ခေတ်ပျက်ကြီးထဲ ပရိသတ်ကို စိတ်ဒုက္ခပေးဖို့ ကျိန်ဆိုထားတဲ့ ဆိုးလ်ရှား

အိုးထရတ်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ စနေနေ့ည အစောဆုံးပွဲစဥ်မှာတော့ တဖက်တဂိုးစီ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ဒီပွဲအတွက် ဗီလာရီးရဲလ်နဲ့ပွဲက လူစာရင်းကို ငါးယောက်အထိ အပြောင်းအလဲလုပ်ခဲ့ပြီး မာရှယ်၊ ကာဗာနီ၊ ရှောတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ပေါ့ဘာ၊ တဲလက်စ်၊ ဆန်ချိုတို့နဲ့အတူ အရံခုံမှာပဲ ထိုင်ခဲ့ရပါတယ်။ ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပေမယ့် အဲဗာတန်ကလည်း တန်ပြန်တိုက်စစ်နဲ့ အကောင်းဆုံးပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

ပထမပိုင်းမှာ အဲဗာတန်က အိမ်ရှင်အသင်းထက် ဦးဆောင်ဂိုးရရှိမယ့် အခွင့်အရေးတွေ ပိုမိုရရှိခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ အဲ့ဒီဂိုးကို ၄၃ မိနစ်မှာ မာရှယ်က ဘရူနိုဖန်တီးပေးတဲ့ ဘောလုံးကို ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ မာရှယ်အတွက် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးပြန်သွင်းနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ဂိုး ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ကာဗာနီနဲ့ မာရှယ်အစား ဆန်ချိုနဲ့ ရော်နယ်ဒို ဝင်ကစားခဲ့ပါတယ်။ အဲ့ဒီနောက် မန်ချက်စတာယူနိုက်တက်က ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမယ့် ဆန်ချိုနဲ့ ပေါ့ဘာတို့ရဲ့ ကန်ချက်တွေက ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ အဲဗာတန်အတွက် သရေတမှတ်ရစေမယ့် ဂိုးကိုတော့ ဂရေးနဲ့ ဒူကူရေးတို့ရဲ့ တန်ပြန်တိုက်စစ်ကနေ တောင်းဆန်းက အဆုံးသတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

Zawgyi

အိုးထရတ္ဖို႔ဒ္မွာ ကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အဲဗာတန္တို႔ရဲ႕ စေနေန႔ည အေစာဆုံးပြဲစဥ္မွာေတာ့ တဖက္တဂိုးစီ သေရရလဒ္နဲ႔ပဲ ၿပီးဆုံးခဲ့ပါတယ္။

ဆိုးလ္ရွားဟာ ဒီပြဲအတြက္ ဗီလာရီးရဲလ္နဲ႔ပြဲက လူစာရင္းကို ငါးေယာက္အထိ အေျပာင္းအလဲလုပ္ခဲ့ၿပီး မာရွယ္၊ ကာဗာနီ၊ ေရွာတို႔နဲ႔ ပြဲထြက္ခဲ့ပါတယ္။ ေရာ္နယ္ဒိုကေတာ့ ေပါ့ဘာ၊ တဲလက္စ္၊ ဆန္ခ်ိဳတို႔နဲ႔အတူ အရံခုံမွာပဲ ထိုင္ခဲ့ရပါတယ္။ ဒီပြဲမွာ မန္ခ်က္စတာယူႏိုက္တက္က ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားခဲ့ေပမယ့္ အဲဗာတန္ကလည္း တန္ျပန္တိုက္စစ္နဲ႔ အေကာင္းဆုံးျပန္လည္တုံ႔ျပန္သြားခဲ့ပါတယ္။

ပထမပိုင္းမွာ အဲဗာတန္က အိမ္ရွင္အသင္းထက္ ဦးေဆာင္ဂိုးရရွိမယ့္ အခြင့္အေရးေတြ ပိုမိုရရွိခဲ့ေပမယ့္လည္း တကယ္တမ္းမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဦးေဆာင္ဂိုးကို ခြင့္ျပဳေပးခဲ့ရပါတယ္။ အဲ့ဒီဂိုးကို ၄၃ မိနစ္မွာ မာရွယ္က ဘ႐ူႏိုဖန္တီးေပးတဲ့ ေဘာလုံးကို ကန္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ ဒီဂိုးဟာ မာရွယ္အတြက္ ေဖေဖာ္ဝါရီလေနာက္ပိုင္း ပထမဆုံးျပန္သြင္းႏိုင္ခဲ့တဲ့ ပရီးမီးယားလိဂ္ဂိုး ျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ကာဗာနီနဲ႔ မာရွယ္အစား ဆန္ခ်ိဳနဲ႔ ေရာ္နယ္ဒို ဝင္ကစားခဲ့ပါတယ္။ အဲ့ဒီေနာက္ မန္ခ်က္စတာယူႏိုက္တက္က ဂိုးသြင္းခြင့္ေတြရရွိခဲ့ေပမယ့္ ဆန္ခ်ိဳနဲ႔ ေပါ့ဘာတို႔ရဲ႕ ကန္ခ်က္ေတြက ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့ပါဘူး။ အဲဗာတန္အတြက္ သေရတမွတ္ရေစမယ့္ ဂိုးကိုေတာ့ ဂေရးနဲ႔ ဒူကူေရးတို႔ရဲ႕ တန္ျပန္တိုက္စစ္ကေန ေတာင္းဆန္းက အဆုံးသတ္သြင္းယူခဲ့တာ ျဖစ္ပါတယ္။