EPL ရဖို့က နယူးကာဆယ်ပိုင်ရှင်သစ် ရဲ့ရေရှည်ရည်မှန်းချက်ပဲလို့ပြောလိုက်တဲ့ ဒါရိုက်တာသစ်

နယူးကာဆယ် အသင်းရဲ့ဒါရိုက်တာသစ် အာမန်ဒါစတေ့ဗ်လေ က ပရီးမီယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ဖို့က အသင်းရဲ့ရေရှည်ရည်မှန်းချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ကြာသပတေးနေ့က နယူးကာဆယ်အသင်းကို ဝယ်ယူမှုပြီးမြောက်ပြီးနောက် အခုလိုဆိုခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန် ရဲ့ Public Investment Fund (PIF) ဟာ နယူးကာဆယ်ကို ပိုင်ဆိုင်သွားခဲ့ပြီလို့အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီဝယ်ယူမှုမှာ PCP Capital Partners နဲ့ RB Sports & Media တို့လည်း ပါဝင်ခဲ့တာပါ။

အဲ့ဒါအကြောင့် နယူးကာဆယ် အသင်းကို (၁၄)နှစ်ကြာပိုင်ဆိုင်ခဲ့တဲ့ မိုက်အက်ရှ်လေရဲ့ဇာတ်လမ်းဟာလည်း အဆုံးသတ်သွားပြီဖြစ်ပါတယ်။

အာမန်ဒါစတေ့ဗ်လေ က “နယူးကာဆယ် အသင်း ဟာ ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံးနေရာကို ရောက်ဖို့ထိုက်တန်ပါတယ်။အဲ့ဒီနေရာကို ရောက်ချင်ပါတယ်။အချိန်တော့ယူရပါလိမ့်မယ် ဒါပေမယ့် အဲ့ဒီနေရာကိုရောက်ရှိပါလိမ့်မယ်။ပရီးမီးယားလိဂ်ရဲ့အစိတ်အပိုင်းဖြစ်ရတာကို ဂုဏ်ယူပါတယ်”

“ဒါဟာ မယုံနိုင်ဖွယ်ကောင်းမွန်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်ပါ။ဒါကို ချစ်မြတ်နိုးတာပါ။ပရီးမီးယားလိဂ်ဘောလုံးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ဖြစ်ပြီး နယူးကာဆယ်ကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ပါတယ်။ဆုဖလားတွေကို ရယူချင်တယ်ဆိုတာ သိသာထင်ရှားပါတယ်”

“ဆုဖလားတွေရဖို့ က စိတ်ရှည်မှု၊ရင်းနှီးမြုပ်နှံမှုနဲ့ အချိန်တွေလိုအပ်ပါတယ်။ဖြစ်ချင်တဲ့ အရာတွေကို ဦးတည်နိုင်ဖို့ အတွက် ကလပ်ကိုတည်ဆောက်ဖို့ လူတိုင်း အားလုံးအတူတကွ အလုပ်လုပ်စေချင်ပါတယ်။ပိုင်ရှင်အသစ်က အဆင့်တိုင်းမှာရင်းနှီးမြုပ်နှံချင်တယ်”လို့ ဆိုခဲ့ပါတယ်။

နယူးကာဆယ် အသင်းရဲ့လက်ရှိနည်းပြ စတိဗ်ဘရုစ်ရဲ့နေရာမှာ အစားထိုးဖွယ်ရှိတယ်လို့ မျှော်လင့်နေပေမယ့် သူမကတော့ နည်းပြရဲ့အနာဂတ် ဒါမှမဟုတ် ကစားသမားသစ်တွေရဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားခြင်းမရှိတာလည်းဖြစ်ပါတယ်။

အာမန်ဒါစတေ့ဗ်လေ က “လူတိုင်းက နာမည်ကြီး ကစားသမားတွေအကြောင်းပြောကြတယ်။ဒါပေမယ့် အတူတကွကောင်းမွန်စွာအလုပ်လုပ်နိုင်တဲ့အဖွဲ့ဖြစ်ဖို့လိုပါတယ်။ဒါက အရးပါပါတယ်။စတိဗ်ဘရုစ် ကို အလွန်ထောက်ခံပါတယ်။သူနဲ့လည်း စကားပြောပြီးပါပြီ”လို့ ဆိုခဲ့ပါတယ်။

Zawgyi

နယူးကာဆယ္ အသင္းရဲ့ဒါရိုက္တာသစ္ အာမန္ဒါစေတ့ဗ္ေလ က ပရီးမီယားလိဂ္ၿပိဳင္ပြဲမွာ ထိပ္ဆုံးေနရာမွာ ရပ္တည္နိုင္ဖို႔က အသင္းရဲ့ေရရွည္ရည္မွန္းခ်က္ျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ၾကာသပေတးေန႔က နယူးကာဆယ္အသင္းကို ဝယ္ယူမႈၿပီးေျမာက္ၿပီးေနာက္ အခုလိုဆိုခဲ့တာျဖစ္ပါတယ္။

ေဆာ္ဒီအိမ္ေရွ႕မင္းသား မိုဟာမက္ဘင္ဆာလ္မန္ ရဲ့ Public Investment Fund (PIF) ဟာ နယူးကာဆယ္ကို ပိုင္ဆိုင္သြားခဲ့ၿပီလို႔အသင္းရဲ့ တရားဝင္ဝက္ဘ္ဆိုက္က သတင္းထုတ္ျပန္ခဲ့ပါတယ္။ဒီဝယ္ယူမႈမွာ PCP Capital Partners နဲ႔ RB Sports & Media တို႔လည္း ပါဝင္ခဲ့တာပါ။

အဲ့ဒါအေၾကာင့္ နယူးကာဆယ္ အသင္းကို (၁၄)ႏွစ္ၾကာပိုင္ဆိုင္ခဲ့တဲ့ မိုက္အက္ရွ္ေလရဲ့ဇာတ္လမ္းဟာလည္း အဆုံးသတ္သြားၿပီျဖစ္ပါတယ္။

အာမန္ဒါစေတ့ဗ္ေလ က “နယူးကာဆယ္ အသင္း ဟာ ပရီးမီးယားလိဂ္ရဲ့ထိပ္ဆုံးေနရာကို ေရာက္ဖို႔ထိုက္တန္ပါတယ္။အဲ့ဒီေနရာကို ေရာက္ခ်င္ပါတယ္။အခ်ိန္ေတာ့ယူရပါလိမ့္မယ္ ဒါေပမယ့္ အဲ့ဒီေနရာကိုေရာက္ရွိပါလိမ့္မယ္။ပရီးမီးယားလိဂ္ရဲ့အစိတ္အပိုင္းျဖစ္ရတာကို ဂုဏ္ယူပါတယ္”

“ဒါဟာ မယုံနိုင္ဖြယ္ေကာင္းမြန္ၿပီး ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ လိဂ္ပါ။ဒါကို ခ်စ္ျမတ္နိုးတာပါ။ပရီးမီးယားလိဂ္ေဘာလုံးဟာ ကမၻာေပၚမွာ အေကာင္းဆုံးလိဂ္ျဖစ္ၿပီး နယူးကာဆယ္ကလည္း ကမၻာေပၚမွာ အေကာင္းဆုံးျဖစ္ပါတယ္။ဆုဖလားေတြကို ရယူခ်င္တယ္ဆိုတာ သိသာထင္ရွားပါတယ္”

“ဆုဖလားေတြရဖို႔ က စိတ္ရွည္မႈ၊ရင္းႏွီးျမဳပ္ႏွံမႈနဲ႔ အခ်ိန္ေတြလိုအပ္ပါတယ္။ျဖစ္ခ်င္တဲ့ အရာေတြကို ဦးတည္နိုင္ဖို႔ အတြက္ ကလပ္ကိုတည္ေဆာက္ဖို႔ လူတိုင္း အားလုံးအတူတကြ အလုပ္လုပ္ေစခ်င္ပါတယ္။ပိုင္ရွင္အသစ္က အဆင့္တိုင္းမွာရင္းႏွီးျမဳပ္ႏွံခ်င္တယ္”လို႔ ဆိုခဲ့ပါတယ္။

နယူးကာဆယ္ အသင္းရဲ့လက္ရွိနည္းၿပ စတိဗ္ဘ႐ုစ္ရဲ့ေနရာမွာ အစားထိုးဖြယ္ရွိတယ္လို႔ ေမၽွာ္လင့္ေနေပမယ့္ သူမကေတာ့ နည္းျပရဲ့အနာဂတ္ ဒါမွမဟုတ္ ကစားသမားသစ္ေတြရဲ့အစီအစဥ္နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားျခင္းမရွိတာလည္းျဖစ္ပါတယ္။

အာမန္ဒါစေတ့ဗ္ေလ က “လူတိုင္းက နာမည္ႀကီး ကစားသမားေတြအေၾကာင္းေျပာၾကတယ္။ဒါေပမယ့္ အတူတကြေကာင္းမြန္စြာအလုပ္လုပ္နိုင္တဲ့အဖြဲ႕ျဖစ္ဖို႔လိုပါတယ္။ဒါက အရးပါပါတယ္။စတိဗ္ဘ႐ုစ္ ကို အလြန္ေထာက္ခံပါတယ္။သူနဲ႔လည္း စကားေျပာၿပီးပါၿပီ”လို႔ ဆိုခဲ့ပါတယ္။