ဂျီနိုအာနဲ့ပွဲအပြီး ဂျာစီလွှင့်ပစ်၊ နံရံကိုထိုးတဲ့အထိ ပေါက်ကွဲခဲ့တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်စ်အသင်းဟာ ဂျီနိုအာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့် အဆိုပါပွဲအပြီးမှာတော့ အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ အဝတ်လဲခန်းအတွင်း ပွဲကြမ်းခဲ့တယ်လို့ သိရပါတယ်။ စီးရီးအေမှာ ဦးဆောင်နေတဲ့ အင်တာမီလန်ကို လိုက်မီဖို့မလွယ်ကူတော့တဲ့ ဂျူဗီဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်ကို အဓိကထားနေရပြီး နိုင်ပွဲရခဲ့ပေမယ့်လည်း ရော်နယ်ဒိုကတော့ ဒေါသူပုန်ထခဲ့တာဖြစ်ပါတယ်။

အဓိကအကြောင်းကတော့ ရော်နယ်ဒိုဟာ သူ ဂိုးမသွင်းယူနိုင်ခဲ့တဲ့အပေါ် ဒေါသထွက်နေခဲ့တာဖြစ်ပြီး အသင်းဖော်တွေအနေနဲ့ သူ့ဆီကိုဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်ပေးဖို့ အားနည်းခဲ့တာကိုလည်း စိတ်ကွက်နေတယ်လို့ Gazzetta dello Sport က ဖော်ပြသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အကောင်းဆုံးအခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပေမယ့်လည်း သူ့ရဲ့ပိတ်သွင်းယူချက်က တိုင်ထိထွက်ခဲ့ပြီး အသင်းဖော်မိုရာတာက ထပ်ဆင့်ပိတ်သွင်းယူခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပွဲအပြီးမှာ သူဝတ်ဆင်ထားတဲ့ ဂျာစီကိုချွတ်ကာ လွှင့်ပစ်ခဲ့တယ်လို့သိရသလို အဝတ်လဲခန်းအတွင်းမှာလည်း နံရံကို လက်သီးနဲ့ထိုးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပြီး ဘယ်သူ့ကိုမှလည်း စကားမပြောခဲ့ဘူးလို့ သိရပါတယ်။ နည်းပြပီယာလိုကတော့ သူ့ရဲ့တိုက်စစ်မှူးဟာ ဂိုးမသွင်းနိုင်ခဲ့လို့ ဒေါသထွက်ခဲ့တာဖြစ်ပြီး ဒါဟာ တိုးတက်ချင်စိတ်ရှိတဲ့ ကစားသမားတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အပြုအမူသာဖြစ်တယ်လို့ ဖာထေးပြောဆိုခဲ့ပါတယ်။

ဒီလိုမျိုးဖြစ်ပျက်ခဲ့မှုနဲ့အတူ ရော်နယ်ဒိုဟာ တူရင်မှာမပျော်ရွှင်တော့ဘူးဆိုတဲ့ သတင်းတွေပါ တပါတည်းထွက်ပေါ်လာခဲ့ပြီး အသင်းကထွက်ခွာဖို့ ပိုမိုနီးစပ်လာတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုအနေနဲ့ အသင်းဟောင်းရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် သူ့ကိုများပြားတဲ့ ငွေကြေးတွေနဲ့ ကမ်းလှမ်းလာမယ့် အမေရိက ဒါမှမဟုတ် တရုတ်တို့ကို ရွေးချယ်နိုင်ကြောင်းလည်း Mirror က ဖော်ပြခဲ့ပြီး ပေါ်တူဂီသားရဲ့အနာဂတ်က စိတ်ဝင်စားဖို့ကောင်းလာခဲ့ပြီလည်းဖြစ်ပါတယ်။

Zawgyi

ဂ်ဴဗင္တပ္စ္အသင္းဟာ ဂ်ီနိုအာကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့ေပမယ့္ အဆိုပါပြဲအၿပီးမွာေတာ့ အသင္းတိုက္စစ္မႉးေရာ္နယ္ဒိုဟာ အဝတ္လဲခန္းအတြင္း ပြဲၾကမ္းခဲ့တယ္လို႔ သိရပါတယ္။ စီးရီးေအမွာ ဦးေဆာင္ေနတဲ့ အင္တာမီလန္ကို လိုက္မီဖို႔မလြယ္ကူေတာ့တဲ့ ဂ်ဴဗီဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔အတြက္ကို အဓိကထားေနရၿပီး နိုင္ပြဲရခဲ့ေပမယ့္လည္း ေရာ္နယ္ဒိုကေတာ့ ေဒါသူပုန္ထခဲ့တာျဖစ္ပါတယ္။

အဓိကအေၾကာင္းကေတာ့ ေရာ္နယ္ဒိုဟာ သူ ဂိုးမသြင္းယူနိုင္ခဲ့တဲ့အေပၚ ေဒါသထြက္ေနခဲ့တာျဖစ္ၿပီး အသင္းေဖာ္ေတြအေနနဲ႔ သူ႔ဆီကိုျဖတ္တင္ေပးပို႔မႈေတြ ျပဳလုပ္ေပးဖို႔ အားနည္းခဲ့တာကိုလည္း စိတ္ကြက္ေနတယ္လို႔ Gazzetta dello Sport က ေဖာ္ျပသြားခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ အေကာင္းဆုံးအခြင့္အေရးတစ္ႀကိမ္ရရွိခဲ့ေပမယ့္လည္း သူ႔ရဲ့ပိတ္သြင္းယူခ်က္က တိုင္ထိထြက္ခဲ့ၿပီး အသင္းေဖာ္မိုရာတာက ထပ္ဆင့္ပိတ္သြင္းယူခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ပြဲအၿပီးမွာ သူဝတ္ဆင္ထားတဲ့ ဂ်ာစီကိုခၽြတ္ကာ လႊင့္ပစ္ခဲ့တယ္လို႔သိရသလို အဝတ္လဲခန္းအတြင္းမွာလည္း နံရံကို လက္သီးနဲ႔ထိုးမႈေတြျပဳလုပ္ခဲ့တယ္လို႔ သတင္းေတြထြက္ခဲ့ၿပီး ဘယ္သူ႔ကိုမွလည္း စကားမေျပာခဲ့ဘူးလို႔ သိရပါတယ္။ နည္းျပပီယာလိုကေတာ့ သူ႔ရဲ့တိုက္စစ္မႉးဟာ ဂိုးမသြင္းနိုင္ခဲ့လို႔ ေဒါသထြက္ခဲ့တာျဖစ္ၿပီး ဒါဟာ တိုးတက္ခ်င္စိတ္ရွိတဲ့ ကစားသမားတိုင္းမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အျပဳအမူသာျဖစ္တယ္လို႔ ဖာေထးေျပာဆိုခဲ့ပါတယ္။

ဒီလိုမ်ိဳးျဖစ္ပ်က္ခဲ့မႈနဲ႔အတူ ေရာ္နယ္ဒိုဟာ တူရင္မွာမေပ်ာ္ရႊင္ေတာ့ဘူးဆိုတဲ့ သတင္းေတြပါ တပါတည္းထြက္ေပၚလာခဲ့ၿပီး အသင္းကထြက္ခြာဖို႔ ပိုမိုနီးစပ္လာတယ္လို႔ သိရပါတယ္။ ေရာ္နယ္ဒိုအေနနဲ႔ အသင္းေဟာင္းရီးရဲလ္မက္ဒရစ္ ဒါမွမဟုတ္ သူ႔ကိုမ်ားျပားတဲ့ ေငြေၾကးေတြနဲ႔ ကမ္းလွမ္းလာမယ့္ အေမရိက ဒါမွမဟုတ္ တ႐ုတ္တို႔ကို ေရြးခ်ယ္နိုင္ေၾကာင္းလည္း Mirror က ေဖာ္ျပခဲ့ၿပီး ေပၚတူဂီသားရဲ့အနာဂတ္က စိတ္ဝင္စားဖို႔ေကာင္းလာခဲ့ၿပီလည္းျဖစ္ပါတယ္။