ဒီရာသီမှာ လူကာကူ၊တီမိုဝါနာ တို့ထက် ပိုမိုသာလွန်အောင် စွမ်းဆောင်ထားတဲ့ အေဘရာဟမ်

အေဘရာဟမ် ကတော့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီး အသင်းကနေ မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမား အသင်းကို ပြောင်းရွှေ့ပြီး ခြေစွမ်းပြသနေတာဖြစ်ပါတယ်။

အချက်အလက်တွေအရ အေဘရာဟမ် ဟာ လက်ရှိချယ်လ်ဆီး အသင်း တိုက်စစ်မှုးတွေဖြစ်တဲ့ လူကာကူနဲ့ တီမိုဝါနာ တို့ထက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်နေတာကိုတွေ့မြင်ရပါတယ်။

အေဘရာဟမ် ဟာ နည်းပြ တူချယ်လ် လက် အောက်မှာ ပုံမှန်နေရာမရတာကြောင့် နွေရာသီ က ရိုးမား အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ချယ်လ်ဆီး အသင်းကလည်း တိုက်စစ်အင်အားဖြည့်ဖို့ အတွက် အင်တာမီလန် အသင်းကနေ သူတို့ ရဲ့တိုက်စစ်မှုးဟောင်း လူကာကူ ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အေဘရာဟမ် ဟာ ရိုးမား အသင်းကို ရောက်ရှိလာတည်းက နည်းပြမော်ရင်ဟို ရဲ့လက်အောက်မှာ ခြေစွမ်းပိုင်းတိုးတက်လာခဲ့ပြီး အသင်းအတွက် ဂိုးမသွင်းနိုင်ရင်တောင် အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် အကောင်းဆုံးကြိုးစားနေခဲ့တာဖြစ်ပါတယ်။

အေဘရာဟမ် ဟာ စီးရီးအေကလပ်မှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် အခုလထဲကစားမယ့် အင်္ဂလန်လက်ရွေးစင် အသင်းလူစာရင်းထဲမှာပါ ရွေးချယ်ခြင်းခံခဲ့ရတာပါ။မော်ရင်ဟိုကလည်း သူ့ရဲ့ကစားသမားကို မရွေးချယ်ရင် နိုင်ငံပြောင်းပြီး ကစားခိုင်းဖို့ တိုက်တွန်းသွားမယ်လို့ ဆိုထားတာပါ။

အေဘရာဟမ် ဟာ ဒီရာသီ ရိုးမား အသင်းအတွက် ပြိုင်ပွဲစုံ(၁၀)ပွဲပါဝင်ကစားထားပြီး (၄)ဂိုးသွင်းယူကာ (၂)ဂိုးဖန်တီးထားတာဖြစ်ပါတယ်။လူကာကူ ကတော့ (၉)ပွဲပါဝင်ကစားထားပြီး (၄)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုမရှိသေးတာလည်းဖြစ်ပါတယ်။

တီမိုဝါနာ ကတော့ (၈)ပွဲပါဝင်ကစားထားပြီး (၂)ဂိုးသွင်းယူကာ (၁)ဂိုးဖန်တီးထားတာလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့် အေဘရာဟမ် ဟာ လူကာကူ၊တီမိုဝါနာ တို့ထက် အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှုနှုန်းမှာ သာ‌လွန်နေခဲ့တာလည်းဖြစ်ပါတယ်။

အေဘရာဟမ် အနေနဲ့ နည်းပြမော်ရင်ဟို လက် အောက်မှာ ခြေစွမ်းပိုင်း ဒီထက်ပိုမိုကောင်းမွန်လာမယ်ဆိုရင်တော့ လာမယ့်(၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင် အသင်းလူစာရင်းမှာ နေရာတနေရာ‌တော့ ရရှိလာမှာ အသေအချာလည်းဖြစ်ပါတယ်။

Zawgyi

ေအဘရာဟမ္ ကေတာ့ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕က ခ်ယ္လ္ဆီး အသင္းကေန ေမာ္ရင္ဟို ကိုင္တြယ္ေနတဲ့ ရိုးမား အသင္းကို ေျပာင္းေရႊ႕ၿပီး ေျခစြမ္းျပသေနတာျဖစ္ပါတယ္။

အခ်က္အလက္ေတြအရ ေအဘရာဟမ္ ဟာ လက္ရွိခ်ယ္လ္ဆီး အသင္း တိုက္စစ္မႈးေတြျဖစ္တဲ့ လူကာကူနဲ႔ တီမိုဝါနာ တို႔ထက္ စြမ္းေဆာင္ရည္ပိုမိုေကာင္းမြန္ေနတာကိုေတြ႕ျမင္ရပါတယ္။

ေအဘရာဟမ္ ဟာ နည္းၿပ တူခ်ယ္လ္ လက္ ေအာက္မွာ ပုံမွန္ေနရာမရတာေၾကာင့္ ေႏြရာသီ က ရိုးမား အသင္းကို ေျပာင္းေရႊ႕ခဲ့တာပါ။ခ်ယ္လ္ဆီး အသင္းကလည္း တိုက္စစ္အင္အားျဖည့္ဖို႔ အတြက္ အင္တာမီလန္ အသင္းကေန သူတို႔ ရဲ့တိုက္စစ္မႈးေဟာင္း လူကာကူ ကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ျပန္လည္ေခၚယူခဲ့တာျဖစ္ပါတယ္။

ေအဘရာဟမ္ ဟာ ရိုးမား အသင္းကို ေရာက္ရွိလာတည္းက နည္းျပေမာ္ရင္ဟို ရဲ့လက္ေအာက္မွာ ေျခစြမ္းပိုင္းတိုးတက္လာခဲ့ၿပီး အသင္းအတြက္ ဂိုးမသြင္းနိုင္ရင္ေတာင္ အသင္းေဖာ္ေတြ ဂိုးသြင္းနိုင္ေအာင္ အေကာင္းဆုံးႀကိဳးစားေနခဲ့တာျဖစ္ပါတယ္။

ေအဘရာဟမ္ ဟာ စီးရီးေအကလပ္မွာ ျပသေနတဲ့ ေျခစြမ္းေတြေၾကာင့္ အခုလထဲကစားမယ့္ အဂၤလန္လက္ေရြးစင္ အသင္းလူစာရင္းထဲမွာပါ ေရြးခ်ယ္ျခင္းခံခဲ့ရတာပါ။ေမာ္ရင္ဟိုကလည္း သူ႔ရဲ့ကစားသမားကို မေရြးခ်ယ္ရင္ နိုင္ငံေျပာင္းၿပီး ကစားခိုင္းဖို႔ တိုက္တြန္းသြားမယ္လို႔ ဆိုထားတာပါ။

ေအဘရာဟမ္ ဟာ ဒီရာသီ ရိုးမား အသင္းအတြက္ ၿပိဳင္ပြဲစုံ(၁၀)ပြဲပါဝင္ကစားထားၿပီး (၄)ဂိုးသြင္းယူကာ (၂)ဂိုးဖန္တီးထားတာျဖစ္ပါတယ္။လူကာကူ ကေတာ့ (၉)ပြဲပါဝင္ကစားထားၿပီး (၄)ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈမရွိေသးတာလည္းျဖစ္ပါတယ္။

တီမိုဝါနာ ကေတာ့ (၈)ပြဲပါဝင္ကစားထားၿပီး (၂)ဂိုးသြင္းယူကာ (၁)ဂိုးဖန္တီးထားတာလည္းျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ ေအဘရာဟမ္ ဟာ လူကာကူ၊တီမိုဝါနာ တို႔ထက္ အသင္းအတြက္ ဂိုးပါဝင္ပတ္သက္မႈႏႈန္းမွာ သာ‌လြန္ေနခဲ့တာလည္းျဖစ္ပါတယ္။

ေအဘရာဟမ္ အေနနဲ႔ နည္းျပေမာ္ရင္ဟို လက္ ေအာက္မွာ ေျခစြမ္းပိုင္း ဒီထက္ပိုမိုေကာင္းမြန္လာမယ္ဆိုရင္ေတာ့ လာမယ့္(၂၀၂၂) ကမၻာ့ဖလားၿပိဳင္ပြဲဝင္မယ့္ အဂၤလန္လက္ေရြးစင္ အသင္းလူစာရင္းမွာ ေနရာတေနရာ‌ေတာ့ ရရွိလာမွာ အေသအခ်ာလည္းျဖစ္ပါတယ္။