စက်တင်ဘာလအတွက် EPLတလတာ အကောင်းဆုံးကစားသမား‌ဆုရခဲ့တဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် အသင်း တိုက်စစ်ကစားသမား ရော်နယ်ဒို ဟာ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တလတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တယ်လို့ ပရီးမီးယားလိဂ်က ထုတ်ပြန်လိုက်ပါတယ်။

ဂျုဗင်တပ်စ် ကနေ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ မန်ချက်စတာယူနိုက်တက် ကို ပြန်လည်ရောက်ရှိလာတဲ့ ရော်နယ်ဒို ဟာ စတင်ကစားခဲ့တဲ့ စက်တင်ဘာလမှာပဲ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး (၃)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို အတွက်တော့ ပရီးမီးယားလိဂ်တလတာ အကောင်းဆုံးကစားသမားဆုကို (၅)ကြိမ်မြောက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ဒို ဟာ (၂၀၀၉) က ရီးရယ်လ် အသင်းကို ပြောင်းဖို့ မန်ချက်စတာယူနိုက်တက် ကနေ မထွက်ခွာခင် အမှတ်ပေးဖလားကို (၃)ကြိမ်ဆက် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို အတွက်တော့ (၂၀၀၈) မတ်လနောက်ပိုင်း ဒီဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ်တလတာ အကောင်းဆုံးကစားသမားဆုအတွက် (၁၃)နှစ်ကြာကွာဟခဲ့တာဟာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် အရှည်အကြာဆုံးဖြစ်ခဲ့တာပါ။

ရော်နယ်ဒို ဟာ ဒုတိယအကြိမ်မြောက် မန်ချက်စတာယူနိုက်တက် အတွက် နယူးကာဆယ် နဲ့ ပွဲမှာ ပွဲဦးထွက်အဖြစ်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက (၄)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ရော်နယ်ဒို ဟာ (၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ရော်နယ်ဒို ဟာ ဝက်စ်ဟမ်း အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာလည်း (၁)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တလတာ အကောင်းဆုကစားသမားဆုကို ကန်ဆယ်လို၊ရူဒီဂါ၊စိန့်မက်ဆီမန်၊ဆာလတ်နဲ့ အစ္စမေးလ်လာဆား တို့ ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့စက်တင်ဘာလအတွက် တလတာ အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္း တိုက္စစ္ကစားသမား ေရာ္နယ္ဒို ဟာ စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္တလတာ အေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့တယ္လို႔ ပရီးမီးယားလိဂ္က ထုတ္ျပန္လိုက္ပါတယ္။

ဂ်ဳဗင္တပ္စ္ ကေန ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ကမွ မန္ခ်က္စတာယူနိုက္တက္ ကို ျပန္လည္ေရာက္ရွိလာတဲ့ ေရာ္နယ္ဒို ဟာ စတင္ကစားခဲ့တဲ့ စက္တင္ဘာလမွာပဲ ေျခစြမ္းျပကစားနိုင္ခဲ့ၿပီး (၃)ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို အတြက္ေတာ့ ပရီးမီးယားလိဂ္တလတာ အေကာင္းဆုံးကစားသမားဆုကို (၅)ႀကိမ္ေျမာက္ရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ (၂၀၀၉) က ရီးရယ္လ္ အသင္းကို ေျပာင္းဖို႔ မန္ခ်က္စတာယူနိုက္တက္ ကေန မထြက္ခြာခင္ အမွတ္ေပးဖလားကို (၃)ႀကိမ္ဆက္ ရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို အတြက္ေတာ့ (၂၀၀၈) မတ္လေနာက္ပိုင္း ဒီဆုကို ပထမဆုံးအႀကိမ္ ရရွိခဲ့တာလည္းျဖစ္ပါတယ္။ပရီးမီးယားလိဂ္တလတာ အေကာင္းဆုံးကစားသမားဆုအတြက္ (၁၃)ႏွစ္ၾကာကြာဟခဲ့တာဟာ ပရီးမီးယားလိဂ္ သမိုင္းတေလၽွာက္ အရွည္အၾကာဆုံးျဖစ္ခဲ့တာပါ။

ေရာ္နယ္ဒို ဟာ ဒုတိယအႀကိမ္ေျမာက္ မန္ခ်က္စတာယူနိုက္တက္ အတြက္ နယူးကာဆယ္ နဲ႔ ပြဲမွာ ပြဲဦးထြက္အျဖစ္ပါဝင္ကစားခဲ့တာျဖစ္ပါတယ္။ဒီပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက (၄)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ေရာ္နယ္ဒို ဟာ (၂)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ ေရာ္နယ္ဒို ဟာ ဝက္စ္ဟမ္း အသင္းကို (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရတဲ့ ပြဲမွာလည္း (၁)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္တလတာ အေကာင္းဆုကစားသမားဆုကို ကန္ဆယ္လို၊႐ူဒီဂါ၊စိန႔္မက္ဆီမန္၊ဆာလတ္နဲ႔ အစၥေမးလ္လာဆား တို႔ ကို ေက်ာ္ျဖတ္ၿပီး ရရွိခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီ အသင္းေခါင္းေဆာင္ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့စက္တင္ဘာလအတြက္ တလတာ အေကာင္းဆုံးကစားသမားဆုကိုလည္း ရယူနိုင္ခဲ့တာျဖစ္ပါတယ္။