ဂိုးမသွင်းနိုင်တာ၃နာရီရှိသွားပြီ ဘာလုပ်ရမလဲဗျာဆိုပြီး စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ပီကေး

ဘာစီလိုနာ အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသလက်တီကို အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အခုနှစ်ရာသီ ရာသီအစမှာထဲက ဆိုးရွားတဲ့ ပုံစံတွေကို ပြသထားခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းနောက်ခံလူ ပီကေးက အသင်းဟာ ရာသီအစထဲက ရုန်းကန်နေရတယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာ ကစားသမားဟောင်း ဆွာရက်စ် ဟာ အသလက်တီကို အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး (၁)ဂိုးသွင်းယူကာ လီမာ သွင်းယူတဲ့ ဂိုးကိုလည်းဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ဒီရှုံးပွဲကြောင့် နောက်ဆုံးကစားခဲ့တဲ့ (၆)ပွဲမှာ (၁)ပွဲသာ အနိုင်ရထားတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ မက်ဆီ ကို စာချုပ်သက်တမ်းမတိုးနိုင်ဘဲ အလွတ်နဲ့ ထွက်ခွာခွင့်ပြုခဲ့ပြီးနောက် အသင်းရဲ့ရလဒ်ပိုင်းဆိုးရွားမှုတွေဟာ ပိုမိုသိသာလာခဲ့တာပါ။ဒါ့အပြင် ဒီရှုံးပွဲကြောင့် နည်းပြ ရော်နယ်လ်ကိုးမန်း ရဲ့နည်းပြရာထူးကလည်း ပိုမိုလှုပ်ခတ်လာခဲ့ပြီလည်းဖြစ်ပါတယ်။

ပီကေး ကတော့ ဒီရှုံးပွဲအပြီး အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ အသလက်တီကို ရဲ့သွင်းဂိုးကို လွယ်လွယ်ကူကူ ခွင့်ပြုခဲ့ရလို့ ပီကေးနဲ့ ဘတ်စ်ကွက်တို့ဟာ အချင်းများခဲ့ကြပါသေးတယ်။

ပီကေး က “ကျွန်တော်တို့ ကောင်းမွန်စွာစတင်ခဲ့ပေမယ့် သူတို့နောက်ကို လိုက်ခဲ့ရပါတယ်။ကျွန်တော်တို့က ရဲရင့်တယ်။သူတို့က ထိပ်ဆုံးက ရောက်ခဲ့ပါတယ်။ကျွန်တော်တို့ (၃)နာရီလောက်ကြာပြီ ဂိုးမသွင်းနိုင်ခဲ့တာပေါ့”

“ဒီကိစ္စက ခက်ခဲပါတယ်။ရှုပ်လည်းရှုပ်ထွေးပါတယ်။ကျွန်တော်တို့ဟာ ဒုက္ခရောက်နေပါတယ်။ဒါကို ကျွန်တော်ရိုးသားရပါမယ်။ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်နေရဦးမှာပါ။အလုပ်တွေလုပ်ရမယ်၊အနားယူရမယ်၊သန်သန်မာမာနဲ့ ပြန်လာနိုင်အောင်လုပ်ရပါမယ်”

“အသလက်တီကို ကိုပေးခဲ့ရတဲ့ (၂)ဂိုးက အလွန်တူပါတယ်။ကျွန်တော်တို့ ဒါကို ဆွေးနွေးရပါမယ်။ဘယ်လိုမှမဖြစ်သင့်တဲ့ သွင်းဂိုးတွေကို ကျွန်တော်တို့ ခွင့်ပြုခဲ့တယ်”လို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယား အဆင့်(၉)နေရာကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ဗလင်စီယာ၊ဒိုင်နမိုကိဗ်၊ရီးရယ်လ် တို့နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းဟာ ဒီမနက္က ကစားခဲ့တဲ့ လာလီဂါပြဲစဥ္မွာ အသလက္တီကို အသင္းကို (၂)ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့ၿပီးေနာက္ အခုႏွစ္ရာသီ ရာသီအစမွာထဲက ဆိုးရြားတဲ့ ပုံစံေတြကို ျပသထားခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းေနာက္ခံလူ ပီေကးက အသင္းဟာ ရာသီအစထဲက ႐ုန္းကန္ေနရတယ္လို႔ အတည္ျပဳသြားခဲ့ပါတယ္။

ဒီပြဲမွာ ဘာစီလိုနာ ကစားသမားေဟာင္း ဆြာရက္စ္ ဟာ အသလက္တီကို အသင္းအတြက္ ေျခစြမ္းျပကစားနိုင္ခဲ့ၿပီး (၁)ဂိုးသြင္းယူကာ လီမာ သြင္းယူတဲ့ ဂိုးကိုလည္းဖန္တီးေပးနိုင္ခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းဟာ ဒီရႈံးပြဲေၾကာင့္ ေနာက္ဆုံးကစားခဲ့တဲ့ (၆)ပြဲမွာ (၁)ပြဲသာ အနိုင္ရထားတာလည္းျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ မက္ဆီ ကို စာခ်ဳပ္သက္တမ္းမတိုးနိုင္ဘဲ အလြတ္နဲ႔ ထြက္ခြာခြင့္ျပဳခဲ့ၿပီးေနာက္ အသင္းရဲ့ရလဒ္ပိုင္းဆိုးရြားမႈေတြဟာ ပိုမိုသိသာလာခဲ့တာပါ။ဒါ့အျပင္ ဒီရႈံးပြဲေၾကာင့္ နည္းၿပ ေရာ္နယ္လ္ကိုးမန္း ရဲ့နည္းျပရာထူးကလည္း ပိုမိုလႈပ္ခတ္လာခဲ့ၿပီလည္းျဖစ္ပါတယ္။

ပီေကး ကေတာ့ ဒီရႈံးပြဲအၿပီး အသင္းရဲ့ရလဒ္ဆိုးေတြေၾကာင့္ စိတ္ပ်က္ေနခဲ့တာျဖစ္ပါတယ္။ဒီပြဲမွာ အသလက္တီကို ရဲ့သြင္းဂိုးကို လြယ္လြယ္ကူကူ ခြင့္ျပဳခဲ့ရလို႔ ပီေကးနဲ႔ ဘတ္စ္ကြက္တို႔ဟာ အခ်င္းမ်ားခဲ့ၾကပါေသးတယ္။

ပီေကး က “ကၽြန္ေတာ္တို႔ ေကာင္းမြန္စြာစတင္ခဲ့ေပမယ့္ သူတို႔ေနာက္ကို လိုက္ခဲ့ရပါတယ္။ကၽြန္ေတာ္တို႔က ရဲရင့္တယ္။သူတို႔က ထိပ္ဆုံးက ေရာက္ခဲ့ပါတယ္။ကၽြန္ေတာ္တို႔ (၃)နာရီေလာက္ၾကာၿပီ ဂိုးမသြင္းနိုင္ခဲ့တာေပါ့”

“ဒီကိစၥက ခက္ခဲပါတယ္။ရႈပ္လည္းရႈပ္ေထြးပါတယ္။ကၽြန္ေတာ္တို႔ဟာ ဒုကၡေရာက္ေနပါတယ္။ဒါကို ကၽြန္ေတာ္ရိုးသားရပါမယ္။ကၽြန္ေတာ္တို႔ ဆက္လက္တိုက္ပြဲဝင္ေနရဦးမွာပါ။အလုပ္ေတြလုပ္ရမယ္၊အနားယူရမယ္၊သန္သန္မာမာနဲ႔ ျပန္လာနိုင္ေအာင္လုပ္ရပါမယ္”

“အသလက္တီကို ကိုေပးခဲ့ရတဲ့ (၂)ဂိုးက အလြန္တူပါတယ္။ကၽြန္ေတာ္တို႔ ဒါကို ေဆြးေႏြးရပါမယ္။ဘယ္လိုမွမျဖစ္သင့္တဲ့ သြင္းဂိုးေတြကို ကၽြန္ေတာ္တို႔ ခြင့္ျပဳခဲ့တယ္”လို႔ ဆိုခဲ့ပါတယ္။

ဘာစီလိုနာ အသင္းဟာ ဒီရႈံးပြဲေၾကာင့္ အမွတ္ေပးဇယား အဆင့္(၉)ေနရာကို ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းဟာ နိုင္ငံတကာ ပြဲစဥ္ေတြအၿပီးမွာ ဗလင္စီယာ၊ဒိုင္နမိုကိဗ္၊ရီးရယ္လ္ တို႔နဲ႔ ဆက္လက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။