အဲဗာတန်နဲ့ပွဲအပြီး ရော်နယ်ဒိုပေါက်ကွဲရတဲ့အကြောင်းရင်းကို ဖာဒီနန်ပြောပြခဲ့

အဲဗာတန်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ ပွဲအပြီးကွင်းအတွင်းကထွက်ခွာချိန် ဥမင်လှိုဏ်ခေါင်းထဲဝင်ရောက်ခဲ့ရာမှာ ခေါင်းတယမ်းယမ်းနဲ့ဝင်သွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

ဒါဟာ အသင်းရလဒ်နဲ့ပတ်သက်ပြီး ရော်နယ်ဒိုတစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ဟန်ရှိတယ်လို့ Daily Mail က ဖော်ပြသွားခဲ့ပါတယ်။

အဆိုပါပွဲမှာ ရော်နယ်ဒိုက ဒုတိယပိုင်းမှာမှ လူစားလဲဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ ဘောလုံးထိချက်အနည်းငယ်သာရှိခဲ့ပြီး သူ့အတွက်ဂိုးရနိုင်တဲ့ အခွင့်အလမ်းမျိုးကိုလည်း အသင်းဖော်တွေက ဖန်တီးပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက်သူရဲကောင်းဖြစ်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ရော်နယ်ဒိုဘာမှလုပ်မရခဲ့ပါဘူး။

ပရီးမီးယားလိဂ်မှာ ယူနိုက်တက်တို့ ၂ပွဲဆက်တိုက်နိုင်ပွဲပျေက်ခဲ့ရတာလည်းဖြစ်ကာ ယူနိုက်တက်နောက်ခံလူဟောင်းရီယိုဖာဒီနန်ကတော့ ရော်နယ်ဒိ်ုက စိတ်ပျက်ဒေါသထွက်မှုကို သူနားလည်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ရလဒ်အတွက် သူစိတ်ပျက်နေမှာပါ၊ သူက ငါးပွဲကစားပြီး ငါးဂီုးသွင်းယူထားတာလည်းဖြစ်ပါတယ်၊ ဒီအတွက် သူ ဆက်ကစားချင်နေပြိး အသင်းအတွက် သူ့ဂိုးနဲ့ နိုင်ပွဲယူချင်ပေးနေမှာပဲ”

“သူ စိတ်ပျက်ဒေါသထွက်နေတဲ့ အခြေအနေကို ကျွန်တော်နားလည်ပါတယ်၊ ယူနိုက်တက်လူစာရင်းက တောင့်တင်းခိုင်မာတယ်လို့ ခင်ဗျားပြောနိုင်ပေမယ့် သူတို့တွေ အလုပ်ပြီးမြောက်အေင်လုပ်ပြဖို့ လိုအပ်နေဆဲပါ၊ အဲဗာတန်မှာ သူတို့ရဲ့အဓိကတိုက်စစ်မှူးတွေမပါခဲ့ပါဘူး၊ ၉ ပွဲတိတိ ပေးဂိုးတွေရှိနေတာ ယူနိုက်တက်အတွက်လည်း စိတ်ပျက်စရာပါပဲ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။