ဖာဒီနန်တောင် ရင်ကွဲခဲ့ရတဲ့ မက်ဆီရဲ့ ပေးဆပ်ခဲ့မှု၊ တာဝန်ယူမှု

မန်စီးတီးနဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ပထမဆုံးဂိုးကို လှလှပပသွင်းယူခဲ့သလို အဆိုပါပွဲချိန်တွင်း အသင်းအတွက်ခံစစ်ပိုင်းထိပါ ဆင်းပြီး ကူညီပေးခဲ့တဲ့ အပြုအမူတွေကြောင့် မက်ဆီဟာ အားလုံးရဲ့ အားပေးမှုကို ထပ်မံရရှိခဲ့ပါတယ်။ မန်စီးတီးတို့ အလွတ်တည်ကန်ဘော ကန်သွင်းခွင့်ရချိန်မှာ မက်ဆီက လူတံတိုင်းနောက်မှာ လှဲချကာ ကာကွယ်ပေးနေတာဖြစ်ပြီး ရှားပါးတဲ့မြင်ကွင်းကို အားလုံးမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာ ဘတ်ပီကလည်း အလားတူကာကွယ်မှုမျိုး ပြုလုပ်ပေးခဲ့ပေမယ့် မက်ဆီပြုလုပ်ချိန်မှာတော့ BT Sports ကတဆင့် …

Read More

နောက်ထပ်သွင်းဂိုးတွေလာဦးမယ်လို့ သွယ်ဝိုက်သတိပေးလိုက်တဲ့ မက်ဆီ

မန်စီးတီးနဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပြီးနောက် မက်ဆီက သူ့ရဲ့ နောက်ထပ်သွင်းဂိုးတွေကို မြင်တွေ့စေရမယ်လို့ အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။ မက်ဆီဟာ သူ့ရဲ့ ပထမဆုံးဂိုးအတွက် ကျေနပ်ပျော်ရွှင်နေပြီး ပြီးပြည့်စုံတဲ့ ညတစ်ညကို ရရှိခဲ့တယ်လို့ ပြောဆိုခဲ့ကာ လက်ရှိခြေစွမ်းကို ထိန်းသိမး်သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။ ပြင်သစ်ကလပ်အတွက် ၄ ပွဲမြောက်အဖြစ် ကစားခဲ့ချိန်မှာမှ မက်ဆီက ဂိုးစသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ပွဲလုံးလိုလို မက်ဆီက ခြေစွမ်းပြကစားခဲ့ပြီး သူ့ရဲ့သွင်းဂိုးကလည်း …

Read More

မာလ်ဒီနီမျိုးဆက်၊ အူဘာမီယန်ဂါရဝတရားနဲ့ ညနှစ်ညပုံပြင်

◼️ Nကြယ်မင်း စနေညက မာလ်ဒီနီမျိုးဆက်အက်ဆေးကိုဖတ်ရတယ်။ မျိုးဆက် ၃ခုလုံးဟာ အေစီမီလန်အမှုတော်ကိုထမ်းခဲ့ကြတာပဲ။ သားမာလ်ဒီနီက ပွဲကြည့်စင်အပေါ်မှာ ကြည်လင်စွာချိုမြလို့၊ မြေးမာလ်ဒီနီကမြက်ခင်းတွေပေါ်မှာ တောက်ပစွာပြေးလွှားလို့။ လောကမှာ အဖေတွေရဲ့ခြေရာအတိုင်း လိုက်နင်းကြတယ်ဆိုတာ မင်္ဂလာရှိပါတယ်။ ဒါဟာ မျိုးဆက်တွေရဲ့ ချစ်မြတ်နိုးဖွယ်အနမ်းပဲ။ ကျနော်တို့ ဒီအတိုင်းစီးဆင်းခဲ့ကြတယ်။ တကယ်ပါ၊ လုပ်နိုင်ရင်လှတာပေါ့။ ဖြစ်ခဲ့ရင် မြူးကြွားချင်စရာပေါ့လေ။ ဒါပေမဲ့ အဖေက ဗေဒင်ဆရာလုပ်တိုင်း သားကလက္ခဏာဟောစားရမှာလား။ အဖေက …

Read More

ကျနော့်ကောင်လေး ဂရင်းဝုဒ် မှာသောက်နေတဲ့’ငါ’တံဆိပ်ဝိုင်ပုလင်းတွေ ထပ်မံတင်သွင်းခြင်းမပြုလိုက်ပါနဲ့

◼️ Nကြယ်မင်း ကျနော့်ကောင်လေးတွေပေါ့၊ ဒီပွဲမှာ သူတို့အဆင်မပြေခဲ့ကြပါဘူး။ ဒါဟာ စနေညမှာ အဆူညံဆုံးကြားခဲ့ကြရတဲ့အသံဖြစ်နိုင်ပါတယ်။ နည်းပြတွေဟာ သူ့ကစားသမားတွေကို ဒီလိုပဲရည်ညွှန်းကြလေ့ရှိပါတယ်။ ကျနော့်ကောင်လေး ဘရူနိုဟာ ဒီနေ့မှာကံမကောင်းခဲ့ပါဘူး။ ကျနော့်ကောင်လေးတွေရဲ့ ဘာနေဗျူးဟာ ဒီနေ့မှာတော့ တိတ်ဆိတ်မှုသက်သက်ဖြစ်ခဲ့ရပါတယ်။ သူတို့က သူတို့တစ်သင်းစာ မအောင်မြင်မှုတွေမှာ ညည်းတွားကြတာပေါ့။ သူတို့ကောင်လေးတွေအတွက် မချင့်မရဲပေါ့လေ။ ကျနော်တို့လို ညကုန်သည်တွေအတွက်ကျတော့ ပိုဆိုးပါတယ်။ အနိမ့်ဆုံး အသင်း၅သင်းလောက်မှာ ကိုယ့်ကောင်လေးတွေရှိနေတယ်။ …

Read More

အရှုံးကိုဖုံးကွယ်ဖို့ ဗီလာဂိုးကို လူကျွံတယ်ပြောပြီး မိုးကြိုးကို ထန်းလက်နဲ့ကာလိုက်တဲ့ ဆိုးလ်ရှား

အိုးထရတ်ဖို့ဒ်မှာ အက်စ်တွန်ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် မန်နေဂျာ အိုလေဂန်နာ ဆိုးလ်ရှားကတော့ ပင်နယ်တီဆိုရင် စိတ်ချရတဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ မိုးပေါ်ထောင်ကန်ချက်ကို အပြစ်မမြင်ဘဲ ဗီလာရဲ့ သွင်းဂိုးက လူကျွံနေတယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ အက်စ်တွန်ဗီလာ သွင်းယူခဲ့တဲ့ဂိုးနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “ကိုယ့်အသင်းကို သွင်းယူတဲ့ဂိုးက ဂိုးကောင်းတဂိုးဆိုရင်တော့ လက်ခံရမှာပေါ့။ ဒါပေမဲ့ အခုဂိုးက လူကျွံနေပါတယ်။ သူက ဂိုးသမားကို ကာထားချိန်မှာ …

Read More

ချယ်လ်ဆီးးပေါ်တင်သမျှ အကြွေးအားလုံး အတိုးရော အရင်းပါ ပေါင်းဆပ်ခဲ့တဲ့ မန်စီးတီး

ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကတော့ သောမက်စ်တူချယ်ရဲ့ ချယ်ဆီးအသင်းကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ခြေအသာနဲ့ ကစားသွားခဲ့ပြီး ဂျီးဆပ်ရဲ့ တလုံးတည်းသောဂိုးနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်က ရှုံးကြွေးကို ပြန်ဆပ်သွားခဲ့ပါတယ်။ မန်စီးတီးဟာ ဂိုးတဂိုးတည်းသာ ရခဲ့ပေမယ့် ချယ်ဆီးအသင်းဘက်ကို ၁၅ ကြိမ် ကန်ခွင့်ရခဲ့သလို ဘောလုံးပိုင်ဆိုင်မှုကလည်း ၆၀ ရာခိုင်နှုန်းအထိတောင် ရှိခဲ့ပါတယ်။ ချယ်ဆီးဟာ ဒီပွဲမှာ ခံစစ်ကို အသေအချာ ဂရုတစိုက် ပြင်ဆင်လာခဲ့ပေမယ့် မန်စီးတီးရဲ့ …

Read More

ကန်တိုင်းဝင် ဘရူနိုရဲ့ ပင်နယ်တီလွဲချော်မှုနဲ့ ဆိုးလ်ရှားပါအထုတ်ခံရသင့်တဲ့ ယူနိုက်တက်ရှုံးပွဲ

မန်ချက်စတာယူနိုက်တက်ဟာ အိမ်ကွင်းမှာ ဗီလာလိုအသင်းနဲ့ ကစားခဲ့ရပေမယ့်လည်း ခြေစွမ်းက တော်တော်လေးကို ဆိုးရွားခဲ့ပြီး အမှားတွေလည်း အများကြီး ကျူးလွန်ခဲ့ပါတယ်။ တပွဲလုံးမှာ ဂိုးကန်သွင်းခွင့် အမြောက်အများရခဲ့ပေမယ့် ဂရင်းဝုဒ်ရဲ့ တကိုယ်ကောင်းဆန်မှုကြောင့် နစ်နာခဲ့ရပြီး ဗီလာရဲ့ တိုက်စစ်ကိုလည်း ဒီပွဲမှာ အမှားများနေတဲ့ မက်ဂွိုင်းယားဦးဆောင်တဲ့ ခံစစ်က အသည်းအသန် ခုခံခဲ့ရပါတယ်။ ဒီပွဲမှာ ကြားရက်မှာ အနားရထားတဲ့ ရော်နယ်ဒို၊ ပေါ့ဘာ၊ ဗာရန်းနဲ့ …

Read More

ဒီပုံနဲ့ အယ်လ်ကလက်စီကိုပွဲ ဘယ်လိုကစားမလဲလို့ အလှောင်ခံလိုက်ရတဲ့ ဘာကာရဲ့သရေပွဲ

မနေ့က ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာလည်း ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ ကာဒစ်နဲ့ ဂိုးမရှိသရေကျသွားခဲ့ပါတယ်။ ဘာကာအတွက်တော့ လာလီဂါနှစ်ပွဲဆက်တိုက် သရေကျခဲ့တာဖြစ်ပြီး သူတို့အသင်းရဲ့ အခြေအနေဆိုးရွားနေမှုတွေကို အဆုံးမသတ်နိုင်ခဲ့ဘဲ ပြိုင်ဘက်ကြီးရီးရဲလ်မက်ဒရစ်က ဟန်မပျက်ရှေ့ဆက်နေချိန်မှာ ဘာစီလိုနာကတော အားယုတ်နေခဲ့ပြီဖြစ်ပါတယ်။ ကာဒစ်နဲ့ပွဲမှာလည်း ဒီဂျောင်အနီကတ်ပြထုတ်ပယ်ခံခဲ့ရလို့ သတိထားကစားခဲ့ရပါတယ်။ အဓိကကစားသမားတွေအားလုံးနီးပါးထည့်သွင်းကစားခဲ့ပေမယ့် ဘောလုံးပိုင်ဆို်င်မှုအသာစီးရတာကလွဲလို့ ဘာစီလိုနာဘာမှလုပ်မရခဲ့ဘဲ အားထားရတဲ့ ဒီပိုင်းတစ်ယောက် ခြေစွမ်းပျောက်နေလို့ ဂိုးရဖို့ပါ အခက်တွေ့နေခဲ့ရပြီး အဝေးကွင်းမှာ တစ်မှတ်နဲ့သာ …

Read More

ငါတို့က ၃မှတ်ပဲရှုံးတာ၊ မင်းတို့က ဖလား ၁လုံးဆိုပြီး လက်စားပြန်ချေပြခဲ့တဲ့ ဝက်စ်ဟမ်း

ပြီးခဲ့တဲ့အပတ်ကမှ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ အိပ်မက်ဆန်ဆန်အနိုင်ရခဲ့တဲ့ ယူနိုက်တက်ဟာ ကာရာဘောင်ဖလားပွဲစဉ်မှာတော့ အိမ်ကွင်းမှာပဲ အရေးနိမ့်ပြီး ပြိုင်ပွဲကထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာကတည်းက ယူနိုက်တက်ကို ဒုက္ခပေးနေခဲ့တဲ့ ဝက်စ်ဟမ်းဟာ ဒီပွဲမှာလည်း ခြေစွမ်းကောင်းပြသခဲ့ပြီး ဆိုးလ်ရှားကို ဖလားတစ်လုုံး စောစောစီးစီးလက်လွှတ်စေခဲ့ရပါတယ်။ ဆိုးလ်ရှားက လူစာရင်းအပြောင်းအလဲတွေပြုလုပ်ခဲ့တာမှန်ပေမယ့် သူတို့အသင်းပွဲထွက်ကစားသမားစာရင်းက ဝက်စ်ဟမ်းလို အလယ်အလတ်အသင်းထက်တော့ အများကြီးသာလွန်နေတာပါ။ ဒါပေမယ့် စာရွက်ပေါ်က လူစာရင်းကသာ သာလွှန်ခဲ့တာဖြစ်ပြီး ခြေစွမ်းကတော့ နိမ့်ကျခဲ့သလို …

Read More

ဇ ရှိရင် ငါ့ဆီဖုန်းဆက်လိုက်ကွာလို့ ဆိုးလ်ရှားကို ပြောလိုက်တဲ့ ဖာဒီနန်

ယန်းဘွိုင်းနဲ့ပွဲမှာ ရော်နယ်ဒိုရဲ့ နည်းစနစ်ဧရိယာနားထိရောက်သွားခဲ့ပြီး ညွှန်ကြားမှုတွေပြုလုပ်ခဲ့တဲ့အပေါ်ကို ရီယိုဖာဒီနန်က ဝေဖန်ခဲ့ပြီးနောက်မှာ ယူနိုက်တက်နည်းပြဆိုးလ်းရှားက သူ့ရဲ့အသင်းဖော်ဟောင်းဟာ တခါတလေမှာ သူမသိတဲ့အရာတွေကို ပြောလေ့ရှိတယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဆိုးလ်ရှားဘက်က ဒီလိုတုံ့ပြန်ခဲ့ပြီးနောက်မှာတော့ ဖာဒီနန်က သူ့ဆီကို ဖုန်းဆက်ဖို့ ထပ်မံပြောဆိုလိုက်ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ပတ်သက်ပြီး ဆိုးလ်ရှားနဲ့ ဖာဒီနန်တို့ကြားမှာ ပွဲဖြစ်နေတာဖြစ်ပြီး နှစ်ဦးစလုံးက တင်းတင်းမာမာတွေမပြောဆိုပေမယ့်လည်း တစ်ဦးနဲ့တစ်ဦး စကားအသာရဖို့တော့ ကြိုးစားနေကြတာဖြစ်ပါတယ်။ ဖာဒီနန်က သူ့ရဲ့ YouTube …

Read More