ဆွန်ဟောင်မင်ရဲ့ပြစ်ဒဏ်ဘောနဲ့ပတ်သက်ပြီး ရွိုင်ကိန်းပွဲကြမ်းပြီ

စပါးနဲ့ ယူနိုက်တက်တို့ရဲ့ ပွဲမှာဖြစ်ပျက်ခဲ့တဲ့ ဆွန်ဟောင်မင်ရဲ့ ပြစ်ဒဏ်အနေအထားနဲ့ပတ်သက်ပြီး ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းက ပွဲကြမ်းလိုက်ပါတယ်။

မက်တော်မီနေးဆီက ဘောလုံးကို လိုက်လုစဉ်မှာ လက်နဲ့ဆွဲခဲ့တဲ့ ဆွန်ဟောင်မင်ဟာ တော်မီနေးရဲ့ လက်ကိုပြန်ဖယ်ထုတ်ဖို့ကြိုးစားချိန်မှာ မျက်နှာကို ထိခဲ့မိပြီးလဲကျခဲ့ပါတယ်။ အဆိုပါအနေအထားကတဆင့် ယူနိုက်တက်က ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပြစ်ဒဏ်ဘောသတ်မှတ်ပေးပြီး ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

ရုပ်သံပြကွက်တွေအရ တော်မီနေးဟာ ဘောလုံးပိုင်ဆိုင်ထားသူဖြစ်ပြီး ဆွန်ဟောင်မင်က လိုက်လံလုယူရာမှာ လက်နဲ့အရင်ဆွဲခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ တော်မီနေးက လက်ကိုဖယ်ထုတ်ခဲ့ရာကနေ မျက်နှာကိုသွားထိခဲ့တာကို ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်လူကြီးခရစ္စကာဗန်နေ့ဂ်ကတော့ ပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့လို့ ယူနိုက်တက်တစ်သင်းလုံး ဒေါသထွက်ခဲ့ရသလို ဒီပွဲကိုစီစဉ်တင်ဆက်နေတဲ့ ရွိုင်ကိန်းနဲ့ မီကာရစ်ချတ်တို့လည်း ပေါက်ကွဲခဲ့ကြပါတယ်။

“ကျနော်တော်တော်လေးအံ့အားသင့်ရပါတယ်၊ တကယ်ပြောတာပါ၊ တကယ်လို့ အဲဒါက ပြစ်ဒဏ်ဘောဆိုရင် ကျွန်တော်တို့အားလုံးအိမ်ပြန်သင့်ပါပြီ၊ တကယ်ကို ဆိုးရွားလွန်းပါတယ်၊ ဆွန်လိုကစားသမားသမားတစ်ဦးအတွက် ဒီလိုလူးလိမ့်ပြနေတာက တကယ်ကိုရှက်ဖို့ကောင်းပါတယ်၊ ဒါက ပြစ်ဒဏ်ဘောပါ၊ ဒိုင်လူကြီးက ဖိအားတွေအောက် တော်တော်ရောက်နေခဲ့ပြီး ဆုံးဖြတ်ချက်တိုင်းမှာ ဒုက္ခတွေရောက်နေခဲ့ပါတယ်၊ ဒါပေမယ့် ဒီအဖြစ်အပျက်ကတော့ တကယ်ကိုမှားယွင်းခဲ့ပါတယ်” လို့ ရွိုင်ကိန်းက ဆိုပါတယ်။

မီကာရစ်ချက်ကလည်း ရွိုင်ကိန်းရဲ့ ပြောဆိုမှုကို ထောက်ခံခဲ့ပါတယ်။ “ဒါက ရှက်စရာပါပဲ၊ ဒါက ဘောလုံးမှမဟုတ်တော့တာ၊ ကျွန်တော်တို့လှောင်ပြောင်စရာတွေ၊ ရယ်မောစရာတွေရှိပေမယ့် ဒါက ပွဲကိုပျက်စီးစေပါတယ်၊ VAR ကို ကြည့်တယ်ဆိုကတည်းက ကွင်းလယ်ဒိုင်စိတ်ထဲမှာ သံသယတွေရှိနေတယ်ဆိုတာ သေချာပါတယ်၊ ကစားသမားတွေကလည်း သူ့ကိုမကူညီနိုင်ခဲ့ပါဘူး၊ ဒိုင်လူကြီးကို ဝန်းရံပြီး လက်မခံနိုင်ကြောင်းပြသခဲ့ရမှာပါ” လို့ ပြောသွားခဲ့ပါတယ်။

Zawgyi

စပါးနဲ႔ ယူနိုက္တက္တို႔ရဲ့ ပြဲမွာျဖစ္ပ်က္ခဲ့တဲ့ ဆြန္ေဟာင္မင္ရဲ့ ျပစ္ဒဏ္အေနအထားနဲ႔ပတ္သက္ၿပီး ေဘာလုံးပြဲေဝဖန္သုံးသပ္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ ယူနိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းရြိဳင္ကိန္းက ပြဲၾကမ္းလိုက္ပါတယ္။

မက္ေတာ္မီေနးဆီက ေဘာလုံးကို လိုက္လုစဥ္မွာ လက္နဲ႔ဆြဲခဲ့တဲ့ ဆြန္ေဟာင္မင္ဟာ ေတာ္မီေနးရဲ့ လက္ကိုျပန္ဖယ္ထုတ္ဖို႔ႀကိဳးစားခ်ိန္မွာ မ်က္ႏွာကို ထိခဲ့မိၿပီးလဲက်ခဲ့ပါတယ္။ အဆိုပါအေနအထားကတဆင့္ ယူနိုက္တက္က ဂိုးသြင္းယူနိုင္ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္ကေတာ့ ျပစ္ဒဏ္ေဘာသတ္မွတ္ေပးၿပီး ဂိုးကို ပယ္ဖ်က္ခဲ့ပါတယ္။

႐ုပ္သံျပကြက္ေတြအရ ေတာ္မီေနးဟာ ေဘာလုံးပိုင္ဆိုင္ထားသူျဖစ္ၿပီး ဆြန္ေဟာင္မင္က လိုက္လံလုယူရာမွာ လက္နဲ႔အရင္ဆြဲခဲ့တာျဖစ္ပါတယ္။ ဒီအခ်ိန္မွာ ေတာ္မီေနးက လက္ကိုဖယ္ထုတ္ခဲ့ရာကေန မ်က္ႏွာကိုသြားထိခဲ့တာကို ရွင္းရွင္းလင္းလင္းေတြ႕ျမင္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္ ကြင္းလယ္ဒိုင္လူႀကီးခရစၥကာဗန္ေန႔ဂ္ကေတာ့ ျပစ္ဒဏ္ေဘာသတ္မွတ္ေပးခဲ့လို႔ ယူနိုက္တက္တစ္သင္းလုံး ေဒါသထြက္ခဲ့ရသလို ဒီပြဲကိုစီစဥ္တင္ဆက္ေနတဲ့ ရြိဳင္ကိန္းနဲ႔ မီကာရစ္ခ်တ္တို႔လည္း ေပါက္ကြဲခဲ့ၾကပါတယ္။

“က်ေနာ္ေတာ္ေတာ္ေလးအံ့အားသင့္ရပါတယ္၊ တကယ္ေျပာတာပါ၊ တကယ္လို႔ အဲဒါက ျပစ္ဒဏ္ေဘာဆိုရင္ ကၽြန္ေတာ္တို႔အားလုံးအိမ္ျပန္သင့္ပါၿပီ၊ တကယ္ကို ဆိုးရြားလြန္းပါတယ္၊ ဆြန္လိုကစားသမားသမားတစ္ဦးအတြက္ ဒီလိုလူးလိမ့္ျပေနတာက တကယ္ကိုရွက္ဖို႔ေကာင္းပါတယ္၊ ဒါက ျပစ္ဒဏ္ေဘာပါ၊ ဒိုင္လူႀကီးက ဖိအားေတြေအာက္ ေတာ္ေတာ္ေရာက္ေနခဲ့ၿပီး ဆုံးျဖတ္ခ်က္တိုင္းမွာ ဒုကၡေတြေရာက္ေနခဲ့ပါတယ္၊ ဒါေပမယ့္ ဒီအျဖစ္အပ်က္ကေတာ့ တကယ္ကိုမွားယြင္းခဲ့ပါတယ္” လို႔ ရြိဳင္ကိန္းက ဆိုပါတယ္။

မီကာရစ္ခ်က္ကလည္း ရြိဳင္ကိန္းရဲ့ ေျပာဆိုမႈကို ေထာက္ခံခဲ့ပါတယ္။ “ဒါက ရွက္စရာပါပဲ၊ ဒါက ေဘာလုံးမွမဟုတ္ေတာ့တာ၊ ကၽြန္ေတာ္တို႔ေလွာင္ေျပာင္စရာေတြ၊ ရယ္ေမာစရာေတြရွိေပမယ့္ ဒါက ပြဲကိုပ်က္စီးေစပါတယ္၊ VAR ကို ၾကည့္တယ္ဆိုကတည္းက ကြင္းလယ္ဒိုင္စိတ္ထဲမွာ သံသယေတြရွိေနတယ္ဆိုတာ ေသခ်ာပါတယ္၊ ကစားသမားေတြကလည္း သူ႔ကိုမကူညီနိုင္ခဲ့ပါဘူး၊ ဒိုင္လူႀကီးကို ဝန္းရံၿပီး လက္မခံနိုင္ေၾကာင္းျပသခဲ့ရမွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။