ရော်နယ်ဒို စိတ်ညစ်နေသလို ပီအက်စ်ဂျီမှာလည်း စိတ်ဆင်းရဲစရာတွေပဲကြုံနေတဲ့ မက်ဆီ

တနင်္ဂနွေနေ့ည လီဂူးဝမ်းပွဲစဥ်ဖြစ်တဲ့ ရန်းနက်စ်နဲ့ ပီအက်စ်ဂျီပွဲမှာတော့ အိမ်ရှင် ရန်းနက်စ်က နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပိုချက်တီနိုဟာ မန်စီးတီးကို နိုင်ခဲ့တဲ့ လူစာရင်းကို တဦးသာ အပြောင်းအလဲလုပ်ခဲ့ပြီး ဟာရဲရားနေရာမှာ ဒီမာရီယာကို ထည့်သွင်းကာ ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့ပါတယ်။

မက်ဆီ၊ နေမာ၊ အမ်ဘက်ပီနဲ့ ဒီမာရီယာတို့ ဦးဆောင်တဲ့ ပီအက်စ်ဂျီအသင်းဟာ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့သလို ဂိုးသွင်းခွင့်တွေလည်း အများအပြားရခဲ့ပါတယ်။ ဒါပေမဲ့ နေမာနဲ့ အမ်ဘက်ပီတို့က အပိုင်ကန်သွင်းခွင့်တွေကို မိုးပေါ်ထောင်ကန်ခဲ့သလို မက်ဆီရဲ့ ဖရီးကစ်ကလည်း တိုင်ထိထွက်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်း ဂိုးကံခေခဲ့ပါတယ်။ ရန်းနက်စ်ကတော့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကို တသင်းလုံးပိတ်ဆို့ပြီး လျင်မြန်တဲ့ တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့ပါတယ်။ သူတို့ရဲ့ နည်းစနစ်မှန်ကန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ပထမပိုင်းမပြီးခင်လေးမှာပဲ ရန်းနက်စ် တိုက်စစ်မှူး လာဘော့ဒ်က ခေါင်းတိုက်ပြီး အဖွင့်ဂိုး ရယူခဲ့ပါတယ်။

ဒုတိယပိုင်း စစချင်းမှာပဲ ရန်းနက်စ်က ဒုတိယဦးဆောင်ဂိုး ရရှိသွားပါတယ်။ ဒီဂိုး တိုက်စစ်မှူး လာဘော့ဒ် ညာခြမ်းက ချပေးတဲ့ ဘောလုံးကနေ ကွင်းလယ်ကစားသမား တိတ်သ်က ညာခြေနဲ့ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ပီအက်စ်ဂျီက ချေပဂိုးတွေရဖို့ ကြိုးစားခဲ့ပေမယ့် ကျစ်လျစ်တဲ့ ရန်းနက်စ်ခံစစ်ကြောင့် အရာမထင်ခဲ့သလို ၆၉ မိနစ်မှာ အမ်ဘမ်ပီရဲ့ သွင်းဂိုးကလည်း လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ၇၅ မိနစ်မှာ ပိုချက်တီနိုက အိုင်ကာဒီ၊ ဝီနယ်ဒမ်နဲ့ ဟာရဲရားတို့ကို ထည့်သွင်းခဲ့ပေမယ့် ရန်းနက်စ်က ပီအက်စ်ဂျီအသင်း ဂိုးပေါက်တည့်တဲ့အကြိမ် တကြိမ်မှ မရရှိအောင် ပိတ်ဆို့ကာကွယ်ရင်း အနိုင်သုံးမှတ်ကို ရယူသွားခဲ့ပါတယ်။

Zawgyi

တနဂၤေႏြေန႔ည လီဂူးဝမ္းပြဲစဥ္ျဖစ္တဲ့ ရန္းနက္စ္နဲ႔ ပီအက္စ္ဂ်ီပြဲမွာေတာ့ အိမ္ရွင္ ရန္းနက္စ္က ႏွစ္ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိသြားပါတယ္။ ပိုခ်က္တီႏိုဟာ မန္စီးတီးကို ႏိုင္ခဲ့တဲ့ လူစာရင္းကို တဦးသာ အေျပာင္းအလဲလုပ္ခဲ့ၿပီး ဟာရဲရားေနရာမွာ ဒီမာရီယာကို ထည့္သြင္းကာ ၄-၂-၃-၁ နဲ႔ ပြဲထြက္လာခဲ့ပါတယ္။

မက္ဆီ၊ ေနမာ၊ အမ္ဘက္ပီနဲ႔ ဒီမာရီယာတို႔ ဦးေဆာင္တဲ့ ပီအက္စ္ဂ်ီအသင္းဟာ ပထမပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားခဲ့သလို ဂိုးသြင္းခြင့္ေတြလည္း အမ်ားအျပားရခဲ့ပါတယ္။ ဒါေပမဲ့ ေနမာနဲ႔ အမ္ဘက္ပီတို႔က အပိုင္ကန္သြင္းခြင့္ေတြကို မိုးေပၚေထာင္ကန္ခဲ့သလို မက္ဆီရဲ႕ ဖရီးကစ္ကလည္း တိုင္ထိထြက္ခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီအသင္း ဂိုးကံေခခဲ့ပါတယ္။ ရန္းနက္စ္ကေတာ့ ပီအက္စ္ဂ်ီအသင္းရဲ႕ တိုက္စစ္ကို တသင္းလုံးပိတ္ဆို႔ၿပီး လ်င္ျမန္တဲ့ တန္ျပန္တိုက္စစ္နဲ႔ ကစားခဲ့ပါတယ္။ သူတို႔ရဲ႕ နည္းစနစ္မွန္ကန္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ၿပီး ပထမပိုင္းမၿပီးခင္ေလးမွာပဲ ရန္းနက္စ္ တိုက္စစ္မႉး လာေဘာ့ဒ္က ေခါင္းတိုက္ၿပီး အဖြင့္ဂိုး ရယူခဲ့ပါတယ္။

ဒုတိယပိုင္း စစခ်င္းမွာပဲ ရန္းနက္စ္က ဒုတိယဦးေဆာင္ဂိုး ရရွိသြားပါတယ္။ ဒီဂိုး တိုက္စစ္မႉး လာေဘာ့ဒ္ ညာျခမ္းက ခ်ေပးတဲ့ ေဘာလုံးကေန ကြင္းလယ္ကစားသမား တိတ္သ္က ညာေျခနဲ႔ ကန္သြင္းခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာ ပီအက္စ္ဂ်ီက ေခ်ပဂိုးေတြရဖို႔ ႀကိဳးစားခဲ့ေပမယ့္ က်စ္လ်စ္တဲ့ ရန္းနက္စ္ခံစစ္ေၾကာင့္ အရာမထင္ခဲ့သလို ၆၉ မိနစ္မွာ အမ္ဘမ္ပီရဲ႕ သြင္းဂိုးကလည္း လူကြၽံေနခဲ့တာေၾကာင့္ နစ္နာခဲ့ရပါတယ္။ ၇၅ မိနစ္မွာ ပိုခ်က္တီႏိုက အိုင္ကာဒီ၊ ဝီနယ္ဒမ္နဲ႔ ဟာရဲရားတို႔ကို ထည့္သြင္းခဲ့ေပမယ့္ ရန္းနက္စ္က ပီအက္စ္ဂ်ီအသင္း ဂိုးေပါက္တည့္တဲ့အႀကိမ္ တႀကိမ္မွ မရရွိေအာင္ ပိတ္ဆို႔ကာကြယ္ရင္း အႏိုင္သုံးမွတ္ကို ရယူသြားခဲ့ပါတယ္။