အလွတ်ရတဲ့ကစားသမားဆို လာထားဆိုတဲ့ ဂျုဗီ က အဂွေရို ကို ပစ်မှတ်ထားလာ

ဂျုဗင်တပ်စ် အသင်းဟာ မန်စီးတီး အသင်းတိုက်စစ်မှုး အဂွေရို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။အသက်(၃၂)နှစ်အရွယ်ရှိ အဂွေရိုနဲ့ မန်စီးတီး အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်‌ဆုံးတော့မှာ ဖြစ်ပြီးကစားသမားကလည်း မန်စီးတီး အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

အဂွေရို ကို ခေါ်ယူဖို့ ဘာစီလိုနာ အသင်းကလည်း ပြင်းပြင်းထန်ထန်ချိတ်ဆက်မှုတွေ ရှိနေတာဖြစ်ပါတယ်။ဒါပေမယ့် Sport Mediaset ရဲ့ဖော်ပြချက်အရ ဂျုဗင်တပ်စ် အသင်းကပါ အာဂျင်တီးနား ကစားသမားကို ခေါ်ယူချင်နေတယ်လို့ ဆိုထားတာဖြစ်ပါတယ်။အဂွေရို ဟာ ဒီရာသီမှာ ဒဏ်ရာပြသနာတွေ အများအပြားနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး မန်စီးတီး အသင်းအတွက် ပွဲထွက်ခွင့်ဆုံးရှုံးနေတာဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်းကတော့ အသင်းရဲ့အဆုံးသတ်ပိုင်း ပိုမိုကောင်းမွန်ဖို့ အတွက် အဂွေရို ကို ရော်နယ်ဒို နဲ့ တွဲဖက်ကစားဖို့ စီစဉ်နေတာဖြစ်ပါတယ်။မန်စီးတီးရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ အဂွေရို ဟာ ဒီရာသီ မန်ချက်စတာကလပ်အတွက် ပရီးမီးယားလိဂ် (၆)ပွဲအပါအဝင် ပြိုင်ပွဲစုံ (၁၁)ပွဲသာ ပါဝင်ကစားခွင့်ရထားတာပါ။အဂွေရို ဟာ မန်စီးတီး အသင်းအတွက် (၃၈၁)ပွဲပါဝင်ကစားကာ (၂၅၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်းမှာ ရော်နယ်ဒို အပြင် တိုက်စစ်ပိုင်းမှာ မိုရာတာ နဲ့ ဒိုင်ဘားလား တို့ ရှိနေပေမယ့် စီးရီးအေ လက်ရှိချန်ပီယံက အတွေ့အကြုံကြွယ်ဝတဲ့ အဂွေရို ကို ခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။

Zawgyi

ဂ်ဳဗင္တပ္စ္ အသင္းဟာ မန္စီးတီး အသင္းတိုက္စစ္မႈး အေဂြရို ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။အသက္(၃၂)ႏွစ္အရြယ္ရွိ အေဂြရိုနဲ႔ မန္စီးတီး အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ အခုရာသီအကုန္မွာ ကုန္‌ဆုံးေတာ့မွာ ျဖစ္ၿပီးကစားသမားကလည္း မန္စီးတီး အသင္းကေန အလြတ္နဲ႔ ထြက္ခြာဖြယ္ရွိေနတာျဖစ္ပါတယ္။

အေဂြရို ကို ေခၚယူဖို႔ ဘာစီလိုနာ အသင္းကလည္း ျပင္းျပင္းထန္ထန္ခ်ိတ္ဆက္မႈေတြ ရွိေနတာျဖစ္ပါတယ္။ဒါေပမယ့္ Sport Mediaset ရဲ့ေဖာ္ျပခ်က္အရ ဂ်ဳဗင္တပ္စ္ အသင္းကပါ အာဂ်င္တီးနား ကစားသမားကို ေခၚယူခ်င္ေနတယ္လို႔ ဆိုထားတာျဖစ္ပါတယ္။အေဂြရို ဟာ ဒီရာသီမွာ ဒဏ္ရာျပသနာေတြ အမ်ားအျပားနဲ႔ ရင္ဆိုင္ေနရတာျဖစ္ၿပီး မန္စီးတီး အသင္းအတြက္ ပြဲထြက္ခြင့္ဆုံးရႈံးေနတာျဖစ္ပါတယ္။

ဂ်ဳဗင္တပ္စ္ အသင္းကေတာ့ အသင္းရဲ့အဆုံးသတ္ပိုင္း ပိုမိုေကာင္းမြန္ဖို႔ အတြက္ အေဂြရို ကို ေရာ္နယ္ဒို နဲ႔ တြဲဖက္ကစားဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။မန္စီးတီးရဲ့ သမိုင္းတစ္ေလၽွာက္ ဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္တဲ့ အေဂြရို ဟာ ဒီရာသီ မန္ခ်က္စတာကလပ္အတြက္ ပရီးမီးယားလိဂ္ (၆)ပြဲအပါအဝင္ ၿပိဳင္ပြဲစုံ (၁၁)ပြဲသာ ပါဝင္ကစားခြင့္ရထားတာပါ။အေဂြရို ဟာ မန္စီးတီး အသင္းအတြက္ (၃၈၁)ပြဲပါဝင္ကစားကာ (၂၅၆)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

ဂ်ဳဗင္တပ္စ္ အသင္းမွာ ေရာ္နယ္ဒို အျပင္ တိုက္စစ္ပိုင္းမွာ မိုရာတာ နဲ႔ ဒိုင္ဘားလား တို႔ ရွိေနေပမယ့္ စီးရီးေအ လက္ရွိခ်န္ပီယံက အေတြ႕အၾကဳံႂကြယ္ဝတဲ့ အေဂြရို ကို ေခၚယူခ်င္ေနတာလည္းျဖစ္ပါတယ္။