ရော်နယ်ဒိုချန်ရစ်ခဲ့တဲ့ကျိန်စာဆိုးအောက်ကရုန်းထွက်ပြရတော့မယ့်မ က်ဆီ

ဒီတပတ်မှာတော့ တကမ္ဘာလုံးစိတ်ဝင်စားနေတဲ့ ဘောလုံးပွဲအဖြစ် ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာတို့ရဲ့ အယ်လ်ကလပ်စီကို ပွဲစဉ်ကို ကစားတော့မှာပါ။ ဒီပွဲစဉ်ဟာ အက်သလက်တီကိုမက်ဒရစ်အောက် အမှတ်ကွာဟချက်နည်းပါးစွာနဲ့ ရပ်တည်နေတဲ့ ဒီအသင်းနှစ်သင်းအတွက် ချန်ပီယံဆုကို ဆက်လက်စိန်ခေါ်နိုင်ဖို့ အရေးပါနေပါတယ်။ ဒီနည်းတူ စိတ်ဝင်စားစရာကတော့ အယ်လ်ကလက်စီကိုမှာ ဂိုးကျိန်စာသင့်နေတဲ့ မက်ဆီရဲ့ မှတ်တမ်းဖြစ်ပြီး ကျိန်စာဆိုးကို ရပ်တန့်နိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။ ထူးခြားစွာပဲ ဒီကျိန်စာဟာ ရော်တယ်ဒိုတယောက် ရီးရဲလ်ကနေ ထွက်ခွာကတည်းက မက်ဆီအပေါ်သက်ရောက်ခဲ့တာပါပဲ။

ဒီရာသီ လာလီဂါမှာ ၂၃ ဂိုးသွင်းထားပြီး ဂိုးအများဆုံးသွင်းသူဖြစ်နေတဲ့ မက်ဆီဟာ ရီးရဲလ်နဲ့တွေံဆုံခဲ့တဲ့နောက်ဆုံးသုံးနှစ်အတွင်း ခြောက်ပွဲတိတိ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ၂၀၁၈ မှာ ဂျူဗင်တပ်စ်ကို ရော်နယ်ဒိုပြောင်းရွှေ့သွားကတည်းက ဂိုးမရတော့တာဖြစ်ပြီး ၂၀၁၇-၁၈ ဘောလုံးရာသီက နူးကမ့်မှာ ၂ ဂိုးစီသရေကျခဲ့တဲ့ လာလီဂါပွဲစဉ် ၃၆ မှာ မက်ဆီက ရီးရဲလ်ဘက်ကို နောက်ဆုံးအကြိမ်ဂိုးသွင်းယူနိုင်ထားခဲ့တာဖြစ်တယ်လို့ Marca ရဲ့ ဖော်ပြချက်အရ ငိရပါတယ်။

ရီးရဲလ်နဲ့ ကစားခဲ့တဲ့ ပထမဆုံး ၂၇ ပွဲမှာ ၂၁ ဂိုးအထိရခဲ့တဲ့ မက်ဆီဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၇ ပွဲမှာ ၅ ဂိုးတည်းသာ သွင်းနိုင်ခဲ့ပါတယ်။ တကယ်လို့သာ လာမယ့်တနင်္ဂနွေနေ့ပွဲမှာလည်း သူ ဂိုးထပ်မရခဲ့ဘူးဆိုရင်တော့ မက်ဆီအနေနဲ့ ရီးရဲလ်ကို ဂိုးသွင်းနိုင်ဖို့က ခက်ခဲသွားပြီလားလို့ ထင်စရာဖြစ်လာပါလိမ့်မယ်။ ရော်နယ်ဒိုနဲ့ အပြိုင်အဆိုင်သူချဲကိုယ်ချဲခဲ့စဉ်က တဒိုင်ဒိုင်းနဲ့ သွင်းယူနိုင်ခဲ့မှုတွေ အဆုံးသတ်လာတာကလည်း ထူးခြားနေပြီး ပေါ်တူဂီသားကမက်ဆီအတွက် ကျိန်စာတွေ ထားခဲ့သလားလို့တောင် ထင်မှတ်နေရပါတယ်။

ထူးခြားစွာပဲ ရီးရဲလ်ကနေ ရော်နယ်ဒိုထွက်ခွာခဲ့ပြီး သူတို့နှစ်ဦးဟာ ဒီရာသိချန်ပိံယံလိဂ်အုပ်စုတွင်းမှာ ပြန်ဆုံခဲ့ကြပါတယ်။ ၂၀၁၈ နောက်ပိုင်း ပထမဆုံးအကြိမ်တွေ့ခဲ့ကြတာဖြစ်ပြီး နှစ်ဦးသားရင်ဆိညင်ပွဲတစ်ပွဲနွှဲခဲ့ကာ ရော်နယ်ဒိုက ဂိုးသွင်းနိုင်ခဲ့ပြီး မက်ဆီဂိုးပေါက်ပျောက်ခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုထွက်ခဲ့ပြီးနောက် သူ့အသင်းဟောင်းကိုဂိုးမသွင်းနိုင်တော့တဲ့ မက်ဆီရဲ့ အရေးနိမ့်မှုဖြစ်ပြီး အာဂျင်တိုင်းသားအတွက် စိတ်ပျက်ဖွယ်ဖြစ်နေခဲ့ရပါတယ်။အခုတော့ ဒါတွေအားလုံးကို ချေဖျက်ပြနိုင်မယ့် အခွင့်အရေးက မက်ဆီရဲ့လက်ထဲ၊ ခြေထဲရောက်လို့လာခဲ့ပါပြီ။ကျိန်စာပြယ်မှာလား၊ တည်တံ့နေမလားဆိုတာကတော့….။