ရှာကာ ရောင်းခဲ့တဲ့ဂိုးကြောင့် ဘန်လေ နဲ့ သရေကျခဲ့တဲ့ အာဆင်နယ်

စနေနေ့ရဲ့ပရီးမီးယားလိဂ် အစောဆုံး ပွဲစဉ်တစ်ပွဲအဖြစ် ဘန်လေ အသင်းနဲ့ အာဆင်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ဒီပွဲမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေ အသင်းဟာ သရေရလဒ်ရခဲ့ပြီး အာ‌ဆင်နယ် အသင်းက နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ပွဲအစ (၆)မိနစ်မှာပဲ အာဆင်နယ် အသင်း ဦးဆောင်ဂိုးရခဲ့ပြီး အူဘာမီယန်းက သွင်းယူသွားခဲ့တာဖြစ်ပါတယ်။အာဆင်နယ် အသင်း ဟာ ဦးဆောင်ဂိုးရရှိအပြီးမှာ အူဘာမီယန်း နဲ့ ဆာကာ တို့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ပွဲချိန် (၃၉)မိနစ်မှာတော့ ဘန်လေ အသင်း အတွက် ချေပဂိုးကို ခရစ်ဝုဒ် က သွင်းယူသွားခဲ့ပါတယ်။

ဒီဂိုးဟာ အာဆင်နယ် အသင်း ကစားသမား ရှာကာ ရဲ့လူပေးမှုမှားတာကနေ ခရစ်ဝုဒ် နဲ့ ထိပြီး ဂိုးအဖြစ်ပြောင်းသွားခဲ့တာဖြစ်ပါတယ်။ပထမပိုင်း ကတော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ (၂)သင်းလုံးဟာ ဦးဆောင်ဂိုးတွေရယူဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန်မိနစ် (၇၀)အထိ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။အာဆင်နယ် အသင်း ဟာ ပွဲပြီးခါနီးမှာ ပင်နယ်တီရဖို့ အခွင့်အရေး ရခဲ့ပေမယ့် ဘန်လေ နောက်ခံလူရဲ့ဖျက်ထုတ်မှုဟာ လက်နဲ့ ထိခဲ့တာမဟုတ်လို့ အာဆင်နယ် အသင်းနစ်နာခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ နာကျင်အချိန်ပိုမှာလည်း ဂိုးရဖို့ ကန်သွင်းခဲ့ပေမယ့် ဘန်လေ ကစားသမားတွေဟာ ဂိုးစည်းကနေ ဖျက်ထုတ်ခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

Zawgyi

စေနေန႔ရဲ့ပရီးမီးယားလိဂ္ အေစာဆုံး ပြဲစဥ္တစ္ပြဲအျဖစ္ ဘန္ေလ အသင္းနဲ႔ အာဆင္နယ္ အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကပါတယ္။ဒီပြဲမွာေတာ့ တစ္ဖက္တစ္ဂိုးစီ သေရရလဒ္နဲ႔ ၿပီးဆုံးခဲ့ပါတယ္။

ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဘန္ေလ အသင္းဟာ သေရရလဒ္ရခဲ့ၿပီး အာ‌ဆင္နယ္ အသင္းက နိုင္ပြဲရခဲ့တာျဖစ္ပါတယ္။ပြဲအစ (၆)မိနစ္မွာပဲ အာဆင္နယ္ အသင္း ဦးေဆာင္ဂိုးရခဲ့ၿပီး အူဘာမီယန္းက သြင္းယူသြားခဲ့တာျဖစ္ပါတယ္။အာဆင္နယ္ အသင္း ဟာ ဦးေဆာင္ဂိုးရရွိအၿပီးမွာ အူဘာမီယန္း နဲ႔ ဆာကာ တို႔ ဂိုးရနိုင္တဲ့ အခြင့္အေရးေတြ ရခဲ့ေပမယ့္ ဂိုးမသြင္းနိုင္ခဲ့တာျဖစ္ပါတယ္။ပြဲခ်ိန္ (၃၉)မိနစ္မွာေတာ့ ဘန္ေလ အသင္း အတြက္ ေခ်ပဂိုးကို ခရစ္ဝုဒ္ က သြင္းယူသြားခဲ့ပါတယ္။

ဒီဂိုးဟာ အာဆင္နယ္ အသင္း ကစားသမား ရွာကာ ရဲ့လူေပးမႈမွားတာကေန ခရစ္ဝုဒ္ နဲ႔ ထိၿပီး ဂိုးအျဖစ္ေျပာင္းသြားခဲ့တာျဖစ္ပါတယ္။ပထမပိုင္း ကေတာ့ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။ဒုတိယပိုင္းမွာေတာ့ (၂)သင္းလုံးဟာ ဦးေဆာင္ဂိုးေတြရယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပြဲခ်ိန္မိနစ္ (၇၀)အထိ ဂိုးသြင္းယူနိုင္ခဲ့ျခင္းမရွိပါဘူး။အာဆင္နယ္ အသင္း ဟာ ပြဲၿပီးခါနီးမွာ ပင္နယ္တီရဖို႔ အခြင့္အေရး ရခဲ့ေပမယ့္ ဘန္ေလ ေနာက္ခံလူရဲ့ဖ်က္ထုတ္မႈဟာ လက္နဲ႔ ထိခဲ့တာမဟုတ္လို႔ အာဆင္နယ္ အသင္းနစ္နာခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ နာက်င္အခ်ိန္ပိုမွာလည္း ဂိုးရဖို႔ ကန္သြင္းခဲ့ေပမယ့္ ဘန္ေလ ကစားသမားေတြဟာ ဂိုးစည္းကေန ဖ်က္ထုတ္ခဲ့တာေၾကာင့္ တစ္ဖက္တစ္ဂိုးစီ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။