ဘာကာကို သမပြီး ဇယားထိပ်ပါတက်ခဲ့တဲ့ရီးရဲလ်ရဲ့အယ်ခ်ကလက်စီကိုနိုင်ပွဲ

စပိန်လာလီဂါမှာ ဆုဖလားရရှိရေးအတွက် အက်သလက်တီကိုနဲ့အပြိုင်ဖြစ်နေတဲ့ ရီးရဲလ်နဲ့ ဘာငာတို့ရဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာတော့ ရီးရဲလ်က ၂-၁ နဲ့ အနိုင်ယူပြီး မြို့ခံပြိုင်ဘက်အသင်း ကစားဖို့ကျန်နေသေးချိန်မှာအမှတ်ပေးဇယားကို သိမ်းပိုက်လိုက်ပါတယ်။ မက်ဆီဦးဆောင်လာတဲ့ ဘာစီလိုနာဟာ အဝေးကွင်းမှာ မက်ဒရစ်ကိုလက်မြှောက်အရှုံးပေးခဲ့ရပြီး ဒီရာသီမှာ ရီးရဲလ်ကို အနိုင်မရရှိတဲ့မှတ်တမ်းကို ရရှိခဲ့သလို မက်ဆီကလည်း အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဂိုးပေါက်ထပ်ပျောက်ခဲ့ပြီး ကျိန်စာသင့်နေဆဲဖြစ်ခဲ့ရပါတယ်။

အေတီကိုနဲ့ ရမှတ်သိပ်မကွာကြလို့ နှစ်သင်းစလုံးက လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပြီး ရီးရဲလ်က အိမ်ကွင်းမှာ ပွဲစတာနဲ့ ဖိဖိစီးစီးကစားခဲ့ပါတယ်။ ထုံးစံအတိုင်း ဘာာကာက ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိခဲ့ပေမယ့် ရီးရဲလ်ကတိုက်စစ်ကို ပိုပြီးအကျိုးရှိအောင် ကစားနိုင်ခဲ့လို့ ဂိုးတွေစောစောရခဲ့ပါတယ်။ ၁၃ မိနစ်မှာ ဘန်ဇီမာ၊ ၂၈ မိနစ်မှာ တိုနီခရူးစ်တို့ ဂိုးတွေသွင်းယူခဲ့ကြီး ဘာကာကို ဦးဆောင်ခဲ့ပါတယ်။ ရီးရဲလ်ဟာ တပွဲလုံးမှာ ဂိုးပေါက်တည့်မှု ၃ ကြိမ်သာရှိခဲ့ပေမယ့် နှစ်ဂိုးရအောင် သွင်းယူနိုင်ခဲ့ပြီး အဖိုးတန်နိုင်ပွဲကို ပုံဖော်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာ ဘာစီလိုနာက ချေပဂိုးရဖို့ ဘောလုံးကိုင်ကစားလာပါတယ်။ ဂရစ်မန်းဇ်ကို ထည့်သွင်းလာပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် သိပ်ပြီးအရာမထင်ဘဲဒမ်ဘီလီက လူပိုသက်သက်နှယ်ဖြစ်နေခဲ့ပါတယ်။ မိနစ် ၆၀ မှာတော့ မင်ဂူဇာက ချေပဂိုးတစ်ဂိုးရယူပေးခဲ့လို့ ဘာစီလိုနာအတွက် အားတက်စရာဖြစ်ခဲ့ရပေမယ့် လက်ကျန်မိနစ်တွေမှာတော့ ဂိုးမသွင်းနိုင်လို့ အရေးနိမ့်ခဲ့ပါတယ်။မိနစ် ၉၀ မှာ ကက်စ်မဲရိုး အနီကတ်ပြထုတ်ပယ်ခံခဲ့ရလို့ ရီးရဲလ်က လက်ကျန်အနေအထားမှာ ခံစစ်ကိုအားပြုရင်းအနိုင်ကိုထိန်းကာ အေတီကိုကိုကျော်ပြီး ဇယားထိပ်ရောက်သွားခဲ့ပါတယ်။

လက်ရှိမှာ ရိးရဲလ်က တစ်ပွဲကြိုကစားပြီး ၆၆ မှတ်၊ အေတီကိုက တသ်ပွဲလျော့ ၆၆ မှတ်ဖြစ်နေပြီး ဘာကာက ရီးရဲလ်နဲ့ပွဲတူ ၆၅ မှတ်ဖြစ်နေပါတယ်။ လာလီဂါလက်ကျန်ပွဲတွေကတော့ ထိပ်သီးအသင်းသုံးသင်းရဲ့ အားပြိုင်မှုနဲ့အကြိတ်အနယ်ရှိနေမှာဖြစ်ပြီး ချန်ပီယံဆုကို ဘယ်သူဆွတ်ခူးမလဲဆိုတာက မှန်းဆရခက်နေပါတယ်။တောက်လျှောက်ဦးဆောင်လာခဲ့တဲ့ အေတီကိုရဲ့ ခြေချော်မှုတွေကို ရီးရဲလ်နဲ့ ဘာကာတို့ အခွင့်အရေးယူနိုင်ခဲ့လို့အခုလိုအကြိတ်အနယ်ဖြစ်လာတာဖြစ်ပြီး ညယ်အသင်းက ထပ်ပြီးခြေချော်မလဲ၊ ဘယ်အသင်းက အခွင့်အရေးယူသွားမလဲဆ်ိုတာ စောင့်ကြည့်ရပါတော့မယ်။