ကွင်းလယ်ဒိုင်ကြောင့် သေချာပေါက်ဂိုးဆုံးရှုံးပြီး နစ်နာခဲ့ရတဲ့ ဒေါ့မွန်ရဲ့ ကံကြမ္မာဆိုး

မန်စီးတီးကို အရေးနိမ့်ခဲ့ရတဲ့ပဃဲမှာ သေချာပေါက်ဂိုးရတော့မယ့်အနေအထားကို ပိုင်ဆိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပြသ်ဒဉ်ဘောသတ်မှတ်ပေးခဲ့တာကြောင့် ဒေါ့မွန်လူငယ်ကစားသမား ဘီလင်ဟမ်က ဒေါသထွက်နေပါတယ်။ မန်စီးတီးဂိုးသမား အီဒါဆန်နဲ့ ဘောလုံးယှဉ်လုပြီးနောက် ဘီလင်ဟမ်က ဘောလုံးကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါ ​၏ိုးသာရရှိခဲ့မယ်ဆိုရင် မန်စီးတီးအတွက်တော်တော်လေးအခက်တွေ့ခဲ့မှာဖြစ်ပြီး အိမ်ကွင်းမှာတောင် ရှုံးနိမ့်ခဲ့နိုင်တယ်လို့ ယူဆရပါတယ်။

အနှေးပြကွက်တွေအရ အီဒါဆန်ဟာ ဘောလုံးထိန်းသိမ်းရာမှာ မှန်းဆချက်လွဲချော်ခဲ့ပြီး ဘောလုံးက လေထဲနှာရှိနေခဲ့ပါတယ်။ ဘီလင်ဟမ်က ဝင်ရောက်လုယူခဲ့ရာမှာ ဘောလုံးကိုသာ အာရုံစိုက်လုယူခဲ့ပြီး အရယူနိုင်ခဲ့သလို အီဒါဆန်ကိုလည်း ထိခိုက်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ဘောလုံးဆုံးရှုံးခဲ့ရတဲ့ အီဒါဆန်စာ ကမူးရှူးထိုးနဲ့ ဘောလုံးရအောင် လိုက်ယူရာကနေ သူ့ရဲ့ခြေထောက်ဟာ ဘီလင်ဟမ်ကို ကန်မိခဲ့ပြီး သူသာလဲကျခဲ့ရပြီး ကွင်းလယ်ဒိုင်ကမှားယွင်းဆုံးဖြတ်ကာ ပြစ်ဒဏ်သတ်မှတ်ခဲ့လို့ ဂိုးသွင်းနိုင်တော့မယ့် ဒေါမွန်အတွက် နစ်နာခဲ့ရပါတယ်။

“ကျနော်ဘောလုံးကို မျှမျှတတနဲ့ လုယူနိုင်ခဲ့တယ်လို့ဘထင်ပါတယ်၊ နည်းနည်းတော့ ဒေါသအမျပ်ထွက်စရာဖြစ်ခဲ့ရချိန်ပါ၊ ကင်မရာတွေအများကြီးနဲ့ စောင့်ကြည့်နေတာဖြစ်ပြီး ကျနော်ဂိုးသွင်းတာတောင် မစောင့်တော့ဘူး၊ သွင်းပြီးမှ သူတို့က ဆန်းစစ်ရမှာပါ၊ ဒါကဘောလုံး၊ ဒါကဘဝပါပဲ၊ သူတို့ ဒါကိုပြန်ပြီး စစ်ဆေးသင့်ပါတယ်၊ ဂိုးသမားကိုကျနော်က ထိတာလား၊ သူကပဲ လာကန်ပြီး လဲကျသွားလားဆိုတာ ကြည့်ကြည့်ပါ” လို့ ဘီလင်ဟမ်က ပွဲအပြီးမှာBT SPORT ကတဆင့် ပြောဆိုခဲ့ပြီး နစ်နာမှုအတွက် မကျေမနပ်ဖြစ်နေခဲ့ပါတယ်။

VAR နဲ့ပြန်လည်ကြည့်ရှူပြီး မဆုံးဖြတ်ခဲ့သလို ဘီလင်ဟမ်ဂိုးသွင်းချိန်ထိမစောင့်ဘဲ ကွင်းလယ်ဒိုင်က ဝီစီမှုတ်ခဲ့တာကြောင့် အံ့အားသင့်ဖွယ်ရာ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။ ဒီအကေါ်မှာ ဝေဖန်မှုတွေလည်း ရှိခဲ့ပြီး အနှေးပြကွက်တွေအရ ဘီလင်ဟမ် နဲ့ အီဒါဆန်တို့ဟာ တဦးနဲ့တဦး ထိခိုက်ဖို့ မရည်ရွယ်ခဲ့တာထင်ရှားနေခဲ့ပါတယ်။ အဆိုပါပွဲကတော့ ၂-၁ နဲ့ မန်စီးတီးအနိုင်ရရှိခဲ့ပြီး နောက်တကျော့အတွက် ဘာမှသေချာပေါက်မပြောနိုင်သေးတဲ့အနေအထားပါ။