ဆီမီးဆိုးလ်ရှားနာမည်ကို ဆက်ထိန်းနိုင်ဖို့ ဂရန်နာဒါကို အနိုင်ယူပြခဲ့တဲ့ ယူနိုက်တက်

ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲတွေကို မနေ့ကကစားခဲ့ရာမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ယူနိုက်တက်တို့ ဂရန်နာဒါကိုအဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ဆီမီးအတွက် အခြေအနေကောင်းခဲ့ပြီဖြစ်ပါတယ်။ ဒုကျော့ကို အိမ်ကွင်းမှာကစားရမှာဖြစ်လို့လည်း ပိုမိုအခွင့်အရေးကောင်းခဲ့ပြီး ဆိုးလ်ရှားအနေနဲ့ အသင်းကို ဆီမီးဖိုင်နယ်ဆီ ၂ရာသီဆက်တိုက် ပို့ဆောင်ပေးနိုင်ဖို့ သေချာသလောက်ရှိနေခဲ့ကာ ဆီမီးဆိုးလ်ရှားဆိုတဲ့ နာမည်ကို ထိန်းသိမ်းနိုင်တော့မှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီကလည်း ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ လူစုံထုတ်အသုံးပြုခဲ့ပြီး ဂရန်နာဒါကိုရင်ဆိုင်ခဲ့ပါတယ်။ အသင်းလိုက်ကစားပုံမာကျောတဲ့ ဂရန်နာဒါက ခံစစ်ကို ဦးစားပေးကစားခဲ့လို့ ယူနိုက်တက်တို့အခက်အခဲအနည်းငယ်ရှိခဲ့ပါတယ်။ ထိုးဖောက်ရမလွယ်ကူတာကြောင့် ဂိုးရဖို့အချိန်ယူခဲ့ရပြီး ရက်ရှ်ဖို့ဒ်က ၃၁မိနစ်မှာမှ အဖွင့်ဂိုးသွင်းယူန်ုင်ခဲ့ပါတယ်။ဂရန်နာဒါတို့ ချေပဂိုးချက်ချင်းပြန်ရဖ်ု့ နီးစပ်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ကာဗာနီဝင်လာပြီးနောက် ယူနိုက်တက်တို့ နောက်ဂိုးတွေရဖို့ကြိုးစားလာခဲ့ပါတယ်။ ဂရန်နာဒါကရှေ့အဆင့်တွေမှာ မထင်မှတ်တာတွေ လုပ်ပြနိုင်ခဲ့ပေမယ့် ယူနိုက်တက်ကို ကြီးကြီးမားမားဖိအားမပေးနိုင်ခဲ့ပါဘူး။မိနစ်ကိုးဆယ်ပြည့်လို့ နာကျင်အချိန်ပိုတစ်မိနစ်မှာတော့ ဖာနန်ဒက်စ်က သူ့ကြောင့်ရတဲ့ ပယ်နယ်တီကနေကိုယ်တိုင်ကန်သွင်းယူပြီး ယူနိုက်တက်ကို နောက်တဆင့်အတွက် စိတ်ချရစေခဲ့ကာ ၂-၀ နဲ့ အနိုင်ရစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဖလားပြိုင်ပွဲတွေကို ဆီမီူဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ ယူနိုက်တက်တို့ ဒီရာသီမှာလက်ကျန်ဖလားအဖြစ် ယူရိုပါလိဂ်ကို မျော်လင့်နေရတာဖြစ်ပါတယ်။ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး လပ်ကျန်အသင်းတွေမှာလည်း ထိတ်လန့်ရမယ့်ပြိုင်ဘက်နည်းပါးနေတာက အခွင့်ကောင်းဖြစ်နေပါတယ်။ အခြားပွဲတွေမှာတော့ အာဆင်နယ်နဲ့ဆလာဗီးယားတို့ တစ်ဂိုးစီသရေ၊ ရိုးမားက အေဂျက်ဇ်ကို အဝေးကွင်းမှာ ၁-၂ နဲ့ အနိုင်ရခဲ့ပြီး ဗီလာရီးရဲလ်က ဒိုင်နမိုကို အဝေးကွင်းမှာ ၀-၁ နဲ့ အနိုင်ရခဲ့ပါတယ်။