မော်ရင်ဟိုနဲ့အတွေ့ ဖာဂူဆန်တောင်မလုပ်နိုင်ခဲ့တာကို လုပ်ပြနိုင်ခဲ့တဲ့ ဆိုးလ်ရှား

စပါးအသင်းနည်းပြမော်ရင်ဟိုက မနေ့ကပွဲမှာ သူ့အသင်းနောက်ခံလူ အော်ရီယာကို တံတောင်စာကျွေးခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာဟာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ စပါးဟာ အိမ်ကွင်းမှာပဲ ၁-၃ နဲ့ အရေးနိမ့်ခဲ့ပြီး ပွဲအပြီးမှာ မော်ရင်ဟိုက ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲကတော့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ပထမပိုင်းမှာ စပါးအနိုင်ရနေခဲ့ပေမယ့် ယူနိုက်တက်က ဒုတ်ယပိုင်းမှာ ၃ ဂိုးအထိပြန်သွင်းယူကာအနိုင်ရခဲ့ပြီး မော်ရင်ဟိုဟာ တပည့်ဟောင်းတွေရဲ့ ပညာပေးမှုကို ခံခဲ့ရပါတော့တယ်။

ဆိုးလ်ရှားကတော့ ပွဲအပြီးမှာ ဆွန်ဟောင်မင်ရဲ့ အဖြစ်အပျက်ကိုသာ ပြောဆိုခဲ့ပါတယ်။ မော်ရင်ဟိုကို အဝေးကွင်းမှာ ပထမဆုံးနိုင်ပွဲရတဲ့ နည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့သလို ပထမကျော့က ရှုံးကြွေးကိုလည်း ပြန်ဆပ်နိုင်ခဲ့ပါတယ်။အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ဆက်လပ်ရပ်တည်နိုင်ခဲ့ပြီး ဖာဂူဆန်နောက်ပိုင်း မော်ရင်ဟိုယူပေးခဲ့တဲ့ အမြင့်ဆုံးရပ်တည်မှုကိုပါ လိုက်မီတော့မှာပါဖြစ်ပါတယ်။ ဖာဂူဆန်ဟာ မော်ရင်ဟိုနဲ့ အဝေးကွင်းမှာ ကြိမ်ဖန်များစွာရင်ဆိုင်ခဲ့ရပေမယ့် အနိုင်ရခြင်းမရှိခဲ့ဘဲ ဆိုးလ်ရှားကတော့ အနိုင်ရခဲ့ပြီဖြစ်ပါတယ်။

ပေါ့ဂ်ဘာနဲ့ အော်ရီယာ တို့ဟာ  ကွင်းဘေးစည်းနားမှာ ဘောလုံးယှဉ်လုနေခဲ့တာဖြစ်ပြီး နှစ်ဦးစလုံးက ဘောလုံးရဖို့တော်တော်လေးကို အားထုတ်ခဲ့ကြပါတယ်။ ပေါ့ဂ်ဘာကလည်း လက်နဲ့ကာကာ ရယူဖို့ကြိုးစားခဲ့သလို အော်ရီယာကလည်း အနိုင်မခံစတမ်းကြိုးပမ်းခဲ့ချိန် ပေါ့ဂ်ဘာရဲ့ တံတောင်စာမိခဲ့ပြီး လဲကျခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ကတော့ပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ပြီး မော်ရင်ဟိုပြောခဲ့သလို ထုတ်ပတယ်တာမျိုးတော့ မလုပ်ခဲ့ဘဲ ပြင်သစ်ကွင်းလယ်လူကို ကစားစေခဲ့ပါတယ်။

“ကျနော်တို့ အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ သူတို့ကွင်းလယ်က ပိုသန်မာပြီး ကျနော်တို့ပျောက်ဆုံးနေခဲ့ပါတယ်၊ ဒုတိယဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးကောင်းရခဲ့ပေမယ့် တိုင်ထိထွက်ခဲ့ပါတယ်၊ ကျနော့်အမြင်အရ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဒီရလဒ်နဲ့ ကျနော်တို့ မထိုက်တန်ခဲ့ပါဘူး၊ VAR နဲ့ပတ်သက်ပြီး ကျနော်ဘာမှပိုမသိပါဘူး၊ ဖူလ်ဟမ်နဲ့ ဝုလ်ပွဲလည်း ဒီတိုင်းပါပဲ၊ တခါတလေရတယ်၊ တခါတလေမရဘူး၊ ခဗျားထိတ်လန့်တယ်ဆိုရင်တော့ အောင်ပွဲမခံနဲ့ပေါ့”

“ကျနော်တို့ ကံမကောင်းခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ ဆာဂျီပော်ရီယာကို တံတောင်နဲ့တွတ်ခဲ့လို့ ပေါလ်ပေါ့ဂ်ဘာအနီထိခဲ့သင့်တာပါ” လို့ မော်ရင်ဟိုက ဆိုပါတယ်။ မော်ရင်ဟိုကတော့ ဒီရာသီမှာ လိဂ်ပွဲ ၁၀ ပွဲအထိအရေးနိမ့်ခဲ့ပြီဖြစ်ပြီး သူ့နည်းပြဘဝမှာ ၁၀ ပွဲထိရှုံးတာ ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်တက်ကိုအိမ်ကွင်းမှာ ပထမဆုံးအရေးနိမ့်ခဲ့တာဖြစ်ပြီး မှတ်တမ်းကောင်းကျိုးပျက်ခဲ့ရကာ အသင်းဟောင်းနဲ့အတွေ့မျက်နှာပန်းမလှခဲ့ဘဲ လာမယ့်ရာသီဥရောပဝင်ခွင့်ကိုပါ လက်လွှတ်ရနိုင်တဲ့ အနေအထားရှိလာခဲ့ပြီဖြစ်ပါတယ်။