တစ်ကိုယ်ကောင်းမဆန်ဘဲ ဆိုးလ်ရှားအသက်ကို ကယ်ဆယ်ပေးသွားတဲ့ အဲဗာတန်ကစားသမား

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့အဲဗာတန်ပွဲက မာစီရယ်လ်၊ တောင်းဆန့်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ တစ်ဖက်တစ်ဂိုးစီသရေနဲနးစ တစ်ဖက်တစ် တောင်းဆန့်တို့ရဲဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဗီလာကို အိမ်ကွင်းမှာတင် ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်တို့အတွက် ပရီးမီးယားလိဂ်အိမ်ကွင်း (၂) ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာပါ။ ဗီလာနဲ့ပွဲမှာ ယူနိုက်တက်တို့ ပြိုင်ဘက်နောက်ခံလူ ဟောက်စ်ရဲ့နောက်ကျသွင်းဂိုးကြောင့် ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန်နဲ့ပွဲမှာလည်း တစ်ဖက်တစ်ဂိုးစီ သရေကျနေတဲ့ ပွဲပြီးခါနီးအချိန်မှာ အဲဗာတန် နောက်ခံလူ ယယ်ရီမီနာရဲ့ သွင်းဂိုးကို VAR ကြည့်ပြီး ပြန်လည်ပယ်ဖျက်ခဲ့တာကြောင့် ၁-၂ ဖြစ်မယ့်အရေးကနေ ၁-၁ နဲ့သာ ပွဲပြီးဆုံးသွားခဲ့တာပါ။

ပုံမှန်အားဖြင့် ယယ်ရီမီနာအတွက် ဒီသွင်းဂိုးကို ဖန်တီးပေးတဲ့ လူစားဝင်ကစားသမား ဒေးဗီးစ်သာ လူမပေးဘဲ တိုက်ရိုက်ကန်သွင်းရင် ဂိုးဝင်ကောင်းဝင်နိုင်ပေမယ့် ဒေးဗီးစ်က ယယ်ရီမီနာဆီ ခင်းပေးလိုက်တာကြောင့် အခုလိုမျိုး လူကျွံဘောဖြစ်သွားခဲ့တာပါ။ ဒီဂိုးအတွက် Talksport ရဲ့ ရုပ်သံဝေဖန်သူ ထရီဗာဆင်ကလဲယားကလည်း ဒေးဗီးစ်တစ်ယောက် လူပေးလိုက်လို့ အိပ်ပျော်နိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။

ဆင်ကလဲယားက “အခွင့်အရေးက ခင်ဗျားရှေ့ရောက်လာပြီဆိုရင် အဲ့ဒီအချိန်က ခင်ဗျားအတွက် ကြယ်ပွင့်ဖြစ်ဖို့ အချိန်ပါပဲ။ အဲ့ဒီဘောလုံးကို မပေးဘဲ ကန်သင့်ပါတယ်။ တွမ်ဒေးဗီးစ်တစ်ယောက် အဲ့ဒီဂိုးကို ပြန်ကြည့်ပြီး အိပ်မပျော်နိုင်ဖြစ်နေမှာပါ၊။ ဘာလို့ဆို သူဂိုးပေါက်ထဲကို ကန်ခဲ့သင့်တယ်လို့ တွေးနေမှာမို့လို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် တွမ်ဒေးဗီးစ်ရဲ့ တစ်ကိုယ်ကောင်းမဆန်ခဲ့မှုက ဒီပွဲမှာ ဆိုးလ်ရှားနဲ့ ယူနိုက်တက်ကို ကယ်ဆယ်ခဲ့ပြီး ယူနိုက်တက်တို့ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း (၂) ပွဲဆက် အရှုံးနဲ့ ရှောင်လွှဲနိုင်ခဲ့ပါတယ်။