လူတယောက်အသာရမှပဲ နိုင်ပွဲမရသေးတဲ့ ဆောက်သမ်တန်ကို နိုင်တော့တဲ့ ချယ်လ်ဆီး

ချယ်ဆီးဟာ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် နိုင်ပွဲတပွဲမှ မရှိသေးတဲ့ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ အသည်းအသန်ကစားပြီး ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

တူချယ်ဟာ ဂျူဗင်တပ်စ်ကို ရှုံးခဲ့တဲ့ပွဲက လူစာရင်းကို ငါးယောက်အထိ အပြောင်းအလဲလုပ်ခဲ့ပြီး ခရစ္စတန်ဆန်၊ ဂျော်ဂျင်ဟို၊ အလွန်ဆို၊ ဇိယက်ချ်နဲ့ ဟာဗက်ဇ်တို့ရဲ့နေရာမှာ ဟတ်ဆန်အိုဒွိုင်း၊ လော့ဖ်တပ်ချိခ်၊ ချာလိုဘာ၊ ချေးလ်ဝဲလ်၊ ဗာနာတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ပွဲစတာနဲ့ ချယ်ဆီးအသင်းက တိုက်စစ်ဆင်ကစားခဲ့ပြီး ၉ မိနစ်မှာပဲ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးကို ထောင့်ကန်ဘောကနေ လော့ဖ်တပ်ချိခ် ချပေးတဲ့ဘောလုံးကို ချာလိုဘာက သူ့ရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်ဂိုးအဖြစ် ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ချယ်ဆီးအသင်းကပဲ ဂိုးသွင်းခွင့်တွေရရှိခဲ့ပြီး ဂိုးအပြတ်အသတ်နဲ့ ဦးဆောင်ခွင့်ရခဲ့ပေမယ့် လူကာကူရဲ့ သွင်းဂိုး လူကျွံနေခဲ့သလို ဗာနာရဲ့ ခေါင်းတိုက်ဂိုးကလည်း ဂိုးမသွင်းခင် ပြစ်ဒဏ်ဘောဖြစ်နေတာကြောင့် VAR နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။ အဲ့ဒီဂိုးပယ်ဖျက်မှုကို စောဒကတက်ခဲ့တဲ့ တူချယ်လည်း အဝါကတ်ပြသခံခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ချယ်ဆီးအသင်းကပဲ ပွဲကိုစိုးမိုးထားပေမယ့် မထင်မှတ်ဘဲ ဆောက်သမ်တန်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒီဂိုးကို ချယ်ဆီးနောက်ခံလူ ချေးလ်ဝဲလ်ရဲ့ နောက်ကျဖျက်ထုတ်မှုကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကနေ ဝါ့ဒ်ပရောက်စ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ၇၇ မိနစ်မှာတော့ ချယ်ဆီးအတွက် ကံတရားက ဖေးမခဲ့ပြီး ဆောက်သမ်တန်အတွက် ချေပဂိုးသွင်းယူခဲ့တဲ့ ဝါ့ဒ်ပရောက်စ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် တယောက်အသာရသွားတဲ့ ချယ်ဆီးက ပွဲကို စိတ်ကြိုက်ကစားသွားခဲ့ပြီး ဗာနာနဲ့ ချေးဝဲလ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အမှတ်ပေးဇယားထိပ်ကို တက်လှမ်းသွားခဲ့ပါတယ်။

Zawgyi

ခ်ယ္ဆီးဟာ ဒီႏွစ္ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ ႏိုင္ပြဲတပြဲမွ မရွိေသးတဲ့ ေဆာက္သမ္တန္ကို အိမ္ကြင္းမွာ အသည္းအသန္ကစားၿပီး ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

တူခ်ယ္ဟာ ဂ်ဴဗင္တပ္စ္ကို ရႈံးခဲ့တဲ့ပြဲက လူစာရင္းကို ငါးေယာက္အထိ အေျပာင္းအလဲလုပ္ခဲ့ၿပီး ခရစၥတန္ဆန္၊ ေဂ်ာ္ဂ်င္ဟို၊ အလြန္ဆို၊ ဇိယက္ခ်္နဲ႔ ဟာဗက္ဇ္တို႔ရဲ႕ေနရာမွာ ဟတ္ဆန္အိုဒြိဳင္း၊ ေလာ့ဖ္တပ္ခ်ိခ္၊ ခ်ာလိုဘာ၊ ေခ်းလ္ဝဲလ္၊ ဗာနာတို႔နဲ႔ ပြဲထြက္ခဲ့ပါတယ္။

ပြဲစတာနဲ႔ ခ်ယ္ဆီးအသင္းက တိုက္စစ္ဆင္ကစားခဲ့ၿပီး ၉ မိနစ္မွာပဲ အဖြင့္ဂိုး ရရွိခဲ့ပါတယ္။ ဒီဂိုးကို ေထာင့္ကန္ေဘာကေန ေလာ့ဖ္တပ္ခ်ိခ္ ခ်ေပးတဲ့ေဘာလုံးကို ခ်ာလိုဘာက သူ႔ရဲ႕ ဒုတိယေျမာက္ ပရီးမီးယားလိဂ္ဂိုးအျဖစ္ ေခါင္းတိုက္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ ခ်ယ္ဆီးအသင္းကပဲ ဂိုးသြင္းခြင့္ေတြရရွိခဲ့ၿပီး ဂိုးအျပတ္အသတ္နဲ႔ ဦးေဆာင္ခြင့္ရခဲ့ေပမယ့္ လူကာကူရဲ႕ သြင္းဂိုး လူကြၽံေနခဲ့သလို ဗာနာရဲ႕ ေခါင္းတိုက္ဂိုးကလည္း ဂိုးမသြင္းခင္ ျပစ္ဒဏ္ေဘာျဖစ္ေနတာေၾကာင့္ VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။ အဲ့ဒီဂိုးပယ္ဖ်က္မႈကို ေစာဒကတက္ခဲ့တဲ့ တူခ်ယ္လည္း အဝါကတ္ျပသခံခဲ့ရပါတယ္။

ဒုတိယပိုင္းမွာ ခ်ယ္ဆီးအသင္းကပဲ ပြဲကိုစိုးမိုးထားေပမယ့္ မထင္မွတ္ဘဲ ေဆာက္သမ္တန္ရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရပါတယ္။ ဒီဂိုးကို ခ်ယ္ဆီးေနာက္ခံလူ ေခ်းလ္ဝဲလ္ရဲ႕ ေနာက္က်ဖ်က္ထုတ္မႈေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကေန ဝါ့ဒ္ပေရာက္စ္က သြင္းယူခဲ့တာ ျဖစ္ပါတယ္။ ၇၇ မိနစ္မွာေတာ့ ခ်ယ္ဆီးအတြက္ ကံတရားက ေဖးမခဲ့ၿပီး ေဆာက္သမ္တန္အတြက္ ေခ်ပဂိုးသြင္းယူခဲ့တဲ့ ဝါ့ဒ္ပေရာက္စ္ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္ တေယာက္အသာရသြားတဲ့ ခ်ယ္ဆီးက ပြဲကို စိတ္ႀကိဳက္ကစားသြားခဲ့ၿပီး ဗာနာနဲ႔ ေခ်းဝဲလ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အမွတ္ေပးဇယားထိပ္ကို တက္လွမ္းသြားခဲ့ပါတယ္။