ဝီရှိုင်းယား အာဆင်နယ် နဲ့ ပြန်လေ့ကျင့်နေတဲ့ အကြောင်းရင်းကို ပြောသွားခဲ့တဲ့ အာတီတာ

ဝီရှိုင်းယား ဟာ သူ့ရဲ့ကြံခိုင်မှုကို ထိန်းသိမ်းဖို့၊အသင်းသစ်ရှာဖွေနိုင်ဖို့ အလားအလာတွေနဲ့ ပတ်သက်ပြီး အာဆင်နယ် အသင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနေတာဖြစ်တယ်လို့ အသင်းနည်းပြ အာတီတာ က အတည်ပြုလိုက်ပါတယ်။အသက်(၂၉)နှစ်အရွယ်ကစားသမား ဟာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်ကနေ ထွက်ခွာပြီးတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။

ဝီရှိုင်းယား ဟာ အီတလီစီးရီးဘီကလပ် ကိုမို အသင်းမှာလည်း ကာလတိုလေ့ကျင့်ခန်းဆင်းခဲ့ပေမယ့် အမြဲတမ်းစာချုပ်မချုပ်ဆိုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဝီရှိုင်းယား ဟာ လက်ရှိအချိန်မှာ အာဆင်နယ် အသင်းနဲ့ လေ့ကျင့်မှု‌တွေ ပြုလုပ်နေတဲ့ သူ့ရဲ့ဓါတ်ပုံတွေထွက်ပေါ်လာခဲ့ပါတယ်။

ဝီရှိုင်းယား ဟာ နည်းပြလောကထဲကို ဝင်ရောက်ဖို့အတွက်လည်း သင်ယူမှုတွေပြုလုပ်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ဝီရှိုင်းယား ဟာ ဒဏ်ရာပြသနာတွေကြောင့် သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံးအချိန်တွေမှာတောင် အနားယူပြီး ကုန်ဆုံးနေခဲ့ရတာပါ။

အာဆင်နယ် ကစားသမားဟောင်းဟာ အက်ဖ်အေရဲ့နည်းပြအရည်အချင်း level 2 ပြီးဆုံးခဲ့ပြီဖြစ်ပြီး ယူအီးအက်ဖ်အေ ဘီလိုင်စင် အတွက် ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာ သူ့ကို ကူညီပေးနိုင်ဖို့ အတွက် အခုလို အသင်းနဲ့ အတူ လာရောက်လေ့ကျင့်မှုတွေပြုလုပ်စေခိုင်းခဲ့တာဖြစ်ပါတယ်။

အာတီတာ က “ဂျတ် အနေနဲ့ နောက်တဆင့်အတွက် ပြင်ဆင်နေချိန်မှာ ကျွန်တော်တို့ဘက်က တက်နိုင်တဲ့ဘက်ကနေ ကူညီချင်ပါတယ်။စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာပေါ့။သူဟာ နည်းပြဘဝကို ကူးပြောင်းနိုင်ဖို့ အတွက် ပြင်ဆင်မှုတွေထပ်ပြုလုပ်ချင်နေပါသေးတယ်”

“ကျွန်တော်တို့ဘက်ကတော့ သူလိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ဒါက အခြေခံအားဖြင့် စိတ်ကူးနဲ့ဖြစ်ပြီး ဒီထက်တော့မပိုပါဘူး။သူ ဒီကိုပြန်လာလို့ ကျွန်တော် အလွန်ပျော်ပါတယ်။ကျွန်တော်တို့ ဂျတ်နဲ့ စကားပြောဆိုခဲ့ပြီးပါပြီ။သူ့ရဲ့လိုအပ်ချက်တွေ၊သူ့ကြုံတွေ့နေရတဲ့ အရာတွေကို နားလည်ခဲ့ပါတယ်”

“ဒါကြောင့်လည်း ကလပ်မှာရှိတဲ့ လူတိုင်းက သူ့ကို ကူညီဖို့ မှန်ကန်တဲ့ အချိန်ဖြစ်တယ်ဆိုတာကို သဘောတူခဲ့ပါတယ်။သူဟာ အသင်းနဲ့ အတူ တစ်ခါတစ်ရံလေ့ကျင့်ခန်း ဆင်းပါလိမ့်မယ်။သူ ဒီအသင်း ပတ်ဝန်းကျင်မှာပဲ ရှိနေမှာပါ။သူစိတ်ဝင်စားတဲ့ နည်းပြ အလုပ်အတွက် ဆက်လက် လေ့လာရင်းနဲ့ပေ့ါ”

“သူ့ကိုယ်သူ ကြံ့ခိုင်မှုပြည့်ဝအောင် လုပ်နေရင်း အသင်းက ကစားသမားတွေ ၊ လူငယ်တွေ ၊ အကယ်ဒမီက ကလေးတွေကို အတွေ့အကြုံတွေ မျှဝေပေးသွားမှာပါ။ကျွန်တော့်ကတော့ ဒီအသင်းမှာ သူ့ရဲ့ လွှမ်းမိုးမှုက ကြီးမားတယ်လို့ ထင်ကြောင်း”ပြောဆိုသွားခဲ့ပါတယ်။

Zawgyi

ဝီရွိုင္းယား ဟာ သူ႔ရဲ့ႀကံခိုင္မႈကို ထိန္းသိမ္းဖို႔၊အသင္းသစ္ရွာေဖြနိုင္ဖို႔ အလားအလာေတြနဲ႔ ပတ္သက္ၿပီး အာဆင္နယ္ အသင္းမွာ ေလ့က်င့္ခန္းျပန္ဆင္းေနတာျဖစ္တယ္လို႔ အသင္းနည္းၿပ အာတီတာ က အတည္ျပဳလိုက္ပါတယ္။အသက္(၂၉)ႏွစ္အရြယ္ကစားသမား ဟာ ၿပီးခဲ့တဲ့ရာသီက ဘုန္းေမာက္ကေန ထြက္ခြာၿပီးတည္းက အသင္းလက္မဲ့ျဖစ္ေနခဲ့တာလည္းျဖစ္ပါတယ္။

ဝီရွိုင္းယား ဟာ အီတလီစီးရီးဘီကလပ္ ကိုမို အသင္းမွာလည္း ကာလတိုေလ့က်င့္ခန္းဆင္းခဲ့ေပမယ့္ အျမဲတမ္းစာခ်ဳပ္မခ်ဳပ္ဆိုနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဝီရွိုင္းယား ဟာ လက္ရွိအခ်ိန္မွာ အာဆင္နယ္ အသင္းနဲ႔ ေလ့က်င့္မႈ‌ေတြ ျပဳလုပ္ေနတဲ့ သူ႔ရဲ့ဓါတ္ပုံေတြထြက္ေပၚလာခဲ့ပါတယ္။

ဝီရွိုင္းယား ဟာ နည္းျပေလာကထဲကို ဝင္ေရာက္ဖို႔အတြက္လည္း သင္ယူမႈေတြျပဳလုပ္ဖို႔ ဆုံးျဖတ္ထားတာျဖစ္ပါတယ္။ဝီရွိုင္းယား ဟာ ဒဏ္ရာျပသနာေတြေၾကာင့္ သူ႔ရဲ့ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္ေတြမွာေတာင္ အနားယူၿပီး ကုန္ဆုံးေနခဲ့ရတာပါ။

အာဆင္နယ္ ကစားသမားေဟာင္းဟာ အက္ဖ္ေအရဲ့နည္းျပအရည္အခ်င္း level 2 ၿပီးဆုံးခဲ့ၿပီျဖစ္ၿပီး ယူအီးအက္ဖ္ေအ ဘီလိုင္စင္ အတြက္ ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။အာဆင္နယ္ အသင္းဟာ သူ႔ကို ကူညီေပးနိုင္ဖို႔ အတြက္ အခုလို အသင္းနဲ႔ အတူ လာေရာက္ေလ့က်င့္မႈေတြျပဳလုပ္ေစခိုင္းခဲ့တာျဖစ္ပါတယ္။

အာတီတာ က “ဂ်တ္ အေနနဲ႔ ေနာက္တဆင့္အတြက္ ျပင္ဆင္ေနခ်ိန္မွာ ကၽြန္ေတာ္တို႔ဘက္က တက္နိုင္တဲ့ဘက္ကေန ကူညီခ်င္ပါတယ္။စိတ္ပိုင္းဆိုင္ရာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာေပါ့။သူဟာ နည္းျပဘဝကို ကူးေျပာင္းနိုင္ဖို႔ အတြက္ ျပင္ဆင္မႈေတြထပ္ျပဳလုပ္ခ်င္ေနပါေသးတယ္”

“ကၽြန္ေတာ္တို႔ဘက္ကေတာ့ သူလိုအပ္တာမွန္သမၽွကို ျဖည့္ဆည္းေပးဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ဒါက အေျခခံအားျဖင့္ စိတ္ကူးနဲ႔ျဖစ္ၿပီး ဒီထက္ေတာ့မပိုပါဘူး။သူ ဒီကိုျပန္လာလို႔ ကၽြန္ေတာ္ အလြန္ေပ်ာ္ပါတယ္။ကၽြန္ေတာ္တို႔ ဂ်တ္နဲ႔ စကားေျပာဆိုခဲ့ၿပီးပါၿပီ။သူ႔ရဲ့လိုအပ္ခ်က္ေတြ၊သူ႔ၾကဳံေတြ႕ေနရတဲ့ အရာေတြကို နားလည္ခဲ့ပါတယ္”

“ဒါေၾကာင့္လည္း ကလပ္မွာရွိတဲ့ လူတိုင္းက သူ႔ကို ကူညီဖို႔ မွန္ကန္တဲ့ အခ်ိန္ျဖစ္တယ္ဆိုတာကို သေဘာတူခဲ့ပါတယ္။သူဟာ အသင္းနဲ႔ အတူ တစ္ခါတစ္ရံေလ့က်င့္ခန္း ဆင္းပါလိမ့္မယ္။သူ ဒီအသင္း ပတ္ဝန္းက်င္မွာပဲ ရွိေနမွာပါ။သူစိတ္ဝင္စားတဲ့ နည္းၿပ အလုပ္အတြက္ ဆက္လက္ ေလ့လာရင္းနဲ႔ေပ့ါ”

“သူ႔ကိုယ္သူ ႀကံ့ခိုင္မႈျပည့္ဝေအာင္ လုပ္ေနရင္း အသင္းက ကစားသမားေတြ ၊ လူငယ္ေတြ ၊ အကယ္ဒမီက ကေလးေတြကို အေတြ႕အၾကဳံေတြ မၽွေဝေပးသြားမွာပါ။ကၽြန္ေတာ့္ကေတာ့ ဒီအသင္းမွာ သူ႔ရဲ့ လႊမ္းမိုးမႈက ႀကီးမားတယ္လို႔ ထင္ေၾကာင္း”ေျပာဆိုသြားခဲ့ပါတယ္။