လီဗာပူးလ်၊ဘာကာတို့ကိုအနိုင်ရခဲ့ပေမယ့် ပေါင် ၁၃သန်းဆုံးရှုံးခဲ့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ လေးရက်တာကာလအတွင်း ပေါင် ၁၃သန်းအထိ ဆုံးရှုံးနစ်နာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ဖို့ မျှော်လင့်နိုင်နေပေမယ့်လည်း ရီးရဲလ်ဟာ ကိုဗစ်ကြောင့် ဆုံးရှုံးမှုတွေ ကြီးမားခဲ့တာလည်းဖြစ်ပါတယ်။ သူတို့အနေနဲ့ ပွဲစဉ်ပေါင်း ၂ ပွဲတည်းကနေ ရရှိမယ့် ငွေကြေးအများအပြားကို ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် လီဗာပူးလ်နဲ့ ကစားရခဲ့ရသလို စပိန်လာလီဂါပွဲအဖြစ် ဘာစီလိုနာတို့နဲ့ ရီးရဲလ်မက်ဒရစ်တို့က ကစားခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရိသတ်တွေကို ကြည့်ရှူခွင့်မပေးသေးတဲ့အချိန်မှာ အသင်းတိုင်းလိုလို ကွင်းဝင်ကြေးထိခိုက်နစ်နာမှုတွေရှိခဲ့ပေမယ့် ရီးရဲလ်အနေနဲ့ အဆိုပါပွဲစဉ်နှစ်ပွဲတည်းကနေ ရရှိမယ့် ပေါင် ၁၃ သန်းပမာဏကို ဆုံးရှုံးခဲ့တာလို့လည်း သိရပါတယ်။

ဒီပွဲစဉ်နှစ်ပွဲကို ရုပ်သံကနေ ကြည့်ရှူခဲ့တဲ့ ပရိသတ်အများအပြားရှိနေခဲ့ပြီး ကွင်းထဲကို ပုံမှန်အတိုင်းဝင်ရောက်ကြည့်ရှူခွင့်ရမယ်ဆိုပါက လက်မှတ်ရောင်းချရမှုကနေ ပေါင် ၁၃ သန်းအထိ ရရှိမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေ ကြည့်ရှူခွင့်မရခဲ့ဘဲ ကွင်းပိတ်ကျင်းပခဲ့ရကာ မက်ဒရစ်ကလပ်အတွက်တော့ ဘဏ္ဍာရေးအရနစ်နာမှုအကြီးအကျယ်ရှိခဲ့ပြီး နှမျောတသစရာအဖြစ်နဲ့သာ ရှိနေခဲ့ပါတယ်။

အဆိုပါနှစ်ပွဲစလုံးကို ရီးရဲလ်တို့အနိုင်ရရှိခဲ့ပြီး လီဗာပူးလ်ကို ၃-၁၊ ဘာစီလိုနာကို ၂-၁ တို့နဲ့ အနိုင်ယူခဲ့ပါတယ်။ ပရိသတ်တွေရော၊ ကလပ်အသင်းအတွက်ပါ ဒီနိုင်ပွဲတွေနဲ့ ကျေနပ်ခဲ့ရပါတယ်။ ပုံမှန်အားဖြင့် အိမ်ကွင်းပွဲတွေကို ဘာနေဗျူးမှာသာ ကျင်းပနေတဲ့ ရီးရဲလ်ဟာ ပြီးခဲ့တဲ့ရာသီနဲ့ ဒီရာသီမှာတော့ လူငယ်အသင်းကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုနေပြီး ဘာနေဗျူးကွင်းကိုတော့ အသစ်ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Zawgyi

ရီးရဲလ္မက္ဒရစ္အသင္းဟာ ေလးရက္တာကာလအတြင္း ေပါင္ ၁၃သန္းအထိ ဆုံးရႈံးနစ္နာမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတယ္လို႔ သိရပါတယ္။ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို ရယူနိုင္ဖို႔ ေမၽွာ္လင့္နိုင္ေနေပမယ့္လည္း ရီးရဲလ္ဟာ ကိုဗစ္ေၾကာင့္ ဆုံးရႈံးမႈေတြ ႀကီးမားခဲ့တာလည္းျဖစ္ပါတယ္။ သူတို႔အေနနဲ႔ ပြဲစဥ္ေပါင္း ၂ ပြဲတည္းကေန ရရွိမယ့္ ေငြေၾကးအမ်ားအျပားကို ဆုံးရႈံးခဲ့ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပထမအေက်ာ့အျဖစ္ လီဗာပူးလ္နဲ႔ ကစားရခဲ့ရသလို စပိန္လာလီဂါပြဲအျဖစ္ ဘာစီလိုနာတို႔နဲ႔ ရီးရဲလ္မက္ဒရစ္တို႔က ကစားခဲ့ရပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ပရိသတ္ေတြကို ၾကည့္ရႉခြင့္မေပးေသးတဲ့အခ်ိန္မွာ အသင္းတိုင္းလိုလို ကြင္းဝင္ေၾကးထိခိုက္နစ္နာမႈေတြရွိခဲ့ေပမယ့္ ရီးရဲလ္အေနနဲ႔ အဆိုပါပြဲစဥ္ႏွစ္ပြဲတည္းကေန ရရွိမယ့္ ေပါင္ ၁၃ သန္းပမာဏကို ဆုံးရႈံးခဲ့တာလို႔လည္း သိရပါတယ္။

ဒီပြဲစဥ္ႏွစ္ပြဲကို ႐ုပ္သံကေန ၾကည့္ရႉခဲ့တဲ့ ပရိသတ္အမ်ားအျပားရွိေနခဲ့ၿပီး ကြင္းထဲကို ပုံမွန္အတိုင္းဝင္ေရာက္ၾကည့္ရႉခြင့္ရမယ္ဆိုပါက လက္မွတ္ေရာင္းခ်ရမႈကေန ေပါင္ ၁၃ သန္းအထိ ရရွိမွာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြ ၾကည့္ရႉခြင့္မရခဲ့ဘဲ ကြင္းပိတ္က်င္းပခဲ့ရကာ မက္ဒရစ္ကလပ္အတြက္ေတာ့ ဘ႑ာေရးအရနစ္နာမႈအႀကီးအက်ယ္ရွိခဲ့ၿပီး ႏွေမ်ာတသစရာအျဖစ္နဲ႔သာ ရွိေနခဲ့ပါတယ္။

အဆိုပါႏွစ္ပြဲစလုံးကို ရီးရဲလ္တို႔အနိုင္ရရွိခဲ့ၿပီး လီဗာပူးလ္ကို ၃-၁၊ ဘာစီလိုနာကို ၂-၁ တို႔နဲ႔ အနိုင္ယူခဲ့ပါတယ္။ ပရိသတ္ေတြေရာ၊ ကလပ္အသင္းအတြက္ပါ ဒီနိုင္ပြဲေတြနဲ႔ ေက်နပ္ခဲ့ရပါတယ္။ ပုံမွန္အားျဖင့္ အိမ္ကြင္းပြဲေတြကို ဘာေနဗ်ဴးမွာသာ က်င္းပေနတဲ့ ရီးရဲလ္ဟာ ၿပီးခဲ့တဲ့ရာသီနဲ႔ ဒီရာသီမွာေတာ့ လူငယ္အသင္းကြင္းကို အိမ္ကြင္းအျဖစ္ အသုံးျပဳေနၿပီး ဘာေနဗ်ဴးကြင္းကိုေတာ့ အသစ္ျပင္ဆင္မႈေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။