မန်ချက်စတာရဲ့ဘုရင်မဖြစ်ချင်ဘူး မန်ချက်စတာရဲ့နတ်ဘုရားပဲဖြစ်ချင်တာဆိုတဲ့ ဇလာတန်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးဟောင်း အီဘရာဟီမိုဗစ် က သူဟာ မန်ချက်စတာရဲ့နတ်ဘုရားဖြစ်ချင်တယ်ဆိုပြီး ဂန္တဝင်ကစားသမားဖြစ်တဲ့ ကန်တိုနာ ကို ပြောဆိုခဲ့ပါတယ်။ကန်တိုနာ က မန်ချက်စတာမှာ သူ့ကို ဘုရင်အဖြစ် ဘယ်တော့မှအစားထိုးမှာမဟုတ်ဘူးလို့ ပြောခဲ့တဲ့ အပေါ်မှာ အခုလိုတုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

အီဘရာဟီမိုဗစ် ဟာ (၂၀၁၆) က မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းပြဟောင်း မော်ရင်ဟို နဲ့ ပြန်လည်လက်တွဲခဲ့တာဖြစ်ပါတယ်။အီဘရာဟီမိုဗစ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ပွဲဦးထွက်ရာသီမှာပဲ အလျင်အမြန်အသားကျခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ် ဟာ အဲ့ဒီရာသီမှာပဲ မန်ချက်စတာယူနိုက်တက် အသင်းကို ကွန်မြူနတီဒိုင်း၊ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အီဘရာဟီမိုဗစ် ဟာ ကန်တိုနာ ရဲ့ကိုယ်ပိုင်အမွေအနှစ်ကို ကျော်ဖြတ်ဖို့ ရည်မှန်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ကန်တိုနာ ဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့အကောင်းဆုံးကစားသမားတွေထဲက တဦးဖြစ်ပြီး အသင်းမှာ ကစားခဲ့တဲ့ (၅)နှစ်အတွင်း ပရီးမီးယားလိဂ်ဆုဖလား(၄)ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။အီဘရာဟီမိုဗစ် ကတော့ ကန်တိုနာရဲ့အရိပ်အောက်မှာ ကစားရမယ့် ထင်မြင်ချက်တွေကို ငြင်းပယ်ခဲ့တာပါ။

အသက်(၄၀)အရွယ်ရှိ အီဘရာဟီမိုဗစ် ဟာ စီးရီးအေကလပ် အေစီမီလန် အသင်းမှာ ကစားနေပြီး ခြေစွမ်းပြသနေတာလည်းဖြစ်ပါတယ်။အီဘရာဟီမိုဗစ် က “တနေ့ ကန်တိုနာ က ကျွန်တော့်ကို လာပြောတယ်။မင်းက မန်ချက်စတာရဲ့ဘုရင်မဖြစ်နိုင်ပါဘူး။မင်းသားဖြစ်ရတာနဲ့တင် ကျေနပ်ရပါလိမ့်မယ်”

“ကျွန်တော်လည်း ပြန်ပြောလိုက်ပါတယ်။ကျွန်တော်က ဘုရင်ဖြစ်ဖို့ စိတ်မဝင်စားပါဘူး။မန်ချက်စတာရဲ့နတ်ဘုရားပဲ ဖြစ်ချင်ပါတယ်ဆိုပြီးတော့ပေါ့”လို့ဆိုခဲ့တာဖြစ်ပါတယ်။

ကန်တိုနာ ဟာ မန်ချက်စတာယူနိုက်အတွက် (၁၈၅)ပွဲပါဝင်ကစားပြီး (၈၂)ဂိုးသွင်းယူနိုင်ခဲ့ကာ ဆုဖလား(၉)လုံးနဲ့ PFA ရဲ့ကစားသမားတွေက ပေးတဲ့ တနှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

အီဘရာဟီမိုဗစ် ကတော့ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဒူးဒဏ်ရာပြသနာကြောင့် (၅၃)ပွဲသာ ပါဝင်ကစားခဲ့ရပြီး (၂၉)ဂိုးသွင်းယူကာ ဆုဖလား(၃)လုံးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မႈးေဟာင္း အီဘရာဟီမိုဗစ္ က သူဟာ မန္ခ်က္စတာရဲ့နတ္ဘုရားျဖစ္ခ်င္တယ္ဆိုၿပီး ဂႏၲဝင္ကစားသမားျဖစ္တဲ့ ကန္တိုနာ ကို ေျပာဆိုခဲ့ပါတယ္။ကန္တိုနာ က မန္ခ်က္စတာမွာ သူ႔ကို ဘုရင္အျဖစ္ ဘယ္ေတာ့မွအစားထိုးမွာမဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ အေပၚမွာ အခုလိုတုံ႔ျပန္ခဲ့တာလည္းျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ ဟာ (၂၀၁၆) က မန္ခ်က္စတာယူနိုက္တက္ အသင္းကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး နည္းျပေဟာင္း ေမာ္ရင္ဟို နဲ႔ ျပန္လည္လက္တြဲခဲ့တာျဖစ္ပါတယ္။အီဘရာဟီမိုဗစ္ ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းနဲ႔ ပြဲဦးထြက္ရာသီမွာပဲ အလ်င္အျမန္အသားက်ခဲ့ၿပီး ေျခစြမ္းျပသနိုင္ခဲ့တာျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ ဟာ အဲ့ဒီရာသီမွာပဲ မန္ခ်က္စတာယူနိုက္တက္ အသင္းကို ကြန္ျမဴနတီဒိုင္း၊ကာရာေဘာင္းဖလားနဲ႔ ယူရိုပါလိဂ္ဖလားတို႔ကို ရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့တာလည္းျဖစ္ပါတယ္။အီဘရာဟီမိုဗစ္ ဟာ ကန္တိုနာ ရဲ့ကိုယ္ပိုင္အေမြအႏွစ္ကို ေက်ာ္ျဖတ္ဖို႔ ရည္မွန္းခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။

ကန္တိုနာ ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့အေကာင္းဆုံးကစားသမားေတြထဲက တဦးျဖစ္ၿပီး အသင္းမွာ ကစားခဲ့တဲ့ (၅)ႏွစ္အတြင္း ပရီးမီးယားလိဂ္ဆုဖလား(၄)ႀကိမ္ ရယူနိုင္ခဲ့တာျဖစ္ပါတယ္။အီဘရာဟီမိုဗစ္ ကေတာ့ ကန္တိုနာရဲ့အရိပ္ေအာက္မွာ ကစားရမယ့္ ထင္ျမင္ခ်က္ေတြကို ျငင္းပယ္ခဲ့တာပါ။

အသက္(၄၀)အရြယ္ရွိ အီဘရာဟီမိုဗစ္ ဟာ စီးရီးေအကလပ္ ေအစီမီလန္ အသင္းမွာ ကစားေနၿပီး ေျခစြမ္းျပသေနတာလည္းျဖစ္ပါတယ္။အီဘရာဟီမိုဗစ္ က “တေန႔ ကန္တိုနာ က ကၽြန္ေတာ့္ကို လာေျပာတယ္။မင္းက မန္ခ်က္စတာရဲ့ဘုရင္မျဖစ္နိုင္ပါဘူး။မင္းသားျဖစ္ရတာနဲ႔တင္ ေက်နပ္ရပါလိမ့္မယ္”

“ကၽြန္ေတာ္လည္း ျပန္ေျပာလိုက္ပါတယ္။ကၽြန္ေတာ္က ဘုရင္ျဖစ္ဖို႔ စိတ္မဝင္စားပါဘူး။မန္ခ်က္စတာရဲ့နတ္ဘုရားပဲ ျဖစ္ခ်င္ပါတယ္ဆိုၿပီးေတာ့ေပါ့”လို႔ဆိုခဲ့တာျဖစ္ပါတယ္။

ကန္တိုနာ ဟာ မန္ခ်က္စတာယူနိုက္အတြက္ (၁၈၅)ပြဲပါဝင္ကစားၿပီး (၈၂)ဂိုးသြင္းယူနိုင္ခဲ့ကာ ဆုဖလား(၉)လုံးနဲ႔ PFA ရဲ့ကစားသမားေတြက ေပးတဲ့ တႏွစ္တာ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ပါတယ္။

အီဘရာဟီမိုဗစ္ ကေတာ့ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ဒူးဒဏ္ရာျပသနာေၾကာင့္ (၅၃)ပြဲသာ ပါဝင္ကစားခဲ့ရၿပီး (၂၉)ဂိုးသြင္းယူကာ ဆုဖလား(၃)လုံးရယူနိုင္ခဲ့တာျဖစ္ပါတယ္။