ပရီးမီးယားလိဂ်ဖလားကိုအရယူမယ်လို့ နယူးကာဆယ်ဒါရိုက်တာသစ် ကြုံးဝါး

နယူးကာဆယ် အသင်းရဲ့ဒါရိုက်တာသစ် အာမန်ဒါစတေ့ဗ်လေ က ပရီးမီယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ဖို့က အသင်းရဲ့ရေရှည်ရည်မှန်းချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ကြာသပတေးနေ့က နယူးကာဆယ်အသင်းကို ဝယ်ယူမှုပြီးမြောက်ပြီးနောက် အခုလိုဆိုခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန် ရဲ့ Public Investment Fund (PIF) ဟာ နယူးကာဆယ်ကို ပိုင်ဆိုင်သွားခဲ့ပြီလို့အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီဝယ်ယူမှုမှာ PCP Capital Partners နဲ့ RB Sports & Media တို့လည်း ပါဝင်ခဲ့တာပါ။

အဲ့ဒါအကြောင့် နယူးကာဆယ် အသင်းကို (၁၄)နှစ်ကြာပိုင်ဆိုင်ခဲ့တဲ့ မိုက်အက်ရှ်လေရဲ့ဇာတ်လမ်းဟာလည်း အဆုံးသတ်သွားပြီဖြစ်ပါတယ်။

အာမန်ဒါစတေ့ဗ်လေ က “နယူးကာဆယ် အသင်း ဟာ ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံးနေရာကို ရောက်ဖို့ထိုက်တန်ပါတယ်။အဲ့ဒီနေရာကို ရောက်ချင်ပါတယ်။အချိန်တော့ယူရပါလိမ့်မယ် ဒါပေမယ့် အဲ့ဒီနေရာကိုရောက်ရှိပါလိမ့်မယ်။ပရီးမီးယားလိဂ်ရဲ့အစိတ်အပိုင်းဖြစ်ရတာကို ဂုဏ်ယူပါတယ်”

“ဒါဟာ မယုံနိုင်ဖွယ်ကောင်းမွန်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်ပါ။ဒါကို ချစ်မြတ်နိုးတာပါ။ပရီးမီးယားလိဂ်ဘောလုံးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ဖြစ်ပြီး နယူးကာဆယ်ကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ပါတယ်။ဆုဖလားတွေကို ရယူချင်တယ်ဆိုတာ သိသာထင်ရှားပါတယ်”

“ဆုဖလားတွေရဖို့ က စိတ်ရှည်မှု၊ရင်းနှီးမြုပ်နှံမှုနဲ့ အချိန်တွေလိုအပ်ပါတယ်။ဖြစ်ချင်တဲ့ အရာတွေကို ဦးတည်နိုင်ဖို့ အတွက် ကလပ်ကိုတည်ဆောက်ဖို့ လူတိုင်း အားလုံးအတူတကွ အလုပ်လုပ်စေချင်ပါတယ်။ပိုင်ရှင်အသစ်က အဆင့်တိုင်းမှာရင်းနှီးမြုပ်နှံချင်တယ်”လို့ ဆိုခဲ့ပါတယ်။

နယူးကာဆယ် အသင်းရဲ့လက်ရှိနည်းပြ စတိဗ်ဘရုစ်ရဲ့နေရာမှာ အစားထိုးဖွယ်ရှိတယ်လို့ မျှော်လင့်နေပေမယ့် သူမကတော့ နည်းပြရဲ့အနာဂတ် ဒါမှမဟုတ် ကစားသမားသစ်တွေရဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားခြင်းမရှိတာလည်းဖြစ်ပါတယ်။

အာမန်ဒါစတေ့ဗ်လေ က “လူတိုင်းက နာမည်ကြီး ကစားသမားတွေအကြောင်းပြောကြတယ်။ဒါပေမယ့် အတူတကွကောင်းမွန်စွာအလုပ်လုပ်နိုင်တဲ့အဖွဲ့ဖြစ်ဖို့လိုပါတယ်။ဒါက အရးပါပါတယ်။စတိဗ်ဘရုစ် ကို အလွန်ထောက်ခံပါတယ်။သူနဲ့လည်း စကားပြောပြီးပါပြီ”လို့ ဆိုခဲ့ပါတယ်။