ကန်တာက လီဗာပူးလ်နဲ့ မန်စီးတီး၊ အနိုင်ရသွားတာက ချယ်ဆီး

ပရီးမီးယားလိဂ် ပွဲစဥ် (၇) စူပါဆန်းဒေးပွဲစဥ်ဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးပွဲကတော့ တဖက်နှစ်ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပေါ်တိုနဲ့ပွဲကအတိုင်း လူစာရင်း မပြောင်းလဲခဲ့ဘဲ အာနိုးရဲ့နေရာမှာ မီလ်နာကိုပဲ ဆက်သုံးခဲ့ပါတယ်။ မန်စီးတီးကတော့ ပီအက်စ်ဂျီကို ရှုံးခဲ့တဲ့ လူစာရင်းကို နှစ်နေရာပြောင်းခဲ့ပြီး စတာလင်နဲ့ မာရက်ဇ်နေရာမှာ ဖိုဒန်နဲ့ ဂျီးဆပ်တို့ကို ထည့်သွင်းခဲ့ပါတယ်။

လီဗာပူးလ်ဟာ အစပိုင်းမှာ လျင်လျင်မြန်မြန်နဲ့ ကစားနိုင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ မန်စီးတီးကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားသွားခဲ့တာကြောင့် ခံစစ်မှာပဲ အချိန်ကုန်ခဲ့ရပါတယ်။ ပထမပိုင်းမှာ လီဗာပူးလ်ရဲ့ ကစားပုံဟာ အချိတ်အဆက်မမိဘဲ အမှားတွေများနေခဲ့ပါတယ်။ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုသာပေမယ့် ဂိုးသွင်းခွင့် မည်မည်ရရ မရခဲ့ဘဲ ဖိုဒန်ရဲ့ အကောင်းဆုံးအခွင့်အရေးကနေ ကန်သွင်းချက်ကို ဂိုးသမား အယ်လစ်ဆန် အကောင်းဆုံးကာကွယ်သွားတာကြောင့် အဖွင့်ဂိုးရခွင့် နစ်နာသွားခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်ရဲ့ ကစားပုံပိုကောင်းလာတဲ့အတွက် ပွဲက ပိုကောင်းလာခဲ့ပါတယ်။ အဲ့ဒီနောက် လီဗာပူးလ်ကပဲ မာနေးနဲ့ ဆာလားတို့ရဲ့ ဂိုးတွေနဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် မန်စီးတီးက ဖိုဒန်နဲ့ ဒီဘရိုင်းတို့ရဲ့ ချေပဂိုးတွေကို ပြန်လည်ခွင့်ပြုပေးခဲ့ရပါတယ်။ လီဗာပူးလ်အနေနဲ့ တတိယအကြိမ် ဦးဆောင်ဂိုးရခွင့်လည်း အလွန်နီးစပ်ခဲ့ပေမယ့် နောက်ခံလူ မာတစ်ရဲ့ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲ ကန်သွင်းချက်ကို ရိုဒရီက အံ့အားသင့်ဖွယ် ဖျက်ထုတ်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ နှစ်ဂိုးစီသရေကျခဲ့တာကြောင့် တမှတ်စီခွဲယူခဲ့ရတဲ့အတွက် အမှတ်ပေးဇယားထိပ်မှာ ချယ်ဆီးအသင်းက လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်ခဲ့ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ ပြဲစဥ္ (၇) စူပါဆန္းေဒးပြဲစဥ္ျဖစ္တဲ့ လီဗာပူးလ္နဲ႔ မန္စီးတီးပြဲကေတာ့ တဖက္ႏွစ္ဂိုးစီ သေရရလဒ္နဲ႔ ၿပီးဆုံးသြားခဲ့ပါတယ္။

လီဗာပူးလ္ဟာ ေပၚတိုနဲ႔ပြဲကအတိုင္း လူစာရင္း မေျပာင္းလဲခဲ့ဘဲ အာႏိုးရဲ႕ေနရာမွာ မီလ္နာကိုပဲ ဆက္သုံးခဲ့ပါတယ္။ မန္စီးတီးကေတာ့ ပီအက္စ္ဂ်ီကို ရႈံးခဲ့တဲ့ လူစာရင္းကို ႏွစ္ေနရာေျပာင္းခဲ့ၿပီး စတာလင္နဲ႔ မာရက္ဇ္ေနရာမွာ ဖိုဒန္နဲ႔ ဂ်ီးဆပ္တို႔ကို ထည့္သြင္းခဲ့ပါတယ္။

လီဗာပူးလ္ဟာ အစပိုင္းမွာ လ်င္လ်င္ျမန္ျမန္နဲ႔ ကစားႏိုင္ခဲ့ေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမွ် မန္စီးတီးကပဲ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားသြားခဲ့တာေၾကာင့္ ခံစစ္မွာပဲ အခ်ိန္ကုန္ခဲ့ရပါတယ္။ ပထမပိုင္းမွာ လီဗာပူးလ္ရဲ႕ ကစားပုံဟာ အခ်ိတ္အဆက္မမိဘဲ အမွားေတြမ်ားေနခဲ့ပါတယ္။ မန္စီးတီးက ေဘာလုံးပိုင္ဆိုင္မႈသာေပမယ့္ ဂိုးသြင္းခြင့္ မည္မည္ရရ မရခဲ့ဘဲ ဖိုဒန္ရဲ႕ အေကာင္းဆုံးအခြင့္အေရးကေန ကန္သြင္းခ်က္ကို ဂိုးသမား အယ္လစ္ဆန္ အေကာင္းဆုံးကာကြယ္သြားတာေၾကာင့္ အဖြင့္ဂိုးရခြင့္ နစ္နာသြားခဲ့ရပါတယ္။

ဒုတိယပိုင္းမွာေတာ့ လီဗာပူးလ္ရဲ႕ ကစားပုံပိုေကာင္းလာတဲ့အတြက္ ပြဲက ပိုေကာင္းလာခဲ့ပါတယ္။ အဲ့ဒီေနာက္ လီဗာပူးလ္ကပဲ မာေနးနဲ႔ ဆာလားတို႔ရဲ႕ ဂိုးေတြနဲ႔ ႏွစ္ႀကိမ္တိုင္တိုင္ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ မန္စီးတီးက ဖိုဒန္နဲ႔ ဒီဘ႐ိုင္းတို႔ရဲ႕ ေခ်ပဂိုးေတြကို ျပန္လည္ခြင့္ျပဳေပးခဲ့ရပါတယ္။ လီဗာပူးလ္အေနနဲ႔ တတိယအႀကိမ္ ဦးေဆာင္ဂိုးရခြင့္လည္း အလြန္နီးစပ္ခဲ့ေပမယ့္ ေနာက္ခံလူ မာတစ္ရဲ႕ ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲ ကန္သြင္းခ်က္ကို ႐ိုဒရီက အံ့အားသင့္ဖြယ္ ဖ်က္ထုတ္သြားခဲ့ပါတယ္။ ပြဲအၿပီးမွာ ႏွစ္ဂိုးစီသေရက်ခဲ့တာေၾကာင့္ တမွတ္စီခြဲယူခဲ့ရတဲ့အတြက္ အမွတ္ေပးဇယားထိပ္မွာ ခ်ယ္ဆီးအသင္းက လြတ္လြတ္ကြၽတ္ကြၽတ္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။