ယူနိုက်တက်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လုခ်ရှော ဆွတ်ခူး

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ လုခ်ရှောဟာ အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ အသက် (၂၃)နှစ်အရွယ် နောက်ခံလူဟာ ဒီရာသီမှာ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေနဲ့ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက်မှာ ပရိသတ်တွေရဲ့ ရွေးချယ်မှု၊ အသင်းဖော်အချင်းချင်းရွေးချယ်မှုနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပါရဲရားရဲ့ သွင်းဂိုးကတော့ အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အရန်အသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် တာဟစ်ချောင်က ရွေးချယ်ခံခဲ့ရတယ်လို့ သိရပြီး အမျိုးသမီးတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ကာတီဇီလမ်က ဆွတ်ခူးသွားခဲ့ပါတယ်။

လုခ်ရှောကတော့ ၂၀၁၄ ခုနှစ်မှာ ယူနိုက်တက်ကို ရောက်ရျိခဲ့သူဖြစ်ပြီးတော့ ပေါင်သန်း (၃၀)အထိ ယူနိုက်တက်က ပေးချေခဲ့ရကာ လူငယ်တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်လက်ေ၇ွးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရကာ လုခ်ရှောက
ခြေစွမ်းပြနိုင်ခဲ့ပြီး ယူနိုက်တက်မှာလည်း ဦးစားပေးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အကောင်းဆုံးကစားသမားဆုကို လွှမ်းမိုးထားခဲ့တဲ့ ဂိုးသမားဒီဂီယာကို ကျော်ဖြတ်ပြီး လုခ်ရှောက ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆုလက်ခံရရှိအပြီးမှာ လုခ်ရှောက သူ့ကို ၀ိုင်းဝန်ထောက်ခံပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောဆိုခဲ့ပြီး လာမယ့်ရာသီမှာ ပိုမို တောင့်တင်းတဲ့ အသင်းကောင်းတစ်သင်းအဖြစ်နဲ့ ပြန်လာခဲ့မယ်လို့ ကတိပေးစကားပြောဆိုသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *