ပေါင်ငါးသောင်းခွဲအထိရရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုရဲ့ အသင်းခေါင်းဆောင်လက်ပတ်

ဆာဘီးယားကလေးငယ်တစ်ဦးကို ဆေးကုသဖို့အတွက် လေလံတင်ထားတဲ့ ရော်နယ်ဒိုရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို အမည်မဖော်လိုသူတစ်ဦးက ပေါင်ငါးသောင်းခွဲနဲ့ ကမ်းလှမ်းထားကြောင်း ဆာဘီးယားနိုင်ငံပိုင်ရုပ်မြင်သံကြားက မနေ့က ထုတ်လွှင့်သွားခဲ့ပါတယ်။ ဆာဘီးယားနဲ့ ပေါ်တူဂီတို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ရော်နယ်ဒိုက သူ့ရဲ့သွင်းဂိုးကို ခွင့်ပြုမခံခဲ့တဲ့နောက် ဒေါသထွက်ကာ လွှင့်ပစ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီအသင်းခေါင်းဆောင်လက်ပတ်ကိုတော့ မီးသတ်ဝန်ထမ်းတစ်ဦးက ရရှိခဲ့ပြီး လူမှုရေးအဖွဲ့အစည်းတစ်ခုကို ပြန်လည်လွှဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီနောက်မှာ ခြောက်နှစ်အရွယ်ကလေးငယ်ရဲ့ ကြွက်သားရောဂါကို ခွဲစိတ်ကုသဖို့ လိုအပ်နေတဲ့ ငွေကြေးရရှိအောင် အွန်လိုင်းကတဆင့် လေလံတင်ခဲ့ပြီးနောက် လက်ပတ်ရဲ့တန်ဖိုးက တော်တော်လေးမြင့်မားလာခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုးဖြစ်ပွားခဲ့ပြီးနောက်မှာတော့ ရော်နယ်ဒိုရဲ့ အသင်းခေါင်းဆောင်လက်ပတ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုတွေက မြင့်တက်လာခဲ့ပါတယ်။ ကလေးငယ်အတွက် ခွဲစိတ်ကုသမှုပြုလုပ်ရမှာဖြစ်ပြီး ယူရိုသန်းနဲ့ချီပြီး ကုန်ကျမှာဖြစ်တာကြောင့် မိဘတွေဟာ အွန်လိုင်းကတဆင့် အလှူခံမှုတွေလည်း ပြုလုပ်ခဲ့ရပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကအထိ ယူရိုငါးသိန်းကျော်ရရှိထားပြီးဖြစ်ကာ ရော်နယ်ဒိုရဲ့ လက်ပတ်ကနေလည်း အများအပြားရရှိဖို့ မျှော်လင့်နေကြပါတယ်။

တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲရဲ့ နောက်ဆုံးမိနစ်မှာ ရော်နယ်ဒိုက ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဘောလုံးဟာဂိုးစည်းကျော်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဂိုးမပေးခဲ့ဘဲ ပွဲကိုဆက်လက်ကစားစေခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပွဲအပြီးမှာ ရော်နယ်ဒိုဟာ ဒေါသပေါက်ကွဲခဲ့ပြီး လက်ပတ်ကိုချွတ်ကာ မြက်ခင်းပြင်အတွင်းမှာပဲ လွှင့်ပစ်ခဲ့တာဖြစ်ပြီး အဆိုပါပွဲအတွက်တာဝန်ကျခဲ့တဲ့ မီးသတ်ဝန်ထမ်းတစ်ဦးက ကောက်ယူခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

ဆာဘီးယားကေလးငယ္တစ္ဦးကို ေဆးကုသဖို႔အတြက္ ေလလံတင္ထားတဲ့ ေရာ္နယ္ဒိုရဲ့ အသင္းေခါင္းေဆာင္လက္ပတ္ကို အမည္မေဖာ္လိုသူတစ္ဦးက ေပါင္ငါးေသာင္းခြဲနဲ႔ ကမ္းလွမ္းထားေၾကာင္း ဆာဘီးယားနိုင္ငံပိုင္႐ုပ္ျမင္သံၾကားက မေန႔က ထုတ္လႊင့္သြားခဲ့ပါတယ္။ ဆာဘီးယားနဲ႔ ေပၚတူဂီတို႔ ကစားခဲ့တဲ့ ကမၻာ့ဖလားေျခစစ္ပြဲစဥ္မွာ ေရာ္နယ္ဒိုက သူ႔ရဲ့သြင္းဂိုးကို ခြင့္ျပဳမခံခဲ့တဲ့ေနာက္ ေဒါသထြက္ကာ လႊင့္ပစ္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီအသင္းေခါင္းေဆာင္လက္ပတ္ကိုေတာ့ မီးသတ္ဝန္ထမ္းတစ္ဦးက ရရွိခဲ့ၿပီး လူမႈေရးအဖြဲ႕အစည္းတစ္ခုကို ျပန္လည္လႊဲေျပာင္းေပးခဲ့တာလည္းျဖစ္ပါတယ္။ ဒီေနာက္မွာ ေျခာက္ႏွစ္အရြယ္ကေလးငယ္ရဲ့ ႂကြက္သားေရာဂါကို ခြဲစိတ္ကုသဖို႔ လိုအပ္ေနတဲ့ ေငြေၾကးရရွိေအာင္ အြန္လိုင္းကတဆင့္ ေလလံတင္ခဲ့ၿပီးေနာက္ လက္ပတ္ရဲ့တန္ဖိုးက ေတာ္ေတာ္ေလးျမင့္မားလာခဲ့တာျဖစ္ပါတယ္။

ဒီလိုမ်ိဳးျဖစ္ပြားခဲ့ၿပီးေနာက္မွာေတာ့ ေရာ္နယ္ဒိုရဲ့ အသင္းေခါင္းေဆာင္လက္ပတ္နဲ႔ပတ္သက္ၿပီး စိတ္ဝင္စားမႈေတြက ျမင့္တက္လာခဲ့ပါတယ္။ ကေလးငယ္အတြက္ ခြဲစိတ္ကုသမႈျပဳလုပ္ရမွာျဖစ္ၿပီး ယူရိုသန္းနဲ႔ခ်ီၿပီး ကုန္က်မွာျဖစ္တာေၾကာင့္ မိဘေတြဟာ အြန္လိုင္းကတဆင့္ အလႉခံမႈေတြလည္း ျပဳလုပ္ခဲ့ရၿပီး ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကအထိ ယူရိုငါးသိန္းေက်ာ္ရရွိထားၿပီးျဖစ္ကာ ေရာ္နယ္ဒိုရဲ့ လက္ပတ္ကေနလည္း အမ်ားအျပားရရွိဖို႔ ေမၽွာ္လင့္ေနၾကပါတယ္။

တစ္ဖက္ႏွစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲရဲ့ ေနာက္ဆုံးမိနစ္မွာ ေရာ္နယ္ဒိုက ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး ေဘာလုံးဟာဂိုးစည္းေက်ာ္ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္ကေတာ့ ဂိုးမေပးခဲ့ဘဲ ပြဲကိုဆက္လက္ကစားေစခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ ပြဲအၿပီးမွာ ေရာ္နယ္ဒိုဟာ ေဒါသေပါက္ကြဲခဲ့ၿပီး လက္ပတ္ကိုခၽြတ္ကာ ျမက္ခင္းျပင္အတြင္းမွာပဲ လႊင့္ပစ္ခဲ့တာျဖစ္ၿပီး အဆိုပါပြဲအတြက္တာဝန္က်ခဲ့တဲ့ မီးသတ္ဝန္ထမ္းတစ္ဦးက ေကာက္ယူခဲ့တာလည္းျဖစ္ပါတယ္။