ဘာကာ အတွက် မက်ဆီ အလကားကစားပေးဖို့အထိ မျှော်လင့်ခဲ့တယ်ဆိုတဲ့ လာပေါ်တာ

ဘာစီလိုနာ အသင်းဥက္ကဌ လာပေါ်တာ က မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့မတက်နိုင်တော့တဲ့ အချိန်မှာ မက်ဆီ အနေနဲ့ အသင်းအတွက် အလကားကစားပေးဖို့ အတွက် သဘောတူညီမှုရဖို့ မျှော်လင့်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ဘာစီလိုနာ အသင်းဟာ မက်ဆီ ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးအခက်အခဲ လာလီဂါရဲ့စည်းမျဉ်းတွေကြောင့် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရခဲ့ဘဲ အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် မက်ဆီ ဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။လာပေါ်တာ က “မက်ဆီ ကို ကျွန်တော် ဒေါသမထွက်ပါဘူး ဘာလို့လဲဆိုရင် ကျွန်တော်သူ့ကို တန်ဖိုးထားလို့ပါ”

“သူက ဘာကာမှာပဲ ဆက်နေဖို့ကြီးမားတဲ့ ဆန္ဒရှိခဲ့တာပါ။ဒါပေမယ့် သူ့မှာ ကမ်းလှမ်းမှုတွေကြောင့် ဖိအားတွေအများကြီးရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။သူ ပီအက်စ်ဂျီ ကနေ ကမ်းလှမ်းမှုတွေရရှိနေပြီဆိုတာကို အရာအားလုံးက ညွှန်ပြနေပါတယ်”

“သူ့မှာ အလွန်အစွမ်းထက်တဲ့ ကမ်းလှမ်းမှုတခုရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။သူတို့ဟာ အလွန်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတခုကို ရရှိခဲ့ကြပါတယ်။ဘယ်တော့မှ နောက်ပြန်လှည့်ဖို့ ကျွန်တော်မတွေးပါဘူး။ကျွန်တော်ကတော့ ဘာကာ အတွက် အကောင်းဆုံးလုပ်နေတယ်ထင်တာပါပဲ”

“ဘယ်လိုအဖွဲ့အစည်းကိုမှ အန္တရယ်မပြုနိုင်ပါဘူး။နောက်ဆုံးမိနစ်မှာ မက်ဆီက သူအလကားကစားပေးမယ်လို့ ပြောဖို့ ကျွန်တော်မျှော်လင့်ခဲ့တာပါ။ကျွန်တော် အဲ့ဒါကို ကြိုက်ပါတယ်။သူလည်း ကျွန်တော်တို့ကို ယုံကြည်ပါလိမ့်မယ်”

“လိဂ်ကလည်း ဒါကို လက်ခံလိမ့်မယ်လို့ ကျွန်တော်နားလည်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့က သူ့လို အဆင့်ရှိတဲ့ ကစားသမားမျိုးကို ဒီလိုမေးလို့မရပါဘူး”လို့ ပြောခဲ့ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းဥကၠဌ လာေပၚတာ က မက္ဆီကို စာခ်ဳပ္သက္တမ္းတိုးဖို႔မတက္နိုင္ေတာ့တဲ့ အခ်ိန္မွာ မက္ဆီ အေနနဲ႔ အသင္းအတြက္ အလကားကစားေပးဖို႔ အတြက္ သေဘာတူညီမႈရဖို႔ ေမၽွာ္လင့္ခဲ့တယ္လို႔ ေျပာလိုက္ပါတယ္။

ဘာစီလိုနာ အသင္းဟာ မက္ဆီ ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ႀကိဳးစားခဲ့ေပမယ့္ အသင္းရဲ့ ဘ႑ာေရးအခက္အခဲ လာလီဂါရဲ့စည္းမ်ဥ္းေတြေၾကာင့္ စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈမရခဲ့ဘဲ အသင္းကေန ထြက္ခြာခြင့္ျပဳလိုက္ရတာျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ မက္ဆီ ဟာ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီ အသင္းထံ အလြတ္နဲ႔ ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။လာေပၚတာ က “မက္ဆီ ကို ကၽြန္ေတာ္ ေဒါသမထြက္ပါဘူး ဘာလို႔လဲဆိုရင္ ကၽြန္ေတာ္သူ႔ကို တန္ဖိုးထားလို႔ပါ”

“သူက ဘာကာမွာပဲ ဆက္ေနဖို႔ႀကီးမားတဲ့ ဆႏၵရွိခဲ့တာပါ။ဒါေပမယ့္ သူ႔မွာ ကမ္းလွမ္းမႈေတြေၾကာင့္ ဖိအားေတြအမ်ားႀကီးရွိတယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္။သူ ပီအက္စ္ဂ်ီ ကေန ကမ္းလွမ္းမႈေတြရရွိေနၿပီဆိုတာကို အရာအားလုံးက ညႊန္ျပေနပါတယ္”

“သူ႔မွာ အလြန္အစြမ္းထက္တဲ့ ကမ္းလွမ္းမႈတခုရွိတယ္ဆိုတာ လူတိုင္းသိပါတယ္။သူတို႔ဟာ အလြန္ေကာင္းမြန္တဲ့ ကမ္းလွမ္းမႈတခုကို ရရွိခဲ့ၾကပါတယ္။ဘယ္ေတာ့မွ ေနာက္ျပန္လွည့္ဖို႔ ကၽြန္ေတာ္မေတြးပါဘူး။ကၽြန္ေတာ္ကေတာ့ ဘာကာ အတြက္ အေကာင္းဆုံးလုပ္ေနတယ္ထင္တာပါပဲ”

“ဘယ္လိုအဖြဲ႕အစည္းကိုမွ အႏၲရယ္မျပဳနိုင္ပါဘူး။ေနာက္ဆုံးမိနစ္မွာ မက္ဆီက သူအလကားကစားေပးမယ္လို႔ ေျပာဖို႔ ကၽြန္ေတာ္ေမၽွာ္လင့္ခဲ့တာပါ။ကၽြန္ေတာ္ အဲ့ဒါကို ႀကိဳက္ပါတယ္။သူလည္း ကၽြန္ေတာ္တို႔ကို ယုံၾကည္ပါလိမ့္မယ္”

“လိဂ္ကလည္း ဒါကို လက္ခံလိမ့္မယ္လို႔ ကၽြန္ေတာ္နားလည္ပါတယ္။ဒါေပမယ့္ ကၽြန္ေတာ္တို႔က သူ႔လို အဆင့္ရွိတဲ့ ကစားသမားမ်ိဳးကို ဒီလိုေမးလို႔မရပါဘူး”လို႔ ေျပာခဲ့ပါတယ္။