မှာ ဂျူဗင်တပ်စ်ကို ရော်နယ်ဒိုပြောင်းရွှေ့သွားကတည်းက ဂိုးမရတော့တာဖြစ်ပြီး ၂၀၁၇-၁၈ ဘောလုံးရာသီက နူးကမ့်မှာ ၂ ဂိုးစီသရေကျခဲ့တဲ့ လာလီဂါပွဲစဉ် ၃၆ မှာ မက်ဆီက ရီးရဲလ်ဘက်ကို နောက်ဆုံးအကြိမ်ဂိုးသွင်းယူနိုင်ထားခဲ့တာဖြစ်တယ်လို့ Marca ရဲ့ ဖော်ပြချက်အရ ငိရပါတယ်။ ရီးရဲလ်နဲ့ ကစားခဲ့တဲ့ ပထမဆုံး ၂၇ ပွဲမှာ ၂၁ ဂိုးအထိရခဲ့တဲ့ မက်ဆီဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၇ ပွဲမှာ ၅ ဂိုးတည်းသာ သွင်းနိုင်ခဲ့ပါတယ်။ တကယ်လို့သာ လာမယ့်တနင်္ဂနွေနေ့ပွဲမှာလည်း သူ ဂိုးထပ်မရခဲ့ဘူးဆိုရင်တော့ မက်ဆီအနေနဲ့ ရီးရဲလ်ကို ဂိုးသွင်းနိုင်ဖို့က ခက်ခဲသွားပြီလားလို့ ထင်စရာဖြစ်လာပါလိမ့်မယ်။ ရော်နယ်ဒိုနဲ့ အပြိုင်အဆိုင်သူချဲကိုယ်ချဲခဲ့စဉ်က တဒိုင်ဒိုင်းနဲ့ သွင်းယူနိုင်ခဲ့မှုတွေ အဆုံးသတ်လာတာကလည်း ထူးခြားနေပြီး ပေါ်တူဂီသားကမက်ဆီအတွက် ကျိန်စာတွေ ထားခဲ့သလားလို့တောင် ထင်မှတ်နေရပါတယ်။ ထူးခြားစွာပဲ ရီးရဲလ်ကနေ ရော်နယ်ဒိုထွက်ခွာခဲ့ပြီး သူတို့နှစ်ဦးဟာ ဒီရာသိချန်ပိံယံလိဂ်အုပ်စုတွင်းမှာ ပြန်ဆုံခဲ့ကြပါတယ်။ ၂၀၁၈ နောက်ပိုင်း ပထမဆုံးအကြိမ်တွေ့ခဲ့ကြတာဖြစ်ပြီး နှစ်ဦးသားရင်ဆိညင်ပွဲတစ်ပွဲနွှဲခဲ့ကာ ရော်နယ်ဒိုက ဂိုးသွင်းနိုင်ခဲ့ပြီး မက်ဆီဂိုးပေါက်ပျောက်ခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုထွက်ခဲ့ပြီးနောက် သူ့အသင်းဟောင်းကိုဂိုးမသွင်းနိုင်တော့တဲ့ မက်ဆီရဲ့ အရေးနိမ့်မှုဖြစ်ပြီး အာဂျင်တိုင်းသားအတွက် စိတ်ပျက်ဖွယ်ဖြစ်နေခဲ့ရပါတယ်။အခုတော့ ဒါတွေအားလုံးကို ချေဖျက်ပြနိုင်မယ့် အခွင့်အရေးက မက်ဆီရဲ့လက်ထဲ၊ ခြေထဲရောက်လို့လာခဲ့ပါပြီ။ကျိန်စာပြယ်မှာလား၊ တည်တံ့နေမလားဆိုတာကတော့….။

Read More

လက်နက်မချဘူး ဒူးမထောက်ပါဘူး ဒါပေမဲ့ ဂျာဂင်ကလော့ပ်မျက်မှန်မှာ ဇောချွေးတွေစွန်းပေနေတုန်းပဲ..

🟨 Nကြယ်မင်း ဒီတစ်ပတ်မှာ လီဗာပူး – မန်စီးတီး ပွဲစဉ်ပါဝင်နေပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်နောက်ဆုံးနှစ်ကာလများအလိုတော်အရတော့ ချန်ပီယံစီးချင်းစစ်စစ်ပါပဲ။ ဒီအမှုမှာ ဘယ်အသင်းမှပါဝင်ခြေရှုပ်နိုင်ခြင်း မရှိလောက်အောင် သူတို့ရဲ့သေချာမှုကိုမြှင့်တင်နိုင်ခဲ့ကြပါတယ်။ နောက်ဆုံး၃နှစ်ကိုပြန်ကြည့်ရင် မန်စီးတီးကနှစ်ကြိမ်ဗိုလ်စွဲခဲ့ပြီး နောက်ဆုံး ၂နှစ်ကိုဖြတ်ကြည့်ရင်တော့ သူတို့ကပဲချန်ပီယံတစ်ကြိမ်စီနဲ့ ဒုတိယတစ်ကြိမ်စီရယူထားခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီလိုရေပက်မဝင်လွှမ်းမိုးခဲ့မှုတွေဟာ ဒီရာသီတိုင်အောင်ရှင်းလင်းစွာရှိနေမယ်လို့ထင်မှတ်ခဲ့ကြပေမယ့် အဲ့ဒါဟာ ထင်သလောက်မလွယ်ကူခဲ့ပါဘူး။ ရာသီအစက အခြေအနေကိုပြန်ကြည့်မယ်ဆိုရင် ချဲလ်ဆီးပြန်လာနိုင်ခဲ့တယ်။ အဲဗာတန်နဲ့စပါးတောင် ထဖြစ်သွားချေမလား လက်လက်ကို …

Read More

လမ်းပတ်ကို ခြောက်လှန့်နေကြတဲ့ ချယ်လ်ဆီးနည်းပြဟောင်းများ

ချဲလ်ဆီး သူဌေး မိုဗခ်ျ ဆိုတဲ့သူက ဘယ်တုံးကမှ စိတ်မရှည်ဘူးသလို သူဟာနည်းပြတွေရဲ့ သေမင်း‌ဆိုလည်းမမှားပါဘူး သူလန်ဒန်ကလပ်ကိုဝယ်ယူပြီး (၁၈) နှစ်နီပ ရှိလာချိန်မှာ နည်းပြ(၁၀) ယောက်အထိအပြောင်းလဲလုပ်ခဲ့တယ်ဆိုတာကသူဟာ ဘယ်တုံးကမှ စိတ်ရှည်သည်းခံသူ မဟုတ်ဘူးဆိုဝာာကိုပြသနေတာပါ။ လမ်းပတ် အနေနဲ့ လည်း လက်ရှိမှာ ရလာဒ်ဆိုးတွေထဲကသာရုန်းထွက်နိုင်ခြင်းမရှိခဲ့ရင် ချန်ပီယံလိဂ်ယူပေးခဲ့ပြီးခြောက်လအကြာမှာပဲ ထုတ်ပယ်ခံခဲ့ရတဲ့ ဒီမက်တီယို လိုလူကိုတောင်မျက်နှာမထောက်တဲ့ မိုဗခ်ျ နဲ့တွေ့သွားမှာတော့ အသေချာပါပဲ။မိုဗခ်ျသာ ကားလိုစ့်အန်စလော့တီ၊မော်ရင်ဟို၊အန်တိုနီယို …

Read More

နည်းစနစ်ဂုရုကြီးကို လိပ်ပြာနှုတ်ခဲ့တဲ့ အညတရဆိုးလ်ရှား

ဒီတစ်ပတ်ပရီးမီးယားလိဂ်က ဖောက်လွဲဖောက်ပြန်တွေနဲ့ဟုပြောလို့ရသည်။ သွင်းဂိုးတွေက ကမောက်ကမအသွင်ဆောင်သလို ဆွဲဆောင်မှုလည်းရှိပြန်သည်။ လီဗာပူးလ်နဲ့ မိုဆာလာတို့ရဲ့ အကွဲအပြဲကစပြီလားဟုသိချင်သည်။ မစ်ဂျယ်လန်းနဲ့ပွဲမှာ အသင်းခေါင်းဆောင်လုပ်ခွင့်မရခြင်းအပေါ် ဆာလာကမေးခွန်းထုတ်သည်။ ပဲလေ့စ်နဲ့ပွဲမှာ အရန်ခုံရောက်သွားသလို ဒုတိယပိုင်းမှကစားခွင့်ရသည်။ ရလဒ်က (၀-၇)ဖြစ်လို့သာ ဒီလောက်လူတွေစိတ်မဝင်စားတာဖြစ်သည်။ လီဗာပူးလ်ရလဒ်မကောင်းပါက ဆာလာကို ဘာကြောင့်မထည့်တာလဲဆိုတဲ့မေးခွန်းတွေပလူပျံလာနိုင်သည်။ ဆာလာနဲ့ ကလောပ့်ကြား အဖုအထစ်တွေတကယ်ရှိလားစိတ်ဝင်စားသည်။ မီဒီယာတွေကိုလည်း ယုံလို့မရ။ ပြဿနာမဖြစ်ရင်တောင်ဖြစ်ချင်လာအောင် လှုံ့ဆော်တတ်သည်။ အခုလည်း ဆာလာက စပိန်ကိုပြောင်းချင်သလိုလို …

Read More

၀ိန်းရွန်နီ (သို့) ယူနိုက်တက်အတွက် နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့သူ

ယူနိုက်တဒ် ရဲ့ ထာဝရအကောင်းဆုံးကစားသမားစာရင်းကို ချပြမယ်ဆိုရင် ဝိန်းရွန်းနီ ကို ပထမစာမျက်နှာကနေသွေဖီသွားစရာအကြောင်းမရှိ။ မန်ချက်စတာမှာမမွေးပဲ သေခဲ့တဲ့သူ၊ အသက်နဲ့ဝိဉာဏ် ကိုရင်ဘတ်ကတံဆိပ်အတွက် ရင်းခဲ့တဲ့သူ ပြီးတော့ ဂုဏ်သိက္ခာဆိုတာကို အသင်းလောက် တန်ဖိုးမထားတဲ့သူ ဒီလိုလူ မျိုးကို လက်ရှိယူနိုက်တဒ်မှာရှာပါဆိုရင် ဘယ်လိုမှ မတွေ့နိုင်တော့သလို သူပြောပြမယ့် သရဲနီ စိတ်ဓာတ်ဆိုတာကတော့ ဘဒ္ဒကမ္ဘာမှာ တိမ်‌မြုပ်ပျောက်ကွယ်သွားတဲ့အရာ။ရှူံးနေရင် ဆင်မုန်ယို သလို တရှုးရှုးနဲ့ ကမူးရူးထိုး …

Read More

ပေါဂ့်ဘာကိုရောင်းချခဲ့ရင် တိုက်ရိုက် အစားထိုးနိုင်မယ့် ကစားသမား (၃)ဦး

ပေါလ်ပေါဂ့်ဘာနဲ့ ယူနိုက်တဒ် ရဲ့သတင်းတ္ကေ တစ်ရက်ထက်တစ်ရက် ပိုမိုဝေးကွာလာတဲ့ အနေထားကိုရောက်လာပြီး ပြင်သစ် နည်းပြကိုယ်တိုင်က သူ့ကစားသမားဟာ မန်ချက်စတာမှာမပျော်ရွှင်ဘူးလို့ ောတိလင်းပြောကြားခဲ့ပြီးနောက် လမ်းခွဲကနီးစပ်လာပါပြီ။ လမ်းခွဲဖို့ နီးလာတာနဲ့့အမျှယူနိုက်တဒ် အနေနဲ့လည်းအစားထိုးခေါ်ယူမယ့် ကစားသမားတွေကို ယခုထဲကရှာဖွေနေပြီး လက်ရှိ ဘောလုံးကမ္ဘာမှာ ပေါဂ့်ဘာကို ရောင်းချပြီး ယူနိုက်တဒ်အတွက် လုပ်လို့ရတဲ့အခြေအနေသုံးခုကို ဖော်ပြပေးလိုက်ပါတယ်။ကမ္ဘာပေါ်မှာအစားထိုးလို့မရတဲ့ ကစားသမားမရှိပဲ အစားထိုးမှု့ပျက်ကွပ်တာပဲရှိတာပို ဦးစွာပြောပါရစေ။ ၃) ဂျက်ဂရေးလရှ် ပေါဂ့်ဘာက …

Read More

Comeback Kings ဆိုတာ ရယ်ဒီမိတ်ကော်ဖီတစ်ခွက်မဟုတ်ခဲ့ဘူး

Nကြယ်မင်း ညက ရှက်ဖီး-မန်ယူပွဲကြည့်ဖြစ်ပါတယ်။ အဲ့ဒီတစ်ပွဲစာမှာပဲ ပြောစရာတွေကအများကြီးပါ။ ဒီမှာ ဘာမှလုပ်မပြနိုင်သေးတဲ့ ဟန်ဒါဆင်ကို သူအငှားသွားကစားခဲ့တဲ့ ရှက်ဖီးနဲ့တွေ့မှ အရေးပေါ်ထုတ်သုံးခဲ့တာ ဘာကြောင့်များပါလိမ့်။ ပွဲထွက်လူစာရင်းမှာ သူ့ကိုတွေ့လိုက်ကတည်းက အနံ့ဆိုးတွေရခဲ့တယ်။ ပေးလိုက်ရတဲ့နှစ်ဂိုးလုံးဟာ သူ့ရဲ့ကြောင်အမှုတွေကပဲလာခဲ့တာပါ။ဆိုးလ်ရှားဟာ ရေခဲတုံးပေါ်ကမျက်နှာသွင်ပြင်ရှိပေမယ့် သူ့အတွင်းခန်းတွေမှာတော့ မလိုအပ်ဘဲ အသစ်အဆန်းဆင်လိုခြင်း၊ အဲ့ဒီကတစ်ဆင့် မလိုအပ်ဘဲ ပေါ်ပြူလာဖြစ်လိုခြင်းစိတ္တဇတွေ ပြည့်နေပုံရပါတယ်။ ဆိုးလ်ရှားဟာ ဒီလောက်ပဲလား..။ သူနဲ့ဆက်စပ်ပြီးလိုက်တွေးတော့ မန်ယူဟာ Comeback …

Read More

စံချိန်များသည် ရော်နယ်ဒို အတွက်သာဖြစ်သည်

ကြိုးစားရင်ဘုရားတောင်ဖြစ်နိုင်တယ်။ ဒါကကျနော်တို့လူငယ်ဘဝမှာ လူကြီးတွေဆုံးမနေကြစကားတစ်ခွန်း။ဘုရားဖြစ်ဖို့မွေးထဲကကံဇာတာမလိုဘူး အဆုံးစွန်‌သောကြိူးစားခြင်းပဲလိုအပ်တယ်။ဒါသည်ပင်လျှင် လူငယ်တစ်ယောက်အတွက် အကောင်းဆုံးစိတ်ခွန်အား… လူတိုင်းဟာ ငယ်ဘဝမှာအိမ်မက်အကြီးကြီးတွေမက်ခဲ့ဖူးကြလိမ့်မယ်။ အိမ်အကြီးကြီး၊ကားတွေအများကြီး၊လေယာဉ်အကောင်းစားတွေ ပြီးတော့ အလန်းဆုံးဆိုတဲ့ကောင်မလေးတွေ၊ ဒါတွေကို ပေါ်တူဂီ ရဲ့ ဆင်ခြေဖုံးရပ်ကွပ်က သာမန်ထပ်နိမ့်ကျတဲ့မိသားစုကနေပေါက်ဖွားလာတဲ့ ချာတိတ်လေးတစ်ယောက်လည်း စိတ်ကူးယဉ်နေမှာအသေချာ။‌ပေါ်တူဂီ ရဲ့လမ်းမတွေထက် ‌ခြေဗလာ နဲ့ ဘောလုံးကန်နေရင်း သူဟာတစ်နေ့မှာ ကမ္ဘာကျော်ကြီးဖြစ်လိမ့်မယ်လို့ တွေးကောင်းတွေးနေနိုင်တယ်၊ဒါမှမဟုတ်လည်းသူအခုကန်နေတာ လူးဝစ်ဖီဂို လိုခြေစွမ်းတွေလို့ ကိုယ့်ဟာကိုယ်အထင်ကြီးမှု့လည်းဖြစ်နေနိုင်တယ်။ ” အဖေ့ကို …

Read More

မြန်နှုန်းမြင့်မောင်းနှင်လာတဲ့ ဆောက်သမ်တန်ကားကို လိုင်စင်ဖမ်းစစ်ခြင်း

ဒီကမ္ဘာကြီးထဲ အောင်နိုင်ခဲ့မှုတွေရှိခဲ့တယ်ဆိုရင် ရပ်တန့်သွားသောအောင်နိုင်ရေးတွေဆိုတာလည်း ရှိရပါလိမ့်မယ်။ဒါဟာ ထုံးစံပါပဲ။ ဒါဟာ ဘုရားသခင်ပေးသနားထားတဲ့ ကိုယ်စီဥပဓိတွေလည်းဖြစ်ပါတယ်။ တစ်ချိန်က ပရီး မီးယားလိဂ်ရဲ့ အဆုံးမရှိပြိုင်မြင်းနှစ်ကောင်၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ ချစ်ခင်စွာသော idol နှစ်သင်းဖြစ်တဲ့ မန်ယူနဲ့အာဆင်နယ်တို့ ဒီအချိန်မှာ ဘယ်တောဘယ်တောင်ရောက်နေသလဲဆိုတာ ဒီအတွေးရဲ့အနားသပ်တစ်ခုလို့ဆိုရပါလိမ့်မယ်။ မန်ယူက အဆင့် ၁၀၊ အာဆင်နယ်က အဆင့် ၁၂ထိရောက်နေကြပြီး ဒီရာသီမှာ ပရိသတ်တွေကို ၃ပွဲထက်ပိုပြီး …

Read More

ရော်နယ်ဒိုအတွက် ကမ္ဘာကျော်တို့ရဲ့ မှတ်ချက်ပြုစကားများ

မဆုတ်မနစ်ကြိုးစားမှု့၊ တိကျတဲ့စီမံခန့်ခွဲမှု့၊ဘဝမမေ့တတ်မှု့၊မိသားစုကိုစောင့်ရှောက်တတ်မှု့ တို့နဲ့အတူ ဆာအဲလက်စ် ရဲ့ သွန်သင်မှု့တွေအောက်မှာ ရော်နယ်ဒို ဆိုတဲ့ အပင်ကြီး ကြီးထွားလာခဲ့တာ ယခုဆိုရင်တော့ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ဆယ်စုနှစ်နှစ်ခုကျော်တိုင်ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။သွင်းဂိုးပေါင်း ၇၀၀ကျော်နဲ့အတူ ဆုတံဆိပ်ပေါင်း ၅၀ ကျော်ကိုပိုက်ပြီး တစ်ချိန်က မိုက်ကယ်ဂျက်ဆင်ထက်ပိုကြီးတဲ့အိမ်မှာသားထားမယ် လို့ ပြောခဲ့တဲ့ရော်နယ်ဒိုတစ်ယောက်သူ့ရဲ့အိမ်မက်တွေကို ထုစစ်ပုံဖော်နိုင်ခဲ့ပြီးမိသားစုကိူ သူထားချင်တဲ့ အမြင့်ဆုံးနေရာမှာသူထားနိုင်ခဲ့ပါပြီ။ယူနိက်တဒ်ကနေစတဲ့ကစားသမားဘဝကိုတော့ စာလုံးတွေနဲ့ပုံဖော်တာထက် ဂန္နဝင်ကြီးတွေရဲ့မှတ်ချက်နဲ့ပဲ ကျနော်တို့မြင်ယောင်ကြည့်ရအောင်ပါ။ လူတွေကအမြဲတမ်း ဂျောချ့်ဘတ်စ်အသစ်ထွက်ပေါ်လာပြီလို့ပြောနေကြတယ်။ဒီတစ်ခါတော့အမှန်ကတယ်ပါပဲ။သူ(ရော်နယ်ဒို) ကကျနော့်နောက်တစ်ယောက်ပဲ။”ဂျောခ်ျ့ဘတ်စ်(ယူနိက်တဒ်ဂန္နင်တိုက်စစ်မှုး) …

Read More