ကစားသမား၂ဦးကြောင့် မက်ဆီ ရဲ့ဘာကာ ကစားသမားဘဝ အဆုံးသတ်ရတာလို့ ပြောခဲ့တဲ့ တီဘတ်စ်

လာလီဂါ ဥက္ကဌ တီဘတ်စ် က ဘာစီလိုနာ အသင်းအနေနဲ့ အဂွေရိုနဲ့ ဒီပိုင်း ကို မခေါ်ယူခဲ့ဘူးဆိုရင် မက်ဆီ ကို ဆက်ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ဘာစီလိုနာ အသင်းဟာ အသင်းရဲ့ကြွေးမြီတွေ ဘဏ္ဍာရေး အခက်အခဲတွေကြောင့် မက်ဆီ ကို စာချုပ်သက်တမ်းမတိုးနိုင်ဘဲ ပီအက်စ်ဂျီထံ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာ မှာ ဆက်ရှိချင်ခဲ့သလို စပိန်ကလပ်ကလည်း သူ့ကို ဆက်ထိန်းထားချင်ပေမယ့် အခက်အခဲတွေကြောင့် လက်လွှတ်ခဲ့ရတာပါ။ဘာစီလိုနာ အနေနဲ့ လာလီဂါ ရဲ့သဘောတူညီမှုအတိုင်း သူတို့ရဲ့လုပ်ငန်းရဲ့(၁၀)ရာခိုင်နှုန်းကို CVC ကို ရောင်းချခဲ့မယ်ဆိုရင် မက်ဆီ ကို ထိန်းသိမ်းနိုင်မယ်လို့ လာပေါ်တာကလည်း ဝန်ခံခဲ့ပါတယ်။

ဒီလိုလုပ်မယ်ဆိုရင် ဘာစီလိုနာ အတွက် ယူရိုသန်း(၂၇၀) တန်ကြေးရှိမှာဖြစ်ပေမယ့် လာပေါ်တာက ကလပ်ရဲ့အနာဂတ်ကို ပေါင်နှံရလိမ့်မယ်လို့ ပြောခဲ့ပြီးနောက် သူတို့က ရောင်းချဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

တီဘတ်စ် က ဒီသဘောတူညီမှုဟာ မက်ဆီ နဲ့ ဘာစီလိုနာ အသင်းတို့ စာချုပ်သစ်ချုပ်ဖို့ ခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဘာစီလိုနာ အနေနဲ့ နွေရာသီမှာ အဂွေရို၊ဒီပိုင်း တို့ကို မခေါ်ခဲ့ဘူးဆိုရင် မက်ဆီ ကို ဆက်ထိန်းသိမ်းနိုင်မယ်လို့ လည်းဆိုခဲ့ပါတယ်။

လာပေါ်တာ က “လာပေါ်တာရဲ့အိမ်မှာ ညစာစားခဲ့တယ်။သူက CVC သဘောတူညီမှုကို လတ်မှတ်ထိုးဖို့ သဘောတူခဲ့တယ်။မက်ဆီ သက်တမ်းတိုးနိုင်မလားဆိုတာကို ကျွန်တော်မသိခဲ့ပါဘူး။ဘာလို့လဲဆိုရင် နောက်ပိုင်းမှာ လာပေါ်တာဆီက ဖုန်းခေါ်လာခဲ့ပါတယ်”

“ငါတို့ ဒီ CVC ကို အရှိန်မြင့်တင်နိုင်မလား?ကောင်လေး(မက်ဆီ)က စိတ်ရှုပ်နေပြီလို့ဆိုခဲ့ပါတယ်။ပီရတ်စ် က ဒါတွေရဲ့နောက်ကွယ်မှာရှိတယ်ဆိုတာ ကျွန်တော်သံသယရှိစရာ မလိုပါဘူး။ဘာစီလိုနာ အနေနဲ့ ဒါကို လတ်မှတ်ထိုးခဲ့ရင် သူတို့က ကစားသမားတွေကို ခေါ်ဖို့ အတွက် ငွေရဲ့(၁၅)ရာခိုင်နှုန်းကို စုထားနိုင်တယ်ဆိုတဲ့ သဘောတူညီချက်ရှိခဲ့ပါတယ်”

“ကျွန်တော့်အမြင်မှာတော့ သူတို့ မက်ဆီကို လတ်မှတ်ထိုးနိုင်ပါတယ်။လာပေါ်တာ က ဒီပိုင်း၊ အဂွေရို တို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။တကယ်လို့သာ သူတို့ ဒီကစားသမားတွေကို မခေါ်နိုင်ခဲ့ရင် မက်ဆီ ကို သက်တမ်းတိုးဖို့ ဆက်လုပ်နိုင်မယ်”လို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ မက်ဆီ ထွက်ခွာသွားပြီးနောက် အသင်းရဲ့ရလဒ်ပိုင်းတွေဟာ သိသိသာသာ ဆိုးရွားလာခဲ့ပြီး နောက်ဆုံး(၂)ပွဲဆက် ဂိုးမသွင်းနိုင်ဘဲအရေးနိမ့်ခဲ့တဲ့ အခြေအနေအထိ ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

လာလီဂါ ဥကၠဌ တီဘတ္စ္ က ဘာစီလိုနာ အသင္းအေနနဲ႔ အေဂြရိုနဲ႔ ဒီပိုင္း ကို မေခၚယူခဲ့ဘူးဆိုရင္ မက္ဆီ ကို ဆက္ထိန္းသိမ္းနိုင္မွာျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ဘာစီလိုနာ အသင္းဟာ အသင္းရဲ့ေႂကြးၿမီေတြ ဘ႑ာေရး အခက္အခဲေတြေၾကာင့္ မက္ဆီ ကို စာခ်ဳပ္သက္တမ္းမတိုးနိုင္ဘဲ ပီအက္စ္ဂ်ီထံ လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။

မက္ဆီကိုယ္တိုင္ကလည္း ဘာစီလိုနာ မွာ ဆက္ရွိခ်င္ခဲ့သလို စပိန္ကလပ္ကလည္း သူ႔ကို ဆက္ထိန္းထားခ်င္ေပမယ့္ အခက္အခဲေတြေၾကာင့္ လက္လႊတ္ခဲ့ရတာပါ။ဘာစီလိုနာ အေနနဲ႔ လာလီဂါ ရဲ့သေဘာတူညီမႈအတိုင္း သူတို႔ရဲ့လုပ္ငန္းရဲ့(၁၀)ရာခိုင္ႏႈန္းကို CVC ကို ေရာင္းခ်ခဲ့မယ္ဆိုရင္ မက္ဆီ ကို ထိန္းသိမ္းနိုင္မယ္လို႔ လာေပၚတာကလည္း ဝန္ခံခဲ့ပါတယ္။

ဒီလိုလုပ္မယ္ဆိုရင္ ဘာစီလိုနာ အတြက္ ယူရိုသန္း(၂၇၀) တန္ေၾကးရွိမွာျဖစ္ေပမယ့္ လာေပၚတာက ကလပ္ရဲ့အနာဂတ္ကို ေပါင္ႏွံရလိမ့္မယ္လို႔ ေျပာခဲ့ၿပီးေနာက္ သူတို႔က ေရာင္းခ်ဖို႔ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။

တီဘတ္စ္ က ဒီသေဘာတူညီမႈဟာ မက္ဆီ နဲ႔ ဘာစီလိုနာ အသင္းတို႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ခြင့္ျပဳမွာျဖစ္တယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ ဘာစီလိုနာ အေနနဲ႔ ေႏြရာသီမွာ အေဂြရို၊ဒီပိုင္း တို႔ကို မေခၚခဲ့ဘူးဆိုရင္ မက္ဆီ ကို ဆက္ထိန္းသိမ္းနိုင္မယ္လို႔ လည္းဆိုခဲ့ပါတယ္။

လာေပၚတာ က “လာေပၚတာရဲ့အိမ္မွာ ညစာစားခဲ့တယ္။သူက CVC သေဘာတူညီမႈကို လတ္မွတ္ထိုးဖို႔ သေဘာတူခဲ့တယ္။မက္ဆီ သက္တမ္းတိုးနိုင္မလားဆိုတာကို ကၽြန္ေတာ္မသိခဲ့ပါဘူး။ဘာလို႔လဲဆိုရင္ ေနာက္ပိုင္းမွာ လာေပၚတာဆီက ဖုန္းေခၚလာခဲ့ပါတယ္”

“ငါတို႔ ဒီ CVC ကို အရွိန္ျမင့္တင္နိုင္မလား?ေကာင္ေလး(မက္ဆီ)က စိတ္ရႈပ္ေနၿပီလို႔ဆိုခဲ့ပါတယ္။ပီရတ္စ္ က ဒါေတြရဲ့ေနာက္ကြယ္မွာရွိတယ္ဆိုတာ ကၽြန္ေတာ္သံသယရွိစရာ မလိုပါဘူး။ဘာစီလိုနာ အေနနဲ႔ ဒါကို လတ္မွတ္ထိုးခဲ့ရင္ သူတို႔က ကစားသမားေတြကို ေခၚဖို႔ အတြက္ ေငြရဲ့(၁၅)ရာခိုင္ႏႈန္းကို စုထားနိုင္တယ္ဆိုတဲ့ သေဘာတူညီခ်က္ရွိခဲ့ပါတယ္”

“ကၽြန္ေတာ့္အျမင္မွာေတာ့ သူတို႔ မက္ဆီကို လတ္မွတ္ထိုးနိုင္ပါတယ္။လာေပၚတာ က ဒီပိုင္း၊ အေဂြရို တို႔လို ကစားသမားေတြကို ေခၚယူနိုင္ခဲ့ပါတယ္။တကယ္လို႔သာ သူတို႔ ဒီကစားသမားေတြကို မေခၚနိုင္ခဲ့ရင္ မက္ဆီ ကို သက္တမ္းတိုးဖို႔ ဆက္လုပ္နိုင္မယ္”လို႔ ဆိုခဲ့ပါတယ္။

ဘာစီလိုနာ အသင္းဟာ မက္ဆီ ထြက္ခြာသြားၿပီးေနာက္ အသင္းရဲ့ရလဒ္ပိုင္းေတြဟာ သိသိသာသာ ဆိုးရြားလာခဲ့ၿပီး ေနာက္ဆုံး(၂)ပြဲဆက္ ဂိုးမသြင္းနိုင္ဘဲအေရးနိမ့္ခဲ့တဲ့ အေျခအေနအထိ ေရာက္ရွိခဲ့တာလည္းျဖစ္ပါတယ္။