ပရီးမီးယားလိဂ်ဖလားကိုအရယူမယ်လို့ နယူးကာဆယ်ဒါရိုက်တာသစ် ကြုံးဝါး

နယူးကာဆယ် အသင်းရဲ့ဒါရိုက်တာသစ် အာမန်ဒါစတေ့ဗ်လေ က ပရီးမီယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ဖို့က အသင်းရဲ့ရေရှည်ရည်မှန်းချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ကြာသပတေးနေ့က နယူးကာဆယ်အသင်းကို ဝယ်ယူမှုပြီးမြောက်ပြီးနောက် အခုလိုဆိုခဲ့တာဖြစ်ပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန် ရဲ့ Public Investment Fund (PIF) ဟာ နယူးကာဆယ်ကို ပိုင်ဆိုင်သွားခဲ့ပြီလို့အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီဝယ်ယူမှုမှာ PCP Capital Partners နဲ့ RB Sports …

Read More

ချန်ပီယံတောနက်ထဲ ဝင်တဲ့အခါလီဗာပူးနာမည်ကို မှားမခေါ်ကြေး

◼️ Nကြယ်မင်း ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေထဲမှာ ချဲလ်ဆီးတစ်သင်းပဲအနိုင်ရခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံပွဲတွေနဲ့ ရက်သတ္တပတ်တစ်ပတ်နားရတော့မယ့်အချိန်မှာ လိဂ်ရဲ့ဦးဆောင်အသင်းဖြစ်နေခဲ့ပါတယ်။ ဒါက သွေးရိုးသားရိုးဇယားပါ။ အခြားလူတွေပြုပြင်လို့မရတဲ့ သေချာမှုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ပရိသတ်ရဲ့အဆန်းတကြယ်အိပ်မက်ထဲ ကျေနပ်မှု၊ ပြီးဆုံးမှုရေတွေ ထည့်ပေးသွားတာကတော့ အဲ့ဒီလန်ဒန်အပြာမဟုတ်ပါဘူး။လီဗာပူးနဲ့ မန်စီးတီးပဲဖြစ်ပါလိမ့်မယ်။ အဲ့ဒါကို ဘယ်သူတွေကများ ငြင်းဆိုချင်ကြပါလိမ့်.. လိဂ်ရဲ့အတောင့်တင်းဆုံးခံစစ်နှစ်သင်းဟာ 2-2 ဆိုတဲ့ရလဒ်ကိုဆွတ်ခဲ့တယ်။ အဲ့ဒါကပဲ အန်ဖီးလ်တိုက်ပွဲရဲ့ အထွတ်အထိပ်ပြိုင်ဆိုင်မှုကို ဖော်ညွှန်းခဲ့တာပါ။ …

Read More

ကန်တာက လီဗာပူးလ်နဲ့ မန်စီးတီး၊ အနိုင်ရသွားတာက ချယ်ဆီး

ပရီးမီးယားလိဂ် ပွဲစဥ် (၇) စူပါဆန်းဒေးပွဲစဥ်ဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးပွဲကတော့ တဖက်နှစ်ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ပေါ်တိုနဲ့ပွဲကအတိုင်း လူစာရင်း မပြောင်းလဲခဲ့ဘဲ အာနိုးရဲ့နေရာမှာ မီလ်နာကိုပဲ ဆက်သုံးခဲ့ပါတယ်။ မန်စီးတီးကတော့ ပီအက်စ်ဂျီကို ရှုံးခဲ့တဲ့ လူစာရင်းကို နှစ်နေရာပြောင်းခဲ့ပြီး စတာလင်နဲ့ မာရက်ဇ်နေရာမှာ ဖိုဒန်နဲ့ ဂျီးဆပ်တို့ကို ထည့်သွင်းခဲ့ပါတယ်။ လီဗာပူးလ်ဟာ အစပိုင်းမှာ လျင်လျင်မြန်မြန်နဲ့ ကစားနိုင်ခဲ့ပေမယ့် …

Read More

ရော်နယ်ဒို စိတ်ညစ်နေသလို ပီအက်စ်ဂျီမှာလည်း စိတ်ဆင်းရဲစရာတွေပဲကြုံနေတဲ့ မက်ဆီ

တနင်္ဂနွေနေ့ည လီဂူးဝမ်းပွဲစဥ်ဖြစ်တဲ့ ရန်းနက်စ်နဲ့ ပီအက်စ်ဂျီပွဲမှာတော့ အိမ်ရှင် ရန်းနက်စ်က နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပိုချက်တီနိုဟာ မန်စီးတီးကို နိုင်ခဲ့တဲ့ လူစာရင်းကို တဦးသာ အပြောင်းအလဲလုပ်ခဲ့ပြီး ဟာရဲရားနေရာမှာ ဒီမာရီယာကို ထည့်သွင်းကာ ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မက်ဆီ၊ နေမာ၊ အမ်ဘက်ပီနဲ့ ဒီမာရီယာတို့ ဦးဆောင်တဲ့ ပီအက်စ်ဂျီအသင်းဟာ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့သလို …

Read More

ဖာဂူဆိုးလ်အပါအဝင် ကမ္ဘာကြီးရွဲ့စောင်းနေတဲ့ည

Nကြယ်မင်း ညနေကြယ်ဟာ သူ့ကိုယ်သူလျှင် ဘာထင်လေသည် မသိဆိုတဲ့ ဆိုးလ်ရှားကို ထုတ်ဖတ်လိုက်ပြန်တယ်။ ဘာလဲ၊ သူဘာလုပ်ချင်တာလဲ။ ကျနော်ဟာ နည်းပြ တစ်ယောက်ရဲ့လုပ်ပိုင်ခွင့်ကို အစဉ်လေးစားခဲ့သူပါ။ သူ့မှာ တစ်ခုခုတော့ရှိနေမှာပဲ။ ကျနော်တို့သာ အဝေး က ကိုယ်ခံစားရာတစ်ခုခုနဲ့ကုတ်ခြစ်မနေသင့်ဘူး ပေါ့။ ရော်နယ်ဒိုနဲ့ ပေါ့ဂ်ဘာကို အနားပေးချင်ခဲ့တယ်။ လုပ်စမ်းပါ။ သူ့ရဲ့အလွတ်ခုန်မှုဟာ အောင်မြင်ဖို့ပဲ။ သူခုန်နိုင်ရင် သူရမှာပဲ။ ပထမပိုင်းမှာကတည်းက အတော်ယောက်ယက်ခပ်ပါတယ်။ …

Read More

အသင်းဟောင်းဘာကာကိုဂိုးသွင်းအပြီး အောင်ပွဲမခံဘဲ လက်အုပ်ချီတောင်းပန်ခဲ့တဲ့ ဆွာရက်ဇ်

မနေ့ညက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်က ဘာစီလိုနာကို ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာတိုက်စစ်မှူးဟောင်းဆွာရက်ဇ်က အသင်းဟောင်းနဲ့အတွေ့မှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး အေတီကိုအတွက် အဖိုးတန်ရမှတ် ၃ မှတ်ရယူပေးခဲ့ပေမယ့်လည်း သူ့ရဲ့သွင်းဂိုးအတွက် ခွင့်လွှတ်ပေးဖို့တော့ ဘာကာပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။ ဂိုးသွင်းယူအပြီးမှာ ဆွာရက်ဇ်က အောင်ပွဲမခံခဲ့ဘဲ လက်အုပ်ချီကာ ပရိသတ်တွေကို တောင်းပန်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်ကတည်းက သူ ဂိုးသွင်းနိုင်ခဲ့ရင် အသင်းဟောင်းအပေါ်လေးစားမှုကြောင့် …

Read More

အဲဗာတန်နဲ့ပွဲအပြီး ရော်နယ်ဒိုပေါက်ကွဲရတဲ့အကြောင်းရင်းကို ဖာဒီနန်ပြောပြခဲ့

အဲဗာတန်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ ပွဲအပြီးကွင်းအတွင်းကထွက်ခွာချိန် ဥမင်လှိုဏ်ခေါင်းထဲဝင်ရောက်ခဲ့ရာမှာ ခေါင်းတယမ်းယမ်းနဲ့ဝင်သွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ အသင်းရလဒ်နဲ့ပတ်သက်ပြီး ရော်နယ်ဒိုတစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ဟန်ရှိတယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ရော်နယ်ဒိုက ဒုတိယပိုင်းမှာမှ လူစားလဲဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ ဘောလုံးထိချက်အနည်းငယ်သာရှိခဲ့ပြီး သူ့အတွက်ဂိုးရနိုင်တဲ့ အခွင့်အလမ်းမျိုးကိုလည်း အသင်းဖော်တွေက ဖန်တီးပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက်သူရဲကောင်းဖြစ်ခဲ့ပေမယ့် …

Read More

လူတယောက်အသာရမှပဲ နိုင်ပွဲမရသေးတဲ့ ဆောက်သမ်တန်ကို နိုင်တော့တဲ့ ချယ်လ်ဆီး

ချယ်ဆီးဟာ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် နိုင်ပွဲတပွဲမှ မရှိသေးတဲ့ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ အသည်းအသန်ကစားပြီး ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ တူချယ်ဟာ ဂျူဗင်တပ်စ်ကို ရှုံးခဲ့တဲ့ပွဲက လူစာရင်းကို ငါးယောက်အထိ အပြောင်းအလဲလုပ်ခဲ့ပြီး ခရစ္စတန်ဆန်၊ ဂျော်ဂျင်ဟို၊ အလွန်ဆို၊ ဇိယက်ချ်နဲ့ ဟာဗက်ဇ်တို့ရဲ့နေရာမှာ ဟတ်ဆန်အိုဒွိုင်း၊ လော့ဖ်တပ်ချိခ်၊ ချာလိုဘာ၊ ချေးလ်ဝဲလ်၊ ဗာနာတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ပွဲစတာနဲ့ ချယ်ဆီးအသင်းက …

Read More

ခေတ်ပျက်ကြီးထဲ ပရိသတ်ကို စိတ်ဒုက္ခပေးဖို့ ကျိန်ဆိုထားတဲ့ ဆိုးလ်ရှား

အိုးထရတ်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ စနေနေ့ည အစောဆုံးပွဲစဥ်မှာတော့ တဖက်တဂိုးစီ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ဒီပွဲအတွက် ဗီလာရီးရဲလ်နဲ့ပွဲက လူစာရင်းကို ငါးယောက်အထိ အပြောင်းအလဲလုပ်ခဲ့ပြီး မာရှယ်၊ ကာဗာနီ၊ ရှောတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ပေါ့ဘာ၊ တဲလက်စ်၊ ဆန်ချိုတို့နဲ့အတူ အရံခုံမှာပဲ ထိုင်ခဲ့ရပါတယ်။ ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပေမယ့် အဲဗာတန်ကလည်း …

Read More

ပြောသင့်တဲ့စကားများ၊ ခန့်မှန်းသင့်တဲ့ရလဒ်များနဲ့၊ ကျနော်တို့သွားနေတဲ့ကမ္ဘာ

◼️Nကြယ်မင်း ပရီးမီးယားလိဂ်ကို Predictions လုပ်ခဲ့တဲ့နှစ်ကာလတွေပြန်ကြည့်ရင် အနှစ်နှစ်ဆယ်မကတော့ပါဘူး။မှန်လိုက်လေလို့ ဝေါခနဲပြိုကျလာတဲ့ လက်ခုပ်တွေလည်းရှိ၊ တစ်ပတ်လုံး တစ်ပွဲတောင် ဘုရားစူးမှန်ခဲ့တာတွေလည်းရှိခဲ့တာပေါ့။ ကျနော်တို့မြန်မာပြည်ကို ပီပီသသပွဲကြိုတွေ ပထမဆုံးတင်သွင်းခဲ့တာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာဦးဖေသိန်းပါပဲ။ သူက ပွဲကြိုတစ်ခုကို ဘယ်လိုအင်္ဂါရပ်တွေနဲ့တည်ဆောက်ရတယ်ဆိုတာကအစ ရှင်းလင်းတင်ပြရင်း ပရီးမီးယားလိဂ်ပွဲကြိုတွေ စတင်ခဲ့သူပဲဖြစ်ပါတယ်။ ဆရာဟာ ကျနော်တို့ဆီက ပွဲကြိုတွေရဲ့ပိုင်အိုးနီးယားဖြစ်ခဲ့ပေမယ့် ဒီအလုပ်မှာ အင်မတန်မှရှိုးတိုးရှန့်တန့်ဖြစ်ခဲ့သူပါ။ ကျနော်နဲ့ နှစ်အတန်ကြာစကားဝိုင်းဖွဲ့လေတိုင်း သူ့ကြောင့်သူ့စာဖတ်သူတွေ နစ်နာသွားမှာ …

Read More