အာဆင်နယ်ကစားသမားတွေရဲ့မျက်နှာကိုဖြတ်ရိုက်ပေးမယ့်သူလိုနေပြီဆိုတဲ့ မာတင်ကီအွန်

ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ ဆလာဗီးယားပရပ်ဂ်ကို တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့ပြီးနောက် အာဆင်နယ်ကစားသမားဟောင်း မာတင်ကီအွန်က အာဆင်နယ်ကစားသမားတွေရဲ့ မျက်နှာကို တယောက်ယောက်ကထိုးကြိတ်ဖို့ လိုအပ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ၈၆ မိနစ်မှာ ဦးဆောင်ဂိုးရခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ချေပဂိုးပြန်ပေးခဲ့ရလို့ ဒုတိယအကျော့ကို ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ ဆလားဗီးယားကတော့အဝေးဂိုးရရှိခဲ့လို့ အခွင့်သာခဲ့ပြီး အာဆင်နယ်ကို ကျော့်ဖတ်နိုင်မလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ပွဲချိန်အစောပိုင်းတွေမှာ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အာဆင်နယ်တို့ ဖြုန်းတီးခဲ့ပြီး ဆာကာကလည်း ခြေစွမ်းမပြနိုင်ခဲ့လို့  အာဆင်နယ်တိုက်စစ်အခက်တွေ့နေခဲ့ရပါတယ်။ ဝီလီယံကလည်း ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ ရရှိခဲ့တဲ့ အနိုင်ဂိုးကို ခဏလေးအတွင်းမှာ ပြန်လည်ခွင့်ပြုခဲ့ရတဲ့အပေါ် မာတင်ကီအွန်က ဒေါသထွက်နေခဲ့ပါတယ်။ နည်းပြအာတီတာကိုယ်တိုင်လည်း ဒီရလဒ်ကို စိတ်ပျက်နေခဲ့ပြီး ပွဲအပြီးမှာတော့ ခံစားရတဲ့အရသာက ဆိုးရွားတယ်လို့ညည်းတွားသွားခဲ့ပါတယ်။

ကီအွန်က ” အာဆင်နယ်က ကောင်းကောင်းစကစားနိုင်ဖို့ဆို နိုးထဖို့လိုအပ်နေပါပြီ၊ ဒီနေ့ည သူတို့ကစားသွားတာက ကျနော့်အတွက် အဲလိုပဲခံစားရပါတယ်၊ နည်းစနစ်ပိုင်းလည်း မှားယွင်းခဲ့ပါတယ်၊ ကစားသမားတွေကို မင်းတို့ကစားနိုင်ရဲ့လားလို့ မေးရမယ့် အခွင့်အခါကောင်းပါ၊ ဒါပေမယ့် သူတို့က အသင်းကို ခံစစ်ပနေ စကစားဖို့ကို ခွင့်ပြုခဲ့ကြပါတယ်၊ ဒီရာသီပထမပိုင်းက စိတ်လှုပ်ရှားစရာတွေဖြစ်ခဲ့ပြီး သူတို့က ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကဝက်စ်ဟမ်းနဲ့ တွေ့ခဲ့ရတဲ့ အသင်းမျိုးမဟုတ်ပြန်ဘူး”

“အာဆင်နယ်က တက်ကြွတဲ့ပုံမျိုးမှာ မရှိသလိုပါပဲ၊ ပွဲမတိုင်ခင်မှာ သူတို့နိုးကြားနေစေဖို့ တယောက်ယေက်က သူတို့မျက်နှာကိုဖြတ်ရိုက်တာ ဒါမှမဟုတ် ထိုးကြိတ်တာမျိုးလုပ်ဖို့ သူတို့လိုအပ်နေပါတယ်၊ ဒုတိယပိုင်းမှာ အာတီတာက အပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် မကျော်လွှားနိုင်ခဲ့ပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ကီအွန်က အာဆင်နယ်ကစားသမားတွေအနေနဲ့ ချေပဂိုးပေးရချိန်မှာ လုံလောက်တဲ့ တုံ့ပြန်မှုတွေလည်း မရှိခဲ့ဘူးလို့ ဒေါသတကြီးနဲ့ ပြောဆိုခဲ့ပါသေးတယ်။