မိုဟာမတ်ဘက်ဆယ်လ်မန်ဆိုတာ ဘယ်သူလဲ၊သူ့ရဲ့အသားတင်ပိုင်ဆိုင်မှုက ဘယ်လောက်ရှိတာလဲ?

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမတ်ဘင်ဆယ်လ်မန် ရဲ့ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့ PIF က မိုက်အက်ရှ်လေဆီကနေ နယူးကာဆယ်အသင်းကို အပြီးသတ်ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။နယူးကာဆယ် ပိုင်ရှင်အသစ်ဟာ ဘောလုံးအသင်းပိုင်ရှင်တွေထဲမှာ အချမ်းသာဆုံး ပိုင်ရှင်လည်းဖြစ်လာခဲ့ပါတယ်။

မိုဟာမက်ဘင်ဆယ်လ်မန် ဟာ ဘုရင်ပြီးရင် နိုင်ငံမှာ ဒုတိယမြောက်အရေးကြီးဆုံးပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။သူဟာ ဘုရင် ဆယ်လ်မန်ရဲ့သားဖြစ်ပေမယ့် သူ့ရဲ့ဖခင်က အယ်လ်ဇိုင်းမားရောဂါဝေဒနာခံစားနေရလို့ တကယ့်လက်တွေအရ သူဟာ နိုင်ငံရဲ့အရေးပါဆုံးနဲ့ ဩဇာအရှိဆုံး ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။

ဘင်ဆယ်လ်မန် ဟာ အိမ်ရှေ့မင်းသားအဖြစ်တာဝန်ယူပြီးနောက် ကြီးမားတဲ့ အဂတိတိုက်ဖျက်ရေးလှုပ်ရှားမှုတခုကို စတင်ခဲ့ပြီး လူ(၅၀၀)ဝန်းကျင်ကို ဖမ်းဆီးကာ၊ပြည်တွင်းအကောင့် (၂၀၀၀)ကို ပိတ်ခဲ့ပြီး ပေါင်(၆၀၀)ဘီလျံ တန်ဖိုးရှိတဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားခဲ့တာလည်းဖြစ်ပါတယ်။

သူက ဆော်ဒီနိုင်ငံကို အလယ်အလတ်အစ္စလာမ်နိုင်ငံတနိုင်ငံဖြစ်လာစေချင်ကြောင်း ကြေညာခဲ့ပါတယ်။ဒါ့အပြင် အမျိုးသမီးတွေကို ကားမောင်းစေဖို့ နဲ့ ရုပ်ရှင်ရုံတွေကို မိတ်ဆတ်တာစတဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုတဖြည်းဖြည်းချင်းပြုလုပ်လာခဲ့ပါတယ်။ဒါပေမယ့် သူဟာ သတင်းလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချက်တွေများလာတဲ့ အတွက် ဝေဖန်ခံခဲ့ရပါတယ်။

အထူးသဖြင့် ‌သူ့ကို အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းမှာ သတင်းထောက် ခါရှ်ိုဂီကို သတ်ဖြတ်ခဲ့သူအဖြစ် သတ်မှတ်ထားကြတာဖြစ်ပါတယ်။ဘင်ဆယ်မန် ဟာ (၂၀၀၈) က လက်ထပ်ထားခဲ့တာဖြစ်ပြီး ကလေး(၄)ဦးရှိတာဖြစ်ပါတယ်။

မိုဟာမက်ဘင်ဆယ်လ်မန် ဟာ အရင်က မန်ချက်စတာယူနိုက်တက် ကို ဝယ်ယူဖို့ ချိတ်ဆတ်မှုတွေရှိခဲ့တာဖြစ်ပြီး နယူးကာဆယ်ကို ဝယ်ဖို့ အာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။နယူးကာဆယ်ကို ဝယ်ယူရာမှာ အာမန်ဒါ စတေ့ဗ်လေ က ဦးဆောင်နေပေမယ့် ဒီလုပ်ငန်းစုမှာ ဆော်ဒီအိမ်ရှေ့မင်းသားက အကြီးအကြယ်ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ရတာလည်းဖြစ်ပါတယ်။

အခုအချိန်ထိ ကမ္ဘာ့ဘောလုံးလောကမှာ ဆော်ဒီရဲ့ဩဇာလွှမ်းမိုးမှုဟာ အတော်လေးနည်းပါးနေခဲ့တာဖြစ်ပါတယ်။ဘင်ဆယ်လ်မန် ရဲ့အသားတင်ပိုင်ဆိုင်မှုဟာ ပေါင်(၁၃)ဘီလီယံခန့်ရှိတယ်လို့ သတင်းမှာဆိုပါတယ်။ဒါပေမယ့် ဘင်ဆယ်လ်မန် ရဲ့နောက်မှာ ဆော်ဒီတော်ဝင်မိသားစုတစုလုံးရဲ့ကြွယ်ဝမှုဟာ ပေါင် ၁.၃ထရီလီယံအထိ မြင့်မားလိမ့်ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

နယူးကာဆယ် အသင်းပိုင်ရှင်သစ် ဘင်ဆယ်လ်မန် ကတော့ ကလပ်အသင်းကို ပရီးမီးယားလိဂ်ဆုဖလားရယူဖို့ ပစ်မှတ်ထားထားတယ်လို့ ဒါရိုက်တာသစ်က ပြောဆိုထားပါတယ်။

Zawgyi

ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမတ္ဘင္ဆယ္လ္မန္ ရဲ့ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ အဖြဲ႕ PIF က မိုက္အက္ရွ္ေလဆီကေန နယူးကာဆယ္အသင္းကို အၿပီးသတ္ဝယ္ယူလိုက္ၿပီျဖစ္ပါတယ္။နယူးကာဆယ္ ပိုင္ရွင္အသစ္ဟာ ေဘာလုံးအသင္းပိုင္ရွင္ေတြထဲမွာ အခ်မ္းသာဆုံး ပိုင္ရွင္လည္းျဖစ္လာခဲ့ပါတယ္။

မိုဟာမက္ဘင္ဆယ္လ္မန္ ဟာ ဘုရင္ၿပီးရင္ နိုင္ငံမွာ ဒုတိယေျမာက္အေရးႀကီးဆုံးပုဂၢိဳလ္လည္းျဖစ္ပါတယ္။သူဟာ ဘုရင္ ဆယ္လ္မန္ရဲ့သားျဖစ္ေပမယ့္ သူ႔ရဲ့ဖခင္က အယ္လ္ဇိုင္းမားေရာဂါေဝဒနာခံစားေနရလို႔ တကယ့္လက္ေတြအရ သူဟာ နိုင္ငံရဲ့အေရးပါဆုံးနဲ႔ ဩဇာအရွိဆုံး ပုဂၢိဳလ္လည္းျဖစ္ပါတယ္။

ဘင္ဆယ္လ္မန္ ဟာ အိမ္ေရွ႕မင္းသားအျဖစ္တာဝန္ယူၿပီးေနာက္ ႀကီးမားတဲ့ အဂတိတိုက္ဖ်က္ေရးလႈပ္ရွားမႈတခုကို စတင္ခဲ့ၿပီး လူ(၅၀၀)ဝန္းက်င္ကို ဖမ္းဆီးကာ၊ျပည္တြင္းအေကာင့္ (၂၀၀၀)ကို ပိတ္ခဲ့ၿပီး ေပါင္(၆၀၀)ဘီလ်ံ တန္ဖိုးရွိတဲ့ ေငြေၾကးပိုင္ဆိုင္မႈေတြကို ပစ္မွတ္ထားခဲ့တာလည္းျဖစ္ပါတယ္။

သူက ေဆာ္ဒီနိုင္ငံကို အလယ္အလတ္အစၥလာမ္နိုင္ငံတနိုင္ငံျဖစ္လာေစခ်င္ေၾကာင္း ေၾကညာခဲ့ပါတယ္။ဒါ့အျပင္ အမ်ိဳးသမီးေတြကို ကားေမာင္းေစဖို႔ နဲ႔ ႐ုပ္ရွင္႐ုံေတြကို မိတ္ဆတ္တာစတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြကိုတျဖည္းျဖည္းခ်င္းျပဳလုပ္လာခဲ့ပါတယ္။ဒါေပမယ့္ သူဟာ သတင္းလြတ္လပ္ခြင့္အေပၚ ကန႔္သတ္ခ်က္ေတြမ်ားလာတဲ့ အတြက္ ေဝဖန္ခံခဲ့ရပါတယ္။

အထူးသျဖင့္ ‌သူ႔ကို အစၥတန္ဘူလ္ရွိ ေဆာ္ဒီေကာင္စစ္ဝန္႐ုံးအတြင္းမွာ သတင္းေထာက္ ခါရွ္ိုဂီကို သတ္ျဖတ္ခဲ့သူအျဖစ္ သတ္မွတ္ထားၾကတာျဖစ္ပါတယ္။ဘင္ဆယ္မန္ ဟာ (၂၀၀၈) က လက္ထပ္ထားခဲ့တာျဖစ္ၿပီး ကေလး(၄)ဦးရွိတာျဖစ္ပါတယ္။

မိုဟာမက္ဘင္ဆယ္လ္မန္ ဟာ အရင္က မန္ခ်က္စတာယူနိုက္တက္ ကို ဝယ္ယူဖို႔ ခ်ိတ္ဆတ္မႈေတြရွိခဲ့တာျဖစ္ၿပီး နယူးကာဆယ္ကို ဝယ္ဖို႔ အာ႐ုံစိုက္လာခဲ့တာျဖစ္ပါတယ္။နယူးကာဆယ္ကို ဝယ္ယူရာမွာ အာမန္ဒါ စေတ့ဗ္ေလ က ဦးေဆာင္ေနေပမယ့္ ဒီလုပ္ငန္းစုမွာ ေဆာ္ဒီအိမ္ေရွ႕မင္းသားက အႀကီးအၾကယ္ပါဝင္ပတ္သက္ေနတယ္လို႔ ယုံၾကည္ရတာလည္းျဖစ္ပါတယ္။

အခုအခ်ိန္ထိ ကမၻာ့ေဘာလုံးေလာကမွာ ေဆာ္ဒီရဲ့ဩဇာလႊမ္းမိုးမႈဟာ အေတာ္ေလးနည္းပါးေနခဲ့တာျဖစ္ပါတယ္။ဘင္ဆယ္လ္မန္ ရဲ့အသားတင္ပိုင္ဆိုင္မႈဟာ ေပါင္(၁၃)ဘီလီယံခန႔္ရွိတယ္လို႔ သတင္းမွာဆိုပါတယ္။ဒါေပမယ့္ ဘင္ဆယ္လ္မန္ ရဲ့ေနာက္မွာ ေဆာ္ဒီေတာ္ဝင္မိသားစုတစုလုံးရဲ့ႂကြယ္ဝမႈဟာ ေပါင္ ၁.၃ထရီလီယံအထိ ျမင့္မားလိမ့္ဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။

နယူးကာဆယ္ အသင္းပိုင္ရွင္သစ္ ဘင္ဆယ္လ္မန္ ကေတာ့ ကလပ္အသင္းကို ပရီးမီးယားလိဂ္ဆုဖလားရယူဖို႔ ပစ္မွတ္ထားထားတယ္လို႔ ဒါရိုက္တာသစ္က ေျပာဆိုထားပါတယ္။