လာလီဂါတကျော့ပြန်ခရီးမှာ ဂိုးသွင်းစွမ်းရည်ပြသနေတဲ့ ယူနိုက်တက်နဲ့ ချယ်လ်ဆီး အပယ်ခံတဦး

ကိုလံဘီယာ လက်ရွေးစင် ကစားသမား ဖယ်လ်ကာအို ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က စပိန်ကလပ် ဗယ်လ်ကာနို အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ (၃)ပွဲလုံးမှာ ဂိုးသွင်းပြီး အသင်းနိုင်ပွဲရအောင် စွမ်းဆောင်ပေးနေတာဖြစ်ပါတယ်။

ဖယ်လ်ကာအို ဟာ တူရကီကလပ် ဂါလာတာစာရေး အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် စပိန်ကလပ် ဗယ်လ်ကာနို အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဂီတာဖေးနဲ့ ပွဲမှာလူစားဝင်ကစားသမားအဖြစ် ဝင်ရောက်ကာ ပွဲဦးထွက်မှာတင် (၁)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဖယ်လ်ကာအို ဟာ ဘီလ်ဘာအို အသင်းကို အနိုင်ရတဲ့ ပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး နာကျင်အချိန်ပိုမှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။ကိုလံဘီယာ ကစားသမားဟာ ကာဒစ်ဇ် ကို အနိုင်ရတဲ့ ပွဲမှာတော့ ပွဲစထဲက ပါဝင်ခွင့်ရခဲ့ပါတယ်။

သူဟာ ဒီပွဲမှာလည်း ဗယ်လ်ကာနို အသင်းအတွက် (၁)ဂိုးသွင်းယူခဲ့ပြီး အသင်းနိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့် ဖယ်လ်ကာအို ဟာ စပိန်ကလပ်အတွက် ပါဝင်ကစားပေးခဲ့တဲ့ (၃)ပွဲမှာ (၃)ဂိုးသွင်းယူပြီး ဂိုးသွင်းစွမ်းရည်ပြသထားတာဖြစ်ပါတယ်။

ဗယ်လ်ကာနို အသင်းဟာ ဖယ်လ်ကာအို ပါဝင်ခဲ့တဲ့ (၃)ပွဲလုံးအနိုင်ရခဲ့တာဖြစ်ပြီး အသင်းကလည်း လာလီဂါအမှတ်ပေးဇယား အဆင့် (၅)နေရာထိ ရောက်ရှိနေတာဖြစ်ပါတယ်။

ဖယ်လ်ကာအို ဟာ အသလက်တီကို အသင်းမှာ ကစားခဲ့တုန်းကလည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး စပိန်ကလပ်ကနေ ထွက်ခွာခဲ့တဲ့ နောက်ပိုင်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ဖယ်လ်ကာအို ဟာ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် အသင်းမှာလည်း အငှားကစားခဲ့ပါတယ်။

ဖယ်လ်ကာအို ဟာ အဆိုပါ (၂)သင်းအတွက် (၅)ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ခြေစွမ်းမပြသနိုင်ခဲ့တာကြောင့် မိုနာကို အသင်းထံ ပြန်ရောက်သွားခဲ့တာပါ။ဖယ်လ်ကာအိုဟာ မိုနာကို ကနေ ဂါလာတာစာရေး အသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဖယ်လ်ကာအို ဟာ ဂါလာတာစာရေး အသင်းမှာလည်း အရင်လိုခြေစွမ်းမပြနိုင်ခဲ့တဲ့ အတွက် စာချုပ်ဖျက်သိမ်းပြီး ဗယ်လ်ကာနို အသင်းထံ ရောက်ရှိလာခဲ့ကာ ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

ကိုလံဘီယာ လက္ေရြးစင္ ကစားသမား ဖယ္လ္ကာအို ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က စပိန္ကလပ္ ဗယ္လ္ကာနို အသင္းကို ေျပာင္းေရႊ႕လာခဲ့ၿပီး အသင္းအတြက္ ပါဝင္ကစားေပးခဲ့တဲ့ (၃)ပြဲလုံးမွာ ဂိုးသြင္းၿပီး အသင္းနိုင္ပြဲရေအာင္ စြမ္းေဆာင္ေပးေနတာျဖစ္ပါတယ္။

ဖယ္လ္ကာအို ဟာ တူရကီကလပ္ ဂါလာတာစာေရး အသင္းကေန ထြက္ခြာခဲ့ၿပီးေနာက္ စပိန္ကလပ္ ဗယ္လ္ကာနို အသင္းကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ဂီတာေဖးနဲ႔ ပြဲမွာလူစားဝင္ကစားသမားအျဖစ္ ဝင္ေရာက္ကာ ပြဲဦးထြက္မွာတင္ (၁)ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဖယ္လ္ကာအို ဟာ ဘီလ္ဘာအို အသင္းကို အနိုင္ရတဲ့ ပြဲမွာလည္း လူစားဝင္ကစားသမားအျဖစ္ ပါဝင္ခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာ အသင္းအတြက္ အဖိုးတန္အနိုင္ဂိုးသြင္းယူေပးခဲ့တာပါ။ကိုလံဘီယာ ကစားသမားဟာ ကာဒစ္ဇ္ ကို အနိုင္ရတဲ့ ပြဲမွာေတာ့ ပြဲစထဲက ပါဝင္ခြင့္ရခဲ့ပါတယ္။

သူဟာ ဒီပြဲမွာလည္း ဗယ္လ္ကာနို အသင္းအတြက္ (၁)ဂိုးသြင္းယူခဲ့ၿပီး အသင္းနိုင္ပြဲရရွိေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့တာလည္းျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ ဖယ္လ္ကာအို ဟာ စပိန္ကလပ္အတြက္ ပါဝင္ကစားေပးခဲ့တဲ့ (၃)ပြဲမွာ (၃)ဂိုးသြင္းယူၿပီး ဂိုးသြင္းစြမ္းရည္ျပသထားတာျဖစ္ပါတယ္။

ဗယ္လ္ကာနို အသင္းဟာ ဖယ္လ္ကာအို ပါဝင္ခဲ့တဲ့ (၃)ပြဲလုံးအနိုင္ရခဲ့တာျဖစ္ၿပီး အသင္းကလည္း လာလီဂါအမွတ္ေပးဇယား အဆင့္ (၅)ေနရာထိ ေရာက္ရွိေနတာျဖစ္ပါတယ္။

ဖယ္လ္ကာအို ဟာ အသလက္တီကို အသင္းမွာ ကစားခဲ့တုန္းကလည္း ေျခစြမ္းျပသနိုင္ခဲ့ၿပီး စပိန္ကလပ္ကေန ထြက္ခြာခဲ့တဲ့ ေနာက္ပိုင္း ေျခစြမ္းျပသနိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ဖယ္လ္ကာအို ဟာ ပရီးမီးယားလိဂ္ ကလပ္ေတြျဖစ္တဲ့ ခ်ယ္လ္ဆီးနဲ႔ မန္ခ်က္စတာယူနိုက္တက္ အသင္းမွာလည္း အငွားကစားခဲ့ပါတယ္။

ဖယ္လ္ကာအို ဟာ အဆိုပါ (၂)သင္းအတြက္ (၅)ဂိုးသာ သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး ေျခစြမ္းမျပသနိုင္ခဲ့တာေၾကာင့္ မိုနာကို အသင္းထံ ျပန္ေရာက္သြားခဲ့တာပါ။ဖယ္လ္ကာအိုဟာ မိုနာကို ကေန ဂါလာတာစာေရး အသင္းထံ ေျပာင္းေရႊ႕သြားခဲ့ပါတယ္။

ဖယ္လ္ကာအို ဟာ ဂါလာတာစာေရး အသင္းမွာလည္း အရင္လိုေျခစြမ္းမျပနိုင္ခဲ့တဲ့ အတြက္ စာခ်ဳပ္ဖ်က္သိမ္းၿပီး ဗယ္လ္ကာနို အသင္းထံ ေရာက္ရွိလာခဲ့ကာ ေျခစြမ္းျပဂိုးေတြသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။