ရော်နယ်ဒို၊ မက်ဆီ၊ အမ်ဘာပေနဲ့ ဟာလန်းတို့ကိုပိုင်ပြီလို့ ကြွေးကြော်နေတဲ့ နယူးကာဆယ်ပရိသတ်များ

နယူးကာဆယ် ပရိသတ်တွေဟာ အသင်းကို ပိုင်ရှင်အသစ်က လက်လွှဲဝယ်ယူခဲ့ပြီးနောက် အသင်းအိမ်ကွင်း စိန့်ဂျိမ်းပါတ်ခ်ရှေ့မှာ စုဝေးအောင်ပွဲခံခဲ့ပြီး ရေနံမြေက စီးဝင်လာတဲ့ ငွေကြေးတွေနဲ့အတူ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူဖို့အထိ အိပ်မက်မက်လာခဲ့ပါပြီ။ ပိုင်ရှင်ဟောင်း မိုက်အက်ရှ်လေနဲ့ နယူးကာဆယ်ပရိသတ်တွေအကြား အက်ကွဲကြောင်းက တော်တော်လေးကြီးမားခဲ့ပြီး မိုက်အက်ရှ်လေကလည်း နယူးကာဆယ်ကို ရောင်းချဖို့ ပြီးခဲ့တဲ့နှစ်တွေတည်းက ကြိုးစားခဲ့တာပါ။ ဘင်ဆာလ်မန်ကလည်း ပြီးခဲ့တဲ့ (၂၀၂၀) မှာ ဝယ်ယူဖို့ …

Read More

ပုရိသတွေရဲ့အသည်းကို ရက်ရက်စက်စက်ခွဲချလိုက်တဲ့ ဆွန်ဟောင်မင်

စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်နဲ့ ကမ္ဘာကျော် ကေပေါ့ပ်ဂီတအဖွဲ့ BLACKPINK အဖွဲ့က Jisoo တို့ ငြိစွန်းနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၉)၊ စက်တင်ဘာတုန်းက Jisoo ဟာ စပါးရဲ့အိမ်ကွင်းမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တစ်ပွဲကို လာရောက်ကြည့်ရှုခဲ့သေးတာပါ။ အဲ့ဒီတုန်းက ပုံရိပ်တွေကိုလည်း Jisoo က သူ့ရဲ့အင်စတာဂရမ်မှာတင်ထားခဲ့ပြီး တောင်ကိုရီးယားလက်ရွေးစင်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်နဲ့ပတ်သက်လို့ အားပေးစကားတွေလည်း ပြောကြားခဲ့ဖူးပါတယ်။ ဒီလိုမျိုးတွေဖြစ်ခဲ့ပြီး (၂) နှစ်ကြာမြင့်မှသာ …

Read More

ရပ်ရှ်ဖို့ဒ်+ရော်နယ်ဒို+ဆန်ချို တိုက်စစ်အတွဲနဲ့ ပရီးမီးယားလိဂ်မှာကြမ်းဖို့ မီးစိမ်းပြလိုက်တဲ့ ရပ်ရှ်ဖို့ဒ်

ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ မနေ့က ဘလက်ဘန်းနဲ့ ကစားခဲ့တဲ့ တံခါးပိတ်ခြေစမ်းပွဲမှာ အသင်းအတွက် ပွဲထွက်ပါဝင်ခဲ့ပြီး အနိုင်ဂိုး (၂) ဂိုးလည်း သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဘလက်ဘန်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဒီပွဲဟာ ဒဏ်ရာက ပြန်လာတဲ့ ရပ်ရှ်ဖို့ဒ်အတွက် ကျေနပ်စရာ ပွဲတစ်ပွဲလည်းဖြစ်ခဲ့မှာပါ။ ရပ်ရှ်ဖို့ဒ်ဟာ ကာလရှည်ခံစားခဲ့ရတဲ့ ပခုံးဒဏ်ရာကို ယူရို-၂၀၂၀ အပြီးမှာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး …

Read More

ရော်နယ်ဒိုကို စျေးပေါပေါနဲ့ခေါ်ပြီး ပေါင်သန်း (၅၅၀) အိတ်ထဲထည့်သွားတဲ့ ဂလေဇာမိသားစု

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နှောင်းပိုင်းမှာ အသင်းရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုကို ဂျူဗင်တပ်စ်ကနေ ပြောင်းရွှေ့ကြေး ယူရို (၂၃) သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒီယူရို (၂၃) သန်းဟာ အပိုဆုကြေးတွေပါဝင်မှ ပေးချေရမှာဖြစ်ပြီး ကနဦးပြောင်းရွှေ့ကြေး ယူရို (၁၅) သန်းကိုလည်း (၂၀၂၆) အထိ (၅) နှစ် အရစ်ကျ ပေးချေရမှာပါ။ ဒါပေမယ့် ရော်နယ်ဒိုရောက်ရှိလာတာက …

Read More

မိုးရွာထဲနေမလား၊ နေသာတဲ့နေရာကိုလာမလားဆိုတဲ့စကားနဲ့ အင်္ဂလန်အတွက် တိုက်စစ်မှူးတစ်ယောက် မွေးထုတ်ပေးလိုက်တဲ့ မော်ရင်ဟို

ရိုးမားနည်းပြ မော်ရင်ဟိုဟာ သူ့အသင်းဟောင်း ချဲလ်ဆီးက တိုက်စစ်မှူး အေဘရာဟမ်ကို ရိုးမားမှာ အကောင်းဆုံး အရောင်တင်ပေးနေပြီး လက်ရှိအချိန်မှာတော့ အေဘရာဟမ်က ဒီတစ်ပတ်ကစားမယ့် နိုင်ငံတကာပွဲစဥ်တွေအတွက် အင်္ဂလန်လက်ရွေးစင်မှာပါ ပြန်လည်ရွေးချယ်ခံရပြီဖြစ်ပါတယ်။ အေဘရာဟမ်ဟာ ချဲလ်ဆီးမှာ စိတ်ပျက်ဖွယ်အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့နွေရာသီမှာတော့ မော်ရင်ဟိုရဲ့ ခေါ်ယူမှုနဲ့အတူ အီတလီမြေကို ရောက်ရှိလာခဲ့တာပါ။ ရိုးမားမှာတော့ အေဘရာဟမ်က အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး ရိုးမားအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး …

Read More

ဗလတောင့်လာဖို့အတွက် ညဥ့်နက်သန်းခေါင်မှာ ဖောင်းဒိုင်းထမလုပ်ဖို့ တားမြစ်ခံခဲ့ရတဲ့ မက်ဆီ

PSG တိုက်စစ်ကစားသမား မက်ဆီဟာ အသင်းဟောင်း ဘာစီလိုနာမှာ နည်းပြဟောင်း ဂွါဒီယိုလာနဲ့ လက်တွဲခဲ့ချိန်တုန်းက ထူးထူးဆန်းဆန်းတားမြစ်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကဘာလဲဆိုရင်တော့ မက်ဆီအနေနဲ့ သူ့ရဲ့ကြွက်သားတွေ တောင့်တင်းကျစ်လျစ်လာဖို့အတွက် ဇနီးသည် အန်တိုနယ်လာနဲ့ ညဥ့်နက်သန်းခေါင်မှာ လိင်မဆက်ဆံဖို့ပဲဖြစ်ပါတယ်။ ဒီတားမြစ်ချက်ကို ဂွါဒီယိုလာကိုယ်တိုင်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာ ဘာစီလိုနာနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့တစ်လျှောက်လုံး မက်ဆီကို ဒီကိစ္စနဲ့ပတ်သက်လို့ တားမြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ မန်စီးတီးမှာ …

Read More

ရော်နယ်ဒိုကိုလား??? အေးဆေးထိန်းပြမယ်လို့ လှောင်ပြုံးလေးနဲ့ပြောသွားတဲ့ အာဆင်နယ်နောက်ခံလူ

အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်က အာဆင်နယ်ရဲ့ Twitch ချန်နယ်က အမေးအဖြေ ကဏ္ဍတစ်ခုမှာ ရော်နယ်ဒိုကို အေးဆေးထိန်းပြမယ်လို့ လှောင်ပြုံးလေးနဲ့ ပြောကြားသွားခဲ့ပါတယ်။ ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘရိုက်တန်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) နဲ့ ရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးအပေါ် မေးခွန်းထုတ်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကစားသမားပါ။ ဘန်ဝှိုက်ဟာ အာဆင်နယ်အတွက် ပထမဆုံး ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာတင် ဘရန့်ဖို့ဒ်ကို …

Read More

မက်ဆီနဲ့နေမာကိုတောင် တစ်ပြန်ကြီး သတိပေးစကားဆိုလိုက်သေးတဲ့ အမ်ဘာပေ

PSG တိုက်စစ်ကစားသမား အမ်ဘာပေက တိုက်စစ်တွဲဖော် နှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့နေမာတို့ကို သတိပေးစကား ပြောကြားလိုက်တယ်လို့ သိရှိရပါတယ်။ အမ်ဘာပေဟာ ဒီရာသီမှာ ကွင်းပြင်ပဆိုင်ရာပြဿနာတွေနဲ့ လုံးပမ်းနေရတယ်လို့ဆိုနိုင်ပြီး ပြင်သစ်ဘောလုံးလောကအတွက် မီဒီယာတွေရဲ့ အထူးအာရုံစိုက်နေခဲ့ရသူတစ်ယောက်ပါ။ အမ်ဘာပေနဲ့ ရီးရဲယ်မက်ဒရစ်၊ PSG တို့အကြား သုံးပွင့်ဆိုင်ဇာတ်လမ်းက အပြောင်းအရွှေ့ချိန်မဟုတ်သည့်တိုင် တော်တော်လေးဆူညံပွက်လောရိုက်နေပြီး ဒီအပေါ်မှာလည်း PSG အားကစားဒါရိုက်တာ လီယိုနာဒိုကိုယ်တိုင်က ပေါက်ကွဲခဲ့ပြီးပါပြီ။ ဒါပေမယ့် အမ်ဘာပေရဲ့ …

Read More

ကာကွယ်ဆေးမထိုးဘဲ ဂဂျီဂဂျောင်လုပ်နေတဲ့ ယူနိုက်တက်ကစားသမားများ

ယူနိုက်တက်ကစားသမားအများစုဟာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံလိုခြင်းမရှိဘဲ လက်ရှိအချိန်အထိ ငြင်းဆန်နေဆဲလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်နဲ့အင်္ဂလန်က ကစားသမားတော်တော်များများဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ ငြင်းဆန်နေကြပြီး ဒီအပေါ်မှာလည်း တာဝန်ရှိသူတွေက ခေါင်းကိုက်နေရတယ်လို့ဆိုပါတယ်။ အင်္ဂလန်လက်ရွေးစင် ကစားသမားတွေကလည်း ကာကွယ်ဆေးထိုးဖို့ အင်တင်တင်လုပ်နေခဲ့တာကြောင့် (၂၀၂၂)၊ ကာတာကမ္ဘာ့ဖလားမျှော်လင့်ချက်ကို ထိခိုက်နိုင်တယ်လို့ သတိပေးမှုတွေလည်းရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာရှိတဲ့ အသင်း (၇) သင်းကသာ သူတို့ ကစားသမားတွေရဲ့ (၅၀) ရာခိုင်နှုန်းကျော်က …

Read More

စားသောက်ဆိုင်ထဲမှာ ဂွါဒီယိုလာသမီးနဲ့ အနမ်းချင်းဖလှယ်ခဲ့တဲ့ စပါးကစားသမား

စပါးကွင်းလယ်လူ ဒယ်လီအလီဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့သမီးနဲ့အတူ နေ့လယ်စာစားရင်း ချစ်ကြိုးသွယ်ခဲ့တာကို မီဒီယာတွေက အမိအရဖော်ပြခဲ့ပါတယ်။ အသက် (၂၅) နှစ်အရွယ် အဆိုပါ အင်္ဂလန်လူမျိုး ကွင်းလယ်လူဟာ အသက် (၂၀) အရွယ်သာရှိသေးတဲ့ မာရီယာနဲ့ လန်ဒန်မြို့က ဘားတစ်ခုမှာ အနမ်းချင်းဖလှယ်ခဲ့ကြတာပါ။ မာရီယာဟာ ဂွါဒီယိုလာရဲ့ သမီးအကြီးဆုံးလို့လည်း သိရပါတယ်။ ဓာတ်ပုံမှတ်တမ်းကိုတော့ Daily Mail သတင်းဌာနက ဖော်ပြခဲ့ပြီး …

Read More