၁၈ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ဖွယ်ရှိလာတဲ့ ရော်နယ်ဒို

မနေ့ညက ကစားခဲ့တဲ့ တူရင်ဒါဘီမှာတော့ ဂျူဗင်တပ်စ်ဟာ တိုရီနိုကို သရေကျအောင် မနည်းလိုက်ကစားခဲ့ရပြီး ရော်နယ်ဒိုရဲ့ သွင်းဂိုးကြောင့် အဝေးကွင်းမှာ သရေတစ်မှတ်ရရှိခဲ့ပါတယ်။ ရလဒ်တွေဆက်တိုက်ကျဆင်းနေတဲ့ ဂျူဗီဟာ ဒီပွဲရလဒ်ကြောင့် အမှတ်ပေးဇယားမှာ အဆင့်ကျဆင်းသွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့တောင်မှ မသေချာတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။

ဂျူဗီအတွက် ချီယေဆာက အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် တိုရီနိုက အိမ်ကွင်းမှာ ဒါဘီပြိုင်ဘက်ကို ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့ပါတ်ယ။ အန်တိုနီယိုဆာနာဘရီယာတစ်ဦးတည်းက နှစ်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ပွဲကစားချိန်မိနစ် ၈၀ အထိ ဂျူဗီတို့ အရေးနိမ့်ခဲ့နေပါတယ်။ ရော်နယ်ဒိုက ချေပဂိုးသွင်းယူပေးခဲ့လို့သာ တစ်မှတ်ရရှိခဲ့ပြီး ကံကောင်းခဲ့ပေမယ့် အမှတ်ပေးဇယားမှာတော့ ဦးဆောင်သူအင်တာနဲ့ ၁၂ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

လက်ရှိမှာ အေစီက ရမှတ် ၆၀၊ အတ္တလန္တာက ၅၈ မှတ်နဲ့ ဒုတိယ၊ တတိယနေရာတွေမှာ ရပ်တည်နေပြီး ဂျူဗီနဲ့ နာပိုလီတို့ ၅၆ မှတ်စီနဲ့ အပြိုင်ဖြစ်နေပါတယ်။ စီးရီးအေဆုဖလားကို ၉ ရာသီဆက်တိုက်ရယူနိုင်ခဲ့တဲ့ ဂျူဗီတို့ ပီယာလိုလက်ထက်မှာတော့ တော်တော်လေးကျဆင်းသွားခဲ့ပြီး ရော်နယ်ဒိုက အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေပေမယ့်လည်း ရလဒ်ပိုင်းကတော့ နိမ့်ပါးလာခဲ့တာဖြစ်ပါတယ်။

တကယ်လို့သာ ရာသီကုန်မှာ ဂျူဗီတို့ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင်တော့ ရော်နယ်ဒိုအတွက် ၁၈ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ခွင့်နဲ့ လွဲချော်ရတော့မှာဖြစ်ပါတယ်။ လာမယ့်ပွဲစဉ်အဖြစ် ဂျူဗီဟာ နာပိုလီနဲ့ ကစားရမှာဖြစ်ပြီး အဆင့်လေးနေရာအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရမှာဖြစ်ကာ မဖြစ်မနေနိုင်ပွဲရရှိဖို့ လိုအပ်နေသလို အရေးနိမ့်ခဲ့မယ်ဆိုရင်တော့ သူတို့ဟာ အဆင့်ငါးနေရာအထိကို ရောက်ရှိသွားတော့မှာလည်းဖြစ်ပါတယ်။

Zawgyi

မေန႔ညက ကစားခဲ့တဲ့ တူရင္ဒါဘီမွာေတာ့ ဂ်ဴဗင္တပ္စ္ဟာ တိုရီနိုကို သေရက်ေအာင္ မနည္းလိုက္ကစားခဲ့ရၿပီး ေရာ္နယ္ဒိုရဲ့ သြင္းဂိုးေၾကာင့္ အေဝးကြင္းမွာ သေရတစ္မွတ္ရရွိခဲ့ပါတယ္။ ရလဒ္ေတြဆက္တိုက္က်ဆင္းေနတဲ့ ဂ်ဴဗီဟာ ဒီပြဲရလဒ္ေၾကာင့္ အမွတ္ေပးဇယားမွာ အဆင့္က်ဆင္းသြားခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔ေတာင္မွ မေသခ်ာတဲ့ အေနအထားနဲ႔ ရင္ဆိုင္ေနရၿပီလည္း ျဖစ္ပါတယ္။

ဂ်ဴဗီအတြက္ ခ်ီေယဆာက အဖြင့္ဂိုးကို သြင္းယူေပးခဲ့ေပမယ့္ တိုရီနိုက အိမ္ကြင္းမွာ ဒါဘီၿပိဳင္ဘက္ကို ေခ်ပဂိုးနဲ႔ အနိုင္ဂိုးေတြ သြင္းယူခဲ့ပါတ္ယ။ အန္တိုနီယိုဆာနာဘရီယာတစ္ဦးတည္းက ႏွစ္ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္မိနစ္ ၈၀ အထိ ဂ်ဴဗီတို႔ အေရးနိမ့္ခဲ့ေနပါတယ္။ ေရာ္နယ္ဒိုက ေခ်ပဂိုးသြင္းယူေပးခဲ့လို႔သာ တစ္မွတ္ရရွိခဲ့ၿပီး ကံေကာင္းခဲ့ေပမယ့္ အမွတ္ေပးဇယားမွာေတာ့ ဦးေဆာင္သူအင္တာနဲ႔ ၁၂ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ပါတယ္။

လက္ရွိမွာ ေအစီက ရမွတ္ ၆၀၊ အတၱလႏၲာက ၅၈ မွတ္နဲ႔ ဒုတိယ၊ တတိယေနရာေတြမွာ ရပ္တည္ေနၿပီး ဂ်ဴဗီနဲ႔ နာပိုလီတို႔ ၅၆ မွတ္စီနဲ႔ အၿပိဳင္ျဖစ္ေနပါတယ္။ စီးရီးေအဆုဖလားကို ၉ ရာသီဆက္တိုက္ရယူနိုင္ခဲ့တဲ့ ဂ်ဴဗီတို႔ ပီယာလိုလက္ထက္မွာေတာ့ ေတာ္ေတာ္ေလးက်ဆင္းသြားခဲ့ၿပီး ေရာ္နယ္ဒိုက အသင္းရဲ့ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္ေနေပမယ့္လည္း ရလဒ္ပိုင္းကေတာ့ နိမ့္ပါးလာခဲ့တာျဖစ္ပါတယ္။

တကယ္လို႔သာ ရာသီကုန္မွာ ဂ်ဴဗီတို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့ဘူးဆိုရင္ေတာ့ ေရာ္နယ္ဒိုအတြက္ ၁၈ ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္ေရာက္ခြင့္နဲ႔ လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။ လာမယ့္ပြဲစဥ္အျဖစ္ ဂ်ဴဗီဟာ နာပိုလီနဲ႔ ကစားရမွာျဖစ္ၿပီး အဆင့္ေလးေနရာအတြက္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရမွာျဖစ္ကာ မျဖစ္မေနနိုင္ပြဲရရွိဖို႔ လိုအပ္ေနသလို အေရးနိမ့္ခဲ့မယ္ဆိုရင္ေတာ့ သူတို႔ဟာ အဆင့္ငါးေနရာအထိကို ေရာက္ရွိသြားေတာ့မွာလည္းျဖစ္ပါတယ္။