နိုင်ငံတကာပွဲကြောင့် ပျော်ရခက်ခက် ဝမ်းနည်းရခက်ခက် ဖြစ်နေကြတဲ့ ယူနိုက်တက် ပရိသတ်တွေ

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ မကြာသေးခင်က အသင်းရဲ့ရလဒ်တွေကြောင့် စိတ်ပျက်နေကြတာဖြစ်ပါတယ်။ဒီတပတ်ကတော့ နိုင်ငံတကာ ပွဲစဉ်တွေယှဉ်ပြိုင်မှာဖြစ်တဲ့ အတွက် ပရိသတ်တွေအတွက် စိတ်ပျက်စရာ ရက်သတ္တပတ်ကို ကျော်လွှားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားအများအပြားကတော့ သူတို့နဲ့ သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေနဲ့ အတူ သွားရောက်လေ့ကျင့်နေကြပြီလည်းဖြစ်ပါတယ်။ဒီထဲမှာ တောင်အမေရိက နိုင်ငံတွေဖြစ်တဲ့ ဘရာဇီးလ် နဲ့ ဥရုဂွေး တို့ကိုကိုယ်စားပြုနေတဲ့ ဖရက်နဲ့ ကာဗာနီ တို့ ပါဝင်နေတာလည်းဖြစ်ပါတယ်။

သူတို့ (၂)ဦး ပါဝင်မယ့် ဘရာဇီးလ်နဲ့ ဥရုဂွေး တို့ ပွဲစဉ်ဟာ အခုလ(၁၅)ရက် သောကြာနေ့မှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ (၁၆)ရက် စနေနေ့ မှာ လက်စတာ နဲ့ ပရီးမီးယားလိဂ် ပွဲယှဉ်ပြိုင်ရမှာပါ။

အဲ့ဒါကြောင့် ကာဗာနီ နဲ့ ဖရက်တို့ဟာ လက်စတာ နဲ့ ပွဲစဉ်ကို လွဲချော်ဖို့ သေချာပေါက်ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေအတွက်ကတာ့ ပျော်စရာနဲ့ ဝမ်းနည်းစရာ သတင်းကို တပြိုင်နက် ရခဲ့တာလို့ ပြောလို့တောင်ရနေတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ ဖရက်မပါနိုင်လို့ ဝမ်းသာနေကြပြီး ကာဗာနီ မပါနိုင်လို့ ဝမ်းနည်းနေကြတာပါ။ဖရက် ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားရဲ့မရှိမဖြစ် ကစားသမားအဖြစ် အသင်းရဲ့ပွဲစဉ်တိုင်းမှာ ပါဝင်နေရတာဖြစ်ပါတယ်။

ဖရက်ဟာ ပွဲတိုင်းကြိုးစားကစားခဲ့ပေမယ့် သူ့ရဲ့အမှားအယွင်းတွေကြောင့် ယူနိုက်တက် ပရိသတ်တွေရဲ့ငြိုငြင်မှုနဲ့ ရင်ဆိုင်‌နေရတာပါ။နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှာလည်း သူ့ရဲ့လူကပ်ပုံအားနည်းခဲ့လို့ ဂရေးက ဆွဲပြေးပြီး တောင်ဆန် ကို ခင်းပေးရာမှာ တောင်ဆန်က သွင်းသွားခဲ့တာဖြစ်ပါတယ်။

ကာဗာနီ ကတော့ ဒီရာသီမှာ အသင်းအတွက် ပွဲကစားခွင့်နည်းပါးပေမယ့် ပါဝင်ခွင့်ရတဲ့ အချိန်တိုင်းမှာ မဆုတ်မနစ်ကြိုးစားတက်လို့ ယူနိုက်တက် ပရိသတ်တွေရဲ့အချစ်‌ကို ရယူထားတာလည်းဖြစ်ပါတယ်။

ကာဗာနီ ဟာ ရော်နယ်ဒို ရောက်ရှိလာခဲ့လို့ ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ရရှိမှာဖြစ်ပေမယ့် အသင်းအတွက် အကောင်းဆုံးကြိုးစားသွားပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားတာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ ပရိသတ္ေတြကေတာ့ မၾကာေသးခင္က အသင္းရဲ့ရလဒ္ေတြေၾကာင့္ စိတ္ပ်က္ေနၾကတာျဖစ္ပါတယ္။ဒီတပတ္ကေတာ့ နိုင္ငံတကာ ပြဲစဥ္ေတြယွဥ္ၿပိဳင္မွာျဖစ္တဲ့ အတြက္ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာ ရက္သတၱပတ္ကို ေက်ာ္လႊားနိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ ကစားသမားအမ်ားအျပားကေတာ့ သူတို႔နဲ႔ သက္ဆိုင္ရာ လက္ေရြးစင္ အသင္းေတြနဲ႔ အတူ သြားေရာက္ေလ့က်င့္ေနၾကၿပီလည္းျဖစ္ပါတယ္။ဒီထဲမွာ ေတာင္အေမရိက နိုင္ငံေတြျဖစ္တဲ့ ဘရာဇီးလ္ နဲ႔ ဥ႐ုေဂြး တို႔ကိုကိုယ္စားျပဳေနတဲ့ ဖရက္နဲ႔ ကာဗာနီ တို႔ ပါဝင္ေနတာလည္းျဖစ္ပါတယ္။

သူတို႔ (၂)ဦး ပါဝင္မယ့္ ဘရာဇီးလ္နဲ႔ ဥ႐ုေဂြး တို႔ ပြဲစဥ္ဟာ အခုလ(၁၅)ရက္ ေသာၾကာေန႔မွာ ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ (၁၆)ရက္ စေနေန႔ မွာ လက္စတာ နဲ႔ ပရီးမီးယားလိဂ္ ပြဲယွဥ္ၿပိဳင္ရမွာပါ။

အဲ့ဒါေၾကာင့္ ကာဗာနီ နဲ႔ ဖရက္တို႔ဟာ လက္စတာ နဲ႔ ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ ေသခ်ာေပါက္ရွိသြားခဲ့ၿပီလည္းျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ ပရိသတ္ေတြအတြက္ကတာ့ ေပ်ာ္စရာနဲ႔ ဝမ္းနည္းစရာ သတင္းကို တၿပိဳင္နက္ ရခဲ့တာလို႔ ေျပာလို႔ေတာင္ရေနတာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ ပရိသတ္ေတြဟာ ဖရက္မပါနိုင္လို႔ ဝမ္းသာေနၾကၿပီး ကာဗာနီ မပါနိုင္လို႔ ဝမ္းနည္းေနၾကတာပါ။ဖရက္ ဟာ ဒီရာသီမွာ မန္ခ်က္စတာယူနိုက္တက္ နည္းၿပ ဆိုးလ္ရွားရဲ့မရွိမျဖစ္ ကစားသမားအျဖစ္ အသင္းရဲ့ပြဲစဥ္တိုင္းမွာ ပါဝင္ေနရတာျဖစ္ပါတယ္။

ဖရက္ဟာ ပြဲတိုင္းႀကိဳးစားကစားခဲ့ေပမယ့္ သူ႔ရဲ့အမွားအယြင္းေတြေၾကာင့္ ယူနိုက္တက္ ပရိသတ္ေတြရဲ့ၿငိဳျငင္မႈနဲ႔ ရင္ဆိုင္‌ေနရတာပါ။ေနာက္ဆုံးကစားခဲ့တဲ့ အဲဗာတန္နဲ႔ ပြဲမွာလည္း သူ႔ရဲ့လူကပ္ပုံအားနည္းခဲ့လို႔ ဂေရးက ဆြဲေျပးၿပီး ေတာင္ဆန္ ကို ခင္းေပးရာမွာ ေတာင္ဆန္က သြင္းသြားခဲ့တာျဖစ္ပါတယ္။

ကာဗာနီ ကေတာ့ ဒီရာသီမွာ အသင္းအတြက္ ပြဲကစားခြင့္နည္းပါးေပမယ့္ ပါဝင္ခြင့္ရတဲ့ အခ်ိန္တိုင္းမွာ မဆုတ္မနစ္ႀကိဳးစားတက္လို႔ ယူနိုက္တက္ ပရိသတ္ေတြရဲ့အခ်စ္‌ကို ရယူထားတာလည္းျဖစ္ပါတယ္။

ကာဗာနီ ဟာ ေရာ္နယ္ဒို ေရာက္ရွိလာခဲ့လို႔ ပြဲကစားခြင့္ အကန႔္အသတ္နဲ႔သာ ရရွိမွာျဖစ္ေပမယ့္ အသင္းအတြက္ အေကာင္းဆုံးႀကိဳးစားသြားၿပီး ပြဲထြက္ခြင့္အတြက္ တိုက္ပြဲဝင္သြားမယ္လို႔ ဆိုထားတာျဖစ္ပါတယ္။