အိတ်ကပ်ပါးလာတဲ့နောက် ဆန်ချိုကိုရောင်းပြီး ငွေပြန်ဖြည့်ရတော့မယ့် ဒေါ့မွန်

မန်ယူနိုက်တဒ်အသင်းက အတော်လေးအလိုရှိခဲ့ချိန်က ရောင်းချခြင်းမပြုလုပ်ပဲ ဈေးတင်းခံကာ နေခဲ့တဲ့ ဒေါ့မွန်အတွက် ကိုဗစ် စီးပွားရေးအခက်ခဲအတွင်း ကျပ်တည်းလာတာကြောင့် ဂျေဒန်ဆန်ချိုကို မဖြစ်မနေရောင်းချရတော့မယ်လို့ သိရပါတယ်။ဒေါ့မွန်အနေနဲ့ ပြီးခဲ့တဲ့နွေမှာ သန်း(၁၂၀) ကိုလက်ငင်းချေရမယ်လို့ ဈေးတင်းခံခဲ့ပြီးနောက် ယူနိုက်တဒ်ကနောက်ဆုတ်သွားလို့ ငွေအဝင် မရှိခဲ့သလို ကစားသမားနဲ့လည်းအခြင်းများခဲ့ကြပါသေးတယ်။ ဆန်ချိုက ယူနိုက်တဒ်ကိုပြောင်းရွှေ့လိုတာကြောင့် အသင်းလူစာရင်းကနေထွက်ခွာကာ အဂ်လန်ထိပြန်လာခဲ့ပေမယ့်လည်း အဆုံးသတ်မှာတော့အပြောင်းရွှေ့ပြက်ပြယ်ကာ ယူနိုက်တဒ်ကို ပြောင်းလာခြင်တာကအဆုံးသတ်သွားပါတယ်။ ယူနိုက်တဒ် အနေနဲ့ ဆန်ချိုကိုထိပ်တန်းပြစ်မှတ်အဖြစ် …

Read More

မက်ဆီ၊ရော်နယ်ဒို၊ဇလာတန် တို့နဲ့အတူ သမိုင်းမှတ်တိုင် စိုက်ထူခဲ့တဲ့ လီဝန်ဒေါစကီး

ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှုး လီဝန်ဒေါစကီး ဟာ ရှော်လ်ကေး အသင်းကို အနိုင်ရတဲ့ ဘွန်ဒစ်လီဂါ ပွဲမှာ ဂိုးသွင်းယူပြီးနောက် စီနီယာ ကစားသမားဘဝသွင်းဂိုး(၅၀၀)ပြည့်မြောက်သွားပြီလည်းဖြစ်ပါတယ်။ဒီပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းဟာ ရှော်လ်ကေး အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ် အသင်းအတွက် ဂိုးတွေကို လီဝန်ဒေါစကီး အပါအဝင် မူလာက (၂)ဂိုး၊ အလာဘာ က (၁)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီး ဟာ ဒီပွဲမှာ …

Read More

ဘဏ္ဍာရေးပြသနာကြောင့် အလွတ်ရမယ်ဆို ဆင်တောင်ခေါ်ဖို့ကြံနေတဲ့ ဘာကာ

ာစီလိုနာတို့ကတော့ ဘဝပျက်ချက်ကမြင်မကောင်းအောင်ပဲ အတော် အခြေအနေဆိုးနေပါတယ်။ ဘာစီလိုနာ ဆိုတာ ဥရောပရဲ့အဆင့်မြင့်ဆုံး အသင်းကြီးဖြစ်တဲ့ အပြင် ငွေကြေးခိုင်မာမှု့အရလည်း အားကောင်းလို့ ဖော့ဘ်စ် ကထုတ်ပြန်မှု့တိုင်းမှာ အမြဲတမ်းအဆင့် သုံးအတွင်းဝင်တဲ့အသင်းတစ်သင်းပါ။ နေမာကိုရောင်းချခဲ့ပြီးနောက် ကစားသမားသုံ့းဦးကို ပေါင်သန်း(၅၀၀) နီးပါးပေးချေကခေါ်ယူခဲ့ပြီးနောက် ဘာစီရဲ့အနေထားတွေက မြွေကနေ ဖားဖြစ်သွားသလား ထင်ရအောင် အခြေအနေကဆိုးလာပါတယ်။ ဘာစီဟာ ဘိုင်ယန်ကို (၈-၂) နဲ့အရေးနိမ့်ခဲ့ပြီးနောက် လက်ရှိအချိန်မှာကစားသမားတွေ လက်လွှတ်နေရသလို …

Read More

ဆန်ချို တိုက်ပွဲမှာ ဝင်ပါလာတဲ့ တော်ဝင်မက်ဒရစ် နဲ့ အီတလီ မာဖီးယားများ

မန်ယူနိုက်တဒ် အသင်း က ဒေါ့မွန်တိုက်စစ်မှုး ဂျေဒန်ဆန်ချို အတွက် ပြင်ဆင်မှု့တွေပြုလုပ်နေချိန်မှာ စပိန်အင်အားကြီးကလပ်နှစ်သင်းဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့က အဂ်လန် သားရဲ့ လက်မှတ်ရရှိရေးပွဲမှာ ဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။ ဥရောပရဲ့အသက် (၂၀) အောက် အကောင်းဆူံး ကစားသမားဖြစ်တဲ့ ‌ဆန်ချို ကို ခေါ်ယူဖို့ စပိန်ဘီလူး နှစ်သင်းကလည်း စိတ်ဝင်စားနေပြီး သူတို့ရဲ့ အနာဂတ်ရင်းနှီးမြှပ်နှံမှု့အဖြစ် သတ်မှတ်ထားကြပါတယ်။ …

Read More

စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ တိုက်စစ်မှူးခေါ်ဦးမယ့် ရေနံတွင်းခွထိုင်ထားတဲ့ လမ်းပတ်

ချဲလ်ဆီးဟာ ယူရိုသန်း(၅၀) တန်တိုက်စစ်မှုး တီမိုဝါနာ ကို လိုက်ပဇ် ကနေ ခေါ်ယူပြီးနောက် အခြေအနေတွေကထင်သလို မဖြစ်လာခဲ့တဲ့နောက်ကစားသမားအသစ်ခေါ်ယူဖို့ပြင်ဆင်လာပါတယ်။တီမိုဝါနာ ဟာ လက်ရှိရာသီမှာ ကာရာဘောင်နဲ့ အဖ်အေမှာသာ ဘောင်ဝင်သလို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာတော့ တိုင်ပတ်နေပါတယ်။ဝါနာ အနေနဲ့ လက်ရှိအခြေအနေအရ ပရီးမီးယားလိဂ် မှာ ဝါနာ က အံဝင်ဖို့မလွယ်တဲ့အပြင် တိုက်စစ်မှုးအဖြစ်ကစားနေရချိန်တွေမှာ ဒုက္ခနဲ့လှလှတွေ့နေပါတယ်။ လိုက်ပဇ် မှာ ဘယ်တောင်ပံတိုက်စစ်ကနေ …

Read More

ခြွင်းချက်မရှိအကောင်းဆုံးတိုက်စစ်မှုးဆိုတာကို မှတ်တမ်းတွေနဲ့ သက်သေထူခဲ့တဲ့ လီ၀န်ဒေါစကီး

ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှုး လီဝန်ဒေါစကီး ဟာ မနေ့က ကစားခဲ့တဲ့ ဖရိုင်းဘတ် အသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူပြီးနောက် ဂျာမန်ဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာ စံချိန်သစ်တစ်ခုရရှိသွားခဲ့ပါတယ်။လီဝန်ဒေါစကီး ဟာ ဘိုင်ယန်မြူးနစ် အသင်းက ဖရိုင်းဘတ် အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ပွဲချိန်(၇)မိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။လီဝန်ဒေါစကီး ဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ရာသီဝက်မပြီးခင်မှာပဲ သူ့ရဲ့သွင်းဂိုးဟာ (၂၁)ဂိုးအထိရှိပြီး စံချိန်သစ်တင်ခဲ့တာပါ။ ပိုလန်တိုက်စစ်မှုးဟာ ဘွန်ဒစ်လီဂါရာသီဝက်မပြီးခင်မှာ (၂၁)ဂိုးသွင်းယူနိုင်တဲ့ …

Read More

ရီးရဲလ်ကစားသမားဘဝရခဲ့တဲ့ စုစုပေါင်းသွင်းဂိုးကို ဖရန့်ဖတ်မှာ ၂၈ မိနစ်နဲ့ရခဲ့တဲ့ ဂျိုဗစ်

ရီးရယ်လ် ကစားသမားဘဝမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ လူကာဂျိုဗစ် တစ်ယောက် ကတော့ ဘွန်‌ဒစ်လီဂါ ကလပ် ဖရန့်ဖတ်ကို ပြန်အလာမှာပဲ သူ့ရဲ့အကောင်းဆုံးပုံစံကို ရှာတွေ့ခဲ့ပြီး သွင်းဂိုးတွေရယူကာ အသင်းကို နိုင်ပွဲရအောင် ကြိုးစားသွားခဲ့ပါတယ်။ဖရန့်ဖတ် အသင်းဟာ မနေ့က ဘွန်ဒစ်လီဂါ ပွဲစဉ်အဖြစ် ရှော်လ်ကေး အသင်းနဲ့ ကစားခဲ့ရာမှာ (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ လူကာဂျိုဗစ် ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၆၂)မိနစ်မှ ဖရန့်ဖတ် …

Read More

သတင်းထောက်ကို ရှုံးမဲမဲခဲ့တဲ့ သောမတ်စ်မူလာ

ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ဂျာမန်ပိုကယ်လ်ဖလား ပွဲစဉ်မှာ ဟိုလ်စတိန်းကီရယ်လ် အသင်းကို အံအားသင့်ဖွယ်အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီဖြစ်ပါတယ်။လက်ရှိချန်ပီယံ အသင်းဟာ ဂျာမန်ဒုတိယတန်းမှာ ရှိနေတဲ့ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တာပါ။ဘိုင်ယန်မြူးနစ် အသင်း တိုက်စစ်ကစားသမား သော်မတ်မူလာ ကတော့ ရှုံးပွဲကြောင့် အင်တာဗျုးဖြေဆိုရာမှာ သတင်းထောက်ကို ဒေါသထွက်နေခဲ့တယ်လို့ metro သတင်းက ဖော်ပြထားပါတယ်။ ဘိုင်ယန်မြူးနစ် …

Read More

အဝေးကွင်းမှာ ပျားတုပ်ခံရပြီး ပိုကယ်ဖလားက ထွက်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်

ဂျာမန်ပိုကယ်ဖလားလက်ရှိချန်ပီယံဘိုင်ယန်မြူးနစ်အသင်းဟာ မနေ့ကကစားခဲ့တဲ့ ပိုကယ်ဖလားပြိုင်ပွဲ ဒုတိယအဆင့်မှာပဲ ဘွန်ဒက်လီဂါ (၂) က ဟိုလ်စတိုင်းကီရယ်လ်အသင်းကို ပယ်နယ်တီနဲ့ အရေးနိမ့်ကာ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ဒီလိုထွက်ခွာခဲ့ရမှုဟာ ၂၁ နှစ်အတွင်းမှာ ဒုတိယအဆင့်ကနေ ၂ကြိမ်မြောက်ထွက်ခွာခဲ့ရမှုအဖြစ်နဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘိုင်ယန်ရဲ့ ပွဲထွက်လူစာရင်းမှာ အသင်းကြီးကစားသမားအများစုပါဝင်လာခဲ့ပြီး တိုက်စစ်ပိုင်းကို နာဘရီနဲ့ မူလာတို့က ဦးဆောင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးတွေကိုလည်း ဘိုင်ယန်က စတင်သွင်းယူနိုင်ခဲ့ပြီး ၁၄ မိနစ်မှာ နာဘရီက …

Read More

လိဂ်ရဲ့အကောင်းဆုံးကစားသမားတွေကို လိုက်သိမ်းနေတဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ် အသင်းဟာ အခုလထဲမှာပဲ လိုက်ပ်ဇစ် အသင်းနောက်ခံလူ အူပါမီကာနို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဆွေးနွေးမှုတွေကို အဆင့်မြင့်တင်ကာ ပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။ဂျာမန်ချန်ပီယံဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် အလာဘာ ရဲ့နေရာမှာ အစားထိုးဖြည့်တင်းဖို့ အခုထဲကပြင်ဆင်နေခဲ့တာလည်းဖြစ်ပါတယ်။ အလာဘာ နဲ့ ဘိုင်ယန်မြူးနစ် တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ဩစတြီးယား ကစားသမားဟာ …

Read More