တော့တင်ဟမ်ကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့တဲ့ အန်ဒရီဂိုမက်စ်

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဘာစီလိုနာကနေ အဲဗာတန်အသင်းမှာ အငှားနဲ့လာရောက်ကစားနေတဲ့ ကွင်းလယ်လူ အန်ဒရီဂိုမက်စ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီရာသီမှာ အဲဗာတန်အတွက် အကောင်းဆုံးခြေစွမ်းပြနေပြီး အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့တဲ့ ဂိုမက်စ်ကို ပိုချက်တီနိုက လာမယ့်ရာသီမှာ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ကတ်တလန်အခြေစိုက် SPORT ရဲ့ ဖော်ပြချက်အရ ကစားသမားနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့ကို သဘောတူညီမှု ရရှိခဲ့ပြီး ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာ …

Read More

မန်စီးတီးရဲ့ အောင်ပွဲခံပါတီကို ဖျက်စီးပစ်မယ်လို့ ဘရိုက်တန်ကစားသမားများ ကြုံးဝါး

ပရီးမီးယားလိဂ်ပွဲစဉ် နောက်ဆုံးပွဲအဖြစ် မန်စီးတီးနဲ့ ကစားရမယ့် အိမ်ကွင်းပွဲကို အနိုင်ကစားပြီး မန်စီးတီးရဲ့ ချန်ပီယံမျှော်လင့်ချက်ကို ရိုက်ချိုးပစ်မယ်လို့ ဘရိုက်တန်ကစားသမားတွေက ရည်ရွယ်နေပါတယ်။ ဘရိုက်တန်ဟာ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်နေခဲ့တဲ့ အသင်းအဖြစ် ရှိနေခဲ့ပြီဖြစ်ပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို ဆက်လက်ကစားခွင့် ရရှိဦးမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရိုက်တန်ကစားသမားတချို့ကတော့ မန်စီးတီးနဲ့ပွဲကို အနိုင်ကစားဖို့အတွက် စိတ်အားထက်သန်နေကြပါတယ်။ ဘရိုက်တန်ဂိုးသမား မတ်ရွိုင်ယန်က “ကျွန်တော့် သူငယ်ချင်းတွေ …

Read More

ချယ်လ်ဆီးရဲ့ တစ်နှစ်တာအကောင်းဆုံးဆု (၃)ခုကို သိမ်းကျုံးယူခဲ့တဲ့ ဟာဇက်

ချယ်လ်ဆီးအသင်းရဲ့ အားထားရတဲ့ ကစားသမား အီဒင်ဟာဇက်ကဟာ ပရိသတ်တွေက ရွေးချယ်တဲ့ ချယ်လ်ဆီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို (၄)ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။ ဟာဇက်ဟာ အသင်းဖော်တွေအချင်းချင်း ရွေးချယ်ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးဆုကိုလည်း ရရှိခဲ့သလို ကာရာဘောင်းဖလားပွဲမှာ လီဗာပူးလ်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးကလည်း တစ်ရာသီတာအကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဟာဇက်ကတော့ ဒီရာသီမှာ ချယ်လ်ဆီးအတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသနေသူဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုး (၁၉)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၆)ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပြီး …

Read More

ရော်နယ်ဒို၊ ရွန်နီတို့နဲ့ ဥပမာပေးပြီး ကစားသမားတွေကို တိုးတက်စေဖို့ ဆိုးလ်ရှား တိုက်တွန်း

ယူနိုက်တက်နည်းပြဆိုးလ်ရှားက အသင်းရဲ့ ကစားသမားတွေကို တိုးတက်လာဖို့အတွက် သတိပေးပြောဆိုခဲ့ပြီး ရော်နယ်ဒို၊ ရွန်နီတို့နဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဒီရာသီမှာ အဆင့် (၆)နေရာနဲ့သာ ရာသီကုန်ဆုံးဖို့ ရှိနေပြီး ယူရိုပါလိဂ်ပြိုင်ပွဲဝင်ရောက်ခွင့်နဲ့သာ ကျေနပ်ရတော့မယ့် ယူနိုက်တက်ကို လာမယ့်ရာသီမှာ တောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်လာစေဖို့ ဆိုးလ်ရှားက အလိုရှိနေပါတယ်။ “ယူနိုက်တက်က အသင့်သုံးကစားသမားတွေနဲ့ ဖွဲစည်းခဲ့တဲ့ အသင်းမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်၊ ရော်နယ်ဒို၊ ရွန်နီတို့က အသင့်သုံးကစားသမားတွေမဟုတ်ပါဘူး၊ ဒီကိုရောက်လာတဲ့ …

Read More

ကာဒစ်နဲ့ပွဲကို ယူနိုက်တက်ကစားသမားဘ၀ နောက်ဆုံးပွဲအဖြစ် ပါဝင်မယ့် ကစားသမား

ကာဒစ်အသင်းနဲ့ ကစားမယ့် ရာသီကုန်နောက်ဆုံးပွဲစဉ်မှာ အသင်းခေါင်းဆောင်ညာနောက်ခံလူ ဗလန်စီယာ ပါဝင်ကစားမယ်လို့ နည်းပြဆိုးလ်ရှားက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ ဗလန်စီယာကတော့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး (၁၀)နှစ်ကြာ ကစားခဲ့တဲ့ ယူနိုက်တက်ကစားသမားဘ၀ကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ၀ီဂန်ကနေ ယူနိုက်တက်ကို ရောက်ရှိခဲ့ပြီး အသင်းအတွက်အကောင်းဆုံးကစားပေးခဲ့တဲ့ အီကွေဒေါလက်ရွေးစင်ကစားသမားဟာ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်မှာမဟုတ်တဲ့အတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိမှာလည်း …

Read More

ယူရိုပါလိဂ်ဖိုင်နယ်က သူ့အတွက် နောက်ဆုံးပွဲလို့ သုံးနှုန်းသွားခဲ့တဲ့ ဟာဇက်

ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့အပြီးမှာ ချယ်လ်ဆီးအသင်းရဲ့ အားထားရတဲ့ ကစားသမား အီဒင်ဟာဇက်က ယူရိုပါလိဂ်ဖလားကို ချယ်လ်ဆီးအသင်း ရရှိအောင် စွမ်းဆောင်ပေးမယ်လို့ ပြောဆိုခဲ့ပြီး သူ့ရဲ့အနာဂတ်ကိုပါ အရိပ်အမြွက်ပြောဆိုသွားခဲ့ပါတယ်။ ဖရန့်ဖတ်နဲ့ နှစ်ကျော့ပေါင်း (၂)ဂိုးစီ သရေကျခဲ့အပြီးမှာ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ချယ်လ်ဆီးက အနိုင်ရရှိခဲ့ပါတယ်။ ဒီရာသီမှာ ချယ်လ်ဆီးအတွက် ဟာဇက်က အထူးခြေစွမ်းပြကစားပေးနေခဲ့ပြီး အမှတ်ပေးဇယားအဆင့် (၃)နေရာကို ရရှိအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ ဟာဇက်က အသင်းကို …

Read More

ယူနိုက်တက်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လုခ်ရှော ဆွတ်ခူး

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ လုခ်ရှောဟာ အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ အသက် (၂၃)နှစ်အရွယ် နောက်ခံလူဟာ ဒီရာသီမှာ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေနဲ့ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက်မှာ ပရိသတ်တွေရဲ့ ရွေးချယ်မှု၊ အသင်းဖော်အချင်းချင်းရွေးချယ်မှုနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပါရဲရားရဲ့ သွင်းဂိုးကတော့ အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အရန်အသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် တာဟစ်ချောင်က ရွေးချယ်ခံခဲ့ရတယ်လို့ သိရပြီး …

Read More