စပါးကို အဝေးကွင်းမှာ လှလှပပရှုံးကြွေးပြန်ဆပ်ခဲ့တဲ့ ယူနိုက်တက်

အဆင့်နှစ်နေရာမှာရှိနေပြီး မန်စီးတီးကို ရနိုင်သလောက် အမီလိုက်ဖို့ ကြိုးစားနေရတဲ့ ယူီာက်တက်ဟာ အဝေးကွင်းမှာ စပါးကို ခြေစွမ်းပြအနိုင်ယူခဲ့ပြီး အမှန်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပါတယ်။ လူစုံတက်စုံနဲ့ညနှစ်သင်းစခုံး ပွဲထွက်လာခဲ့လို့ အပြန်အလှနါထိုးဖောက်နိုင်မှုတွေနဲ့ ကြည့်ကောင်းခဲ့ကာ ပွဲချိန်တွင်းအဖြစ်အပျက်တချို့ကလည်းပြောစရာတွေဖြစ်ခဲ့ပြီး ပွဲကောင်းတစ်ပွဲအသွင်ဆောင်ခဲ့ပါတယ်။ ပထမအကျော့က အိမ်ကွင်းမှာဘဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်ဟာ ၁-၃ နဲ့ ပြန်အနိုင်ယူပြီး အဆင့်နှစ်နေရာမှာ ဆက်ရှိခဲ့ကာ လက်စတာကိုလည်း အမှတ်ထပ်ဖြတ်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်သစ်းစလုံးလျင်လျင်မြန်မြန်ကစားခဲ့ကြပြီး တိုက်စစ်ဖွင့်ခဲ့ပါတယ်။ ယူနိုက်တက်က ဘောလုံးပိုကိုင်နိုင်ခဲ့ပြီး ဖိအားပေးခဲ့သလို စပါးကလည်း တိုက်စစ်ပိုင်းလျင်မြန်မှုကို အားပြုပြီးခြိမ်းခြောက်ခဲ့ပါတယ်။ တော်မီနေး​၊ ဖရက်ဒ်၊ ပေါ့ဂ်ဘာတို့ရဲ့ လှပတဲ့ တွဲလုံးကနေ ကာဗာနီရဲ့ ပါးနပ်မှုကြောင့် ယူနိုက်တက်တို့ အဖွင့်ဂိုးရခဲ့ပေမယ့်တော်မီနေးက ဆွန်ကို ပြစ်ဒဏ်ကျူးလွန်တယ်လို့ ဒိုင်ကဆုံးဖြတ်ခဲ့ပြီး ဂိုးမပေးခဲ့ပါဘူး။ တော်တော်ဆိုးရွားတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး အနှေးပြကွက်အရလည်း တော်မီနေးဟာ ဘောလုံးရထားပြီး မဆုံးရှုံးဖို့သာ အာရုံစိုက်ခဲ့ကာဆွန်ကသာ လူလိုက်ဆွဲခဲ့တာဖြစ်ပါတယ်။

သိပ်မကြာခင် စပါးတို့အဖွင့်ဂိုးရသွားပြီး မော်ရာရဲ့ ပေးပို့မှုကနေ ဆွန်က အပိုင်ကန်သွင်းယူသွားပါတယ်။ ပပိုင်းမှာ စပါးတို့ဘဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းပြန်စချိန်မှာ ယူနိုက်တက်က ပိုပြီးဖိဖိစီးစီးကစားလာပါတယ်။ ပေါ့ဂ်ဘာတော်တော်လေးခြေစွမ်းပြခဲ့ပြီး ကာဗာနီကလည်း အသက်နဲ့မလိုက်အောင် လိုက်ကစားပေးခဲ့ပြီး ဂိုးရဖို့ကြိုးစားလာပါတယ်။ ဒါကြောင့်လည်း မိနစ်ငါးဆယ်ကျော်မှာ ကာဗာနီကန်သွင်းမှုကနေ ပြန်ထွက်လာတဲ့အလုံးကို ဖရက်ဒ်က ပိတ်ကာ ချေပဂိုးယူနိုင်ခဲ့ပါတယ်။ ဒီနောက်မှာ ပွဲက ယူနိုက်တက်ပွဲဖြစ်ခဲ့ပြီး ဆက်တိုက်ဖိကစားသွားခဲ့ပါတယ်။

၈၂ မိနစ်မှာတော့ လာစားဝင်လာတဲ့ ဂရင်းဝုဒ်ရဲ့ ဖြတ်တင်ဘောကနေ ကာဗာနီက လှလှပပနဲ့ ခေါင်းတိုက်အဆုံးသတ်ကာ အနိုင်ဂိုးရခဲ့ပါတယ်။ ကာဗာနီရဲ့ ပြေးတိုက်ချက်တော်တော်ကောင်းမွန်ခဲ့သလို ဂရင်းဝုဒ်ရဲ့ ဖန်တီးပေးမှုကလည်း တိကျခဲ့ပါတယ်။ စပါးတို့ ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ကစားကွက်စီးနေတဲ့ ယူနိုက်တက်ကို မကျော်နိုင်ခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ ဂရင်းဝူဒ်က ဧရိယာအတွင်းကနေ ညာခြေနဲ့ အပြင်းကန်သွင်းကာ နောက်တစ်ဂိုးယူပေးခဲ့ပြီး ယူနိုက်တက်တို့ အနိုင်သေချာသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မန်စီးတီးထက် တစ်ပွဲလျော့ ၁၁ မှတ်အကွာမှာ ရှိနေပြီး ပွဲကျန်ကို အနိုင်ရမယ်ဆ်ုရင်တော့ ၈ မှတ်သာ ကွာဟတော့မှာပါ။