အဓိက ကစားသမားတွေ ဆက်ရှိဖို့က ချန်ပီယံလိဂ် မဝင်တာနဲ့ မဆိုင်ဘူးဆိုတဲ့ ကလောပ့်

လီဗာပူးလ် အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်မဝင်ခဲ့ရင်တောင် အဓိက ကစားသမားတွေဟာ အသင်းက ထွက်ခွာဖို့ တောင်းဆိုမှာ မဟုတ်ဘူးလို့ နည်းပြ ကလောပ့် က ပြောလိုက်ပါတယ်။လီဗာပူးလ် အသင်းဟာ ချယ်လ်ဆီး အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့်(၇)နေရာကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။လီဗာပူးလ် အသင်းရဲ့အောက်မှာရှိနေတဲ့ စပါးနဲ့ ဗီလာ တို့သာ လက်ကျန်ပွဲတွေမှာ အနိုင်ရခဲ့ရင် လီဗာပူးလ် အသင်းဟာ အဆင့်(၉)နေရာကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

ကလောပ့် ဟာ မကြာသေးခင်က ချန်ပီယံလိဂ်ဝင်ခွင့်မရဘူးဆိုရင် ကစားသမားသစ်တွေကို ခေါ်ယူဖို့ ဆွဲဆောင်ရတာ ခက်ခဲတယ်လို့ ထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။ကလောပ့် က “ဒီကလပ် ဟာ ချန်ပီယံလိဂ်ရဲ့အပြင်ဘက်ကို ရောက်နေတာ ပုံမှန်တော့မဟုတ်ပါဘူး။ဒီနှစ်က အရမ်းခက်ခဲပါတယ်။ဒါကို ကျွန်တော်တို့ သိပါတယ်။ဒါပေမယ့် အသင်းရဲ့အလားအလာနဲ့ စွမ်းအားကတော့ လုံးဝကွဲပြားခြားနားပါတယ်။ဒီရာသီမှာ အရှိန်အဟိန်ရှိဖို့လိုအပ်ပြီး ဒါကို အမှန်တကယ်မရခဲ့ပါဘူး”

“ဒါပေမယ့် အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှမပြောပါဘူး။ကလပ်ဟာ ကောင်းမွန်တဲ့ အနေ အထားမှာရှိပါတယ်။အတိတ်မှာဖြစ်ခဲ့တဲ့ အရာတွေကိုနားလည်ပေမယ့် ကျွန်တော်ပြောနိုင်တာက ဘယ်သူကမှ အသင်းရဲ့အနာဂတ်ကို စိတ်ပူစရာမလိုပါဘူး။ဘာဖြစ်လို့လဲဆိုရင် ကောင်းတဲ့ လက်ထဲမှာရှိနေပြီး ကျွန်တော်တို့ အတူတကွ တကယ်ကို ကောင်းမွန်တဲ့ အသင်းရှိပါတယ်။ဒါဟာ အနာဂတ်အတွက် အလွန်ကောင်းမွန်တဲ့ အခြေခံဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ချန်ပီယံလိဂ်မဝင်ရင် အဓိက ကစားသမားတွေ ထွက်ခွာသွားမှာနဲ့ ပတ်သက်ပြီးတော့ ကလောပ့် က “ကျွန်တော်တို့ ဒါကို စိုးရိမ်စရာမလိုပါဘူး။အမြဲတမ်းပါပဲ။ကစားသမားတွေရဲ့သစ္စာရှိမှုကို သိပါတယ်။ကစားသမားတစ်ယောက်က ချန်ပီယံလိဂ်မဝင်လို့ မကစားချင်ဘူးဆိုရင် သူတို့ကို ကျွန်တော်မလိုချင်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

Zawgyi

လီဗာပူးလ္ အသင္းဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္မဝင္ခဲ့ရင္ေတာင္ အဓိက ကစားသမားေတြဟာ အသင္းက ထြက္ခြာဖို႔ ေတာင္းဆိုမွာ မဟုတ္ဘူးလို႔ နည္းၿပ ကေလာပ့္ က ေျပာလိုက္ပါတယ္။လီဗာပူးလ္ အသင္းဟာ ခ်ယ္လ္ဆီး အသင္းကို အေရးနိမ့္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယား အဆင့္(၇)ေနရာကိုေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။လီဗာပူးလ္ အသင္းရဲ့ေအာက္မွာရွိေနတဲ့ စပါးနဲ႔ ဗီလာ တို႔သာ လက္က်န္ပြဲေတြမွာ အနိုင္ရခဲ့ရင္ လီဗာပူးလ္ အသင္းဟာ အဆင့္(၉)ေနရာကို ေရာက္ရွိသြားမွာျဖစ္ပါတယ္။

ကေလာပ့္ ဟာ မၾကာေသးခင္က ခ်န္ပီယံလိဂ္ဝင္ခြင့္မရဘူးဆိုရင္ ကစားသမားသစ္ေတြကို ေခၚယူဖို႔ ဆြဲေဆာင္ရတာ ခက္ခဲတယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားတာျဖစ္ပါတယ္။ကေလာပ့္ က “ဒီကလပ္ ဟာ ခ်န္ပီယံလိဂ္ရဲ့အျပင္ဘက္ကို ေရာက္ေနတာ ပုံမွန္ေတာ့မဟုတ္ပါဘူး။ဒီႏွစ္က အရမ္းခက္ခဲပါတယ္။ဒါကို ကၽြန္ေတာ္တို႔ သိပါတယ္။ဒါေပမယ့္ အသင္းရဲ့အလားအလာနဲ႔ စြမ္းအားကေတာ့ လုံးဝကြဲျပားျခားနားပါတယ္။ဒီရာသီမွာ အရွိန္အဟိန္ရွိဖို႔လိုအပ္ၿပီး ဒါကို အမွန္တကယ္မရခဲ့ပါဘူး”

“ဒါေပမယ့္ အနာဂတ္နဲ႔ ပတ္သက္ၿပီး ဘာမွမေျပာပါဘူး။ကလပ္ဟာ ေကာင္းမြန္တဲ့ အေန အထားမွာရွိပါတယ္။အတိတ္မွာျဖစ္ခဲ့တဲ့ အရာေတြကိုနားလည္ေပမယ့္ ကၽြန္ေတာ္ေျပာနိုင္တာက ဘယ္သူကမွ အသင္းရဲ့အနာဂတ္ကို စိတ္ပူစရာမလိုပါဘူး။ဘာျဖစ္လို႔လဲဆိုရင္ ေကာင္းတဲ့ လက္ထဲမွာရွိေနၿပီး ကၽြန္ေတာ္တို႔ အတူတကြ တကယ္ကို ေကာင္းမြန္တဲ့ အသင္းရွိပါတယ္။ဒါဟာ အနာဂတ္အတြက္ အလြန္ေကာင္းမြန္တဲ့ အေျခခံျဖစ္ပါတယ္”လို႔ ဆိုပါတယ္။

ခ်န္ပီယံလိဂ္မဝင္ရင္ အဓိက ကစားသမားေတြ ထြက္ခြာသြားမွာနဲ႔ ပတ္သက္ၿပီးေတာ့ ကေလာပ့္ က “ကၽြန္ေတာ္တို႔ ဒါကို စိုးရိမ္စရာမလိုပါဘူး။အျမဲတမ္းပါပဲ။ကစားသမားေတြရဲ့သစၥာရွိမႈကို သိပါတယ္။ကစားသမားတစ္ေယာက္က ခ်န္ပီယံလိဂ္မဝင္လို႔ မကစားခ်င္ဘူးဆိုရင္ သူတို႔ကို ကၽြန္ေတာ္မလိုခ်င္ပါဘူး”လို႔ ဆိုခဲ့ပါတယ္။