ဆွန်ဟောင်မင်ရဲ့နောက်ကျသွင်းဂိုးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နိုင်ပွဲဆက်ခဲ့တဲ့ တောင်ကိုရီးယား

တောင်ကိုရီးယား အသင်းဟာ ဒီ‌ည‌နေပိုင်းက (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဆီးရီးယား အသင်းနဲ့ ကစားခဲ့ရာ (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ တောင်ကိုရီးယား အသင်းဟာ ဆီးရီးယား အသင်းကို ဖိကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်မသေချာတာတွေ တိုက်စစ်ကစားသမားတွေ အပိုင်အခွင့်အရေးတွေဖြုန်းတီးနေတာတွေကြောင့် ဂိုးမပြတ်ဘဲ ကပ်ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ တောင်ကိုရီးယား အသင်းက ပိုမိုဖိအားပေးလာခဲ့တာကြောင့် ဟွမ်အင်ဘီယွန် က ပွဲချိန်(၄၈)မိနစ်မှာ ဦးဆောင်ဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဂိုးရပြီးနောက်မှာ ဆီးရီးယား အသင်းက ချေပဂိုးရဖို့ အခွင့်အရေးတချို့ရခဲ့ပါတယ်။

တောင်ကိုရီးယား အသင်းကလည်း အခွင့်အရေးတွေ အများအပြားရရှိပေမယ့် ဂိုးပေါက်လွဲချော်မှုတွေက များပြားတာကြောင့် နစ်နာခဲ့ရတာပါ။ပွဲချိန်(၈၄)မိနစ်မှာတော့ ကာရီဘင် က လှပတဲ့ ကန်သွင်းချက်နဲ့ ဆီးရီးယား အတွက် ချေပဂိုးပြန်သွင်းယူခဲ့ပါတယ်။

ဒီဂိုးပေးလိုက်ရအပြီးမှာ တောင်ကိုရီးယား အသင်းဟာ အနိုင်ဂိုးပြန်ရဖို့ ပြန်အားစိုက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ပွဲချိန်(၈၉)မိနစ်မှာ တောင်ကိုရီးယား အသင်း အနိုင်ဂိုးရရှိသွားခဲ့ပါတယ်။ဒီဂိုးကို ဆွန်ဟောင်မင်က သွင်းယူသွားခဲ့တာပါ။

ဒိုင်လူကြီး က ဒီဂိုးကို VAR ရဲ့ဆုံးဖြတ်ချက်ကို နားထောင်ခဲ့ပြီး ဂိုးအဖြစ် ခွင့်ပြုပေးခဲ့လို့ တောင်ကိုရီးယား အသင်း အနိုင်ရခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယား အသင်းဟာ အုပ်စုတွင်း (၃)ပွဲကစားပြီးချိန်မှာ (၂)ပွဲနိုင် (၁)ပွဲသရေနဲ့ အုပ်စုတွင်းကို ဦးဆောင်နေတာလည်းဖြစ်ပါတယ်။

တောင်ကိုရီးယား အသင်းဟာ အခုလ(၁၂)ရက်မှာ အီရန် အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ထပ်မံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ေတာင္ကိုရီးယား အသင္းဟာ ဒီ‌ည‌ေနပိုင္းက (၂၀၂၂) ကမၻာ့ဖလားေျခစစ္ပြဲ အုပ္စုပြဲစဥ္အျဖစ္ ဆီးရီးယား အသင္းနဲ႔ ကစားခဲ့ရာ (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။

ဒီပြဲစဥ္မွာ ေတာင္ကိုရီးယား အသင္းဟာ ဆီးရီးယား အသင္းကို ဖိကစားနိုင္ခဲ့ေပမယ့္ အဆုံးသတ္မေသခ်ာတာေတြ တိုက္စစ္ကစားသမားေတြ အပိုင္အခြင့္အေရးေတြျဖဳန္းတီးေနတာေတြေၾကာင့္ ဂိုးမျပတ္ဘဲ ကပ္ၿပီး အနိုင္ရခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ ေတာင္ကိုရီးယား အသင္းက ပိုမိုဖိအားေပးလာခဲ့တာေၾကာင့္ ဟြမ္အင္ဘီယြန္ က ပြဲခ်ိန္(၄၈)မိနစ္မွာ ဦးေဆာင္ဂိုးရယူနိုင္ခဲ့တာျဖစ္ပါတယ္။ဒီဂိုးရၿပီးေနာက္မွာ ဆီးရီးယား အသင္းက ေခ်ပဂိုးရဖို႔ အခြင့္အေရးတခ်ိဳ႕ရခဲ့ပါတယ္။

ေတာင္ကိုရီးယား အသင္းကလည္း အခြင့္အေရးေတြ အမ်ားအျပားရရွိေပမယ့္ ဂိုးေပါက္လြဲေခ်ာ္မႈေတြက မ်ားျပားတာေၾကာင့္ နစ္နာခဲ့ရတာပါ။ပြဲခ်ိန္(၈၄)မိနစ္မွာေတာ့ ကာရီဘင္ က လွပတဲ့ ကန္သြင္းခ်က္နဲ႔ ဆီးရီးယား အတြက္ ေခ်ပဂိုးျပန္သြင္းယူခဲ့ပါတယ္။

ဒီဂိုးေပးလိုက္ရအၿပီးမွာ ေတာင္ကိုရီးယား အသင္းဟာ အနိုင္ဂိုးျပန္ရဖို႔ ျပန္အားစိုက္လာခဲ့တာျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ ပြဲခ်ိန္(၈၉)မိနစ္မွာ ေတာင္ကိုရီးယား အသင္း အနိုင္ဂိုးရရွိသြားခဲ့ပါတယ္။ဒီဂိုးကို ဆြန္ေဟာင္မင္က သြင္းယူသြားခဲ့တာပါ။

ဒိုင္လူႀကီး က ဒီဂိုးကို VAR ရဲ့ဆုံးျဖတ္ခ်က္ကို နားေထာင္ခဲ့ၿပီး ဂိုးအျဖစ္ ခြင့္ျပဳေပးခဲ့လို႔ ေတာင္ကိုရီးယား အသင္း အနိုင္ရခဲ့တာျဖစ္ပါတယ္။ေတာင္ကိုရီးယား အသင္းဟာ အုပ္စုတြင္း (၃)ပြဲကစားၿပီးခ်ိန္မွာ (၂)ပြဲနိုင္ (၁)ပြဲသေရနဲ႔ အုပ္စုတြင္းကို ဦးေဆာင္ေနတာလည္းျဖစ္ပါတယ္။

ေတာင္ကိုရီးယား အသင္းဟာ အခုလ(၁၂)ရက္မွာ အီရန္ အသင္းနဲ႔ ကမၻာ့ဖလားေျခစစ္ပြဲ ထပ္မံယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။